Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြို့နယ်ဆည်ဆင်း​ရွာတိုက်ပွဲတွင်စစ်​ကောင်စီတပ်အထိနာ၍​လေ​ကြောင်းမှတိုက်ခိုက်

ဇူလိုင် ၁၄ရက်က ဖြစ်ခဲ့သော မြေပြင်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ရှမ်းနီတပ်ဖွဲ့(SNA)က ဝင်တိုက်ပေးခဲ့သည်ဟုသတင်းများထွက်ပေါ်နေသည်။တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရမှုအ​ခြေအ​နေကိုမူမသိရသေးပေ။

(စစ်​ကောင်စီတပ်ကကြည်း​ကြောင်းတိုက်ပွဲများတွင်အထိ့နာတိုင်းလေ​ကြောင်းပစ်ကူကိုအသုံးချ​လေ့ရှိသည်။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်ကကြည်း​ကြောင်းတိုက်ပွဲများတွင်အထိ့နာတိုင်းလေ​ကြောင်းပစ်ကူကိုအသုံးချ​လေ့ရှိသည်။ဓါတ်ပုံ-CJ)

ဖားကန့်မြို့နယ် ဆည်ဆင်းကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီအထိနာပြီးနောက် လေကြောင်းမှ လာရောက်တိုက်ခိုက်နေကြောင်းဒေသခံများကပြောသည်။

“ဟိုရက်က မြေပြင်တိုက်ပွဲဖြစ်ပြီးဒီနေ့မှာတော့လေကြောင်းကနေ လာတိုက်တယ်။ရွှေတွင်းလုပ်သားတွေရှိတဲ့နေရာကို လေကြောင်းကနေ လာချတာ။ ဒေသခံတွေ ပြေးလွှားနေရတယ်”ဟု ဆည်ဆင်းဒေသခံတစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်းဟုမ္မလင်းမြို့နယ်နှင့်ထိစပ်နေသည့်ဆည်ဆင်းကျေးရွာသည် ဥရုချောင်းဘေးမှ ကျေးရွာတစ်ခုဖြစ်ပြီး ရွှေတွင်းလုပ်ငန်းများစွာရှိသည်။ ဇူလိုင် ၁၄ရက်တွင်စစ်ကောင်
စီတပ်အား ကချင်လွတ်လပ်​ရေးတပ်မ​တော်-KIAနှင့်PDFပူးပေါင်းကာပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည်ဟု ဖားကန့်PDFနှင့် နီးစပ်သူတစ်ဦးက​ပြောသည်။

“ဘုရားငါးဆူရွာဘက်မှာ ရွှေတူးလုပ်သားတွေ အများကြီးရှိတယ်။ အခု ဘုရားငါးဆူရွာဘက်ကို ပစ်သွားတာ” ဟု ဒေသခံ တစ်ဦးက​ပြောသည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၁၄ရက်က ဖြစ်ခဲ့သော မြေပြင်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ရှမ်းနီတပ်ဖွဲ့(SNA)က ဝင်တိုက်ပေးခဲ့သည်ဟုသတင်းများထွက်ပေါ်နေသည်။တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရမှုအ​ခြေအ​နေကိုမူမသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

AA တပ်ဖွဲ့ဝင်​တွေကလက်နက်ခဲယမ်းနဲ့အ​လောင်း​တွေသိမ်းရ

သတင်း

စစ်တပ်ကဆယ်ချီထပ်မံသေဆုံးပြီးအင်အားဆက်တိုက်ဖြည့်နေ

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်က အောင်သပြေရွာဟောင်းအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၆ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနရဲ့ ဩဂုတ် ၁၂ရက် သတင်းဖော်ပြချက်မှာ အသိပေးထားပါတယ်။