Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်မြို့နယ်ဆည်ဆင်း​ရွာတိုက်ပွဲတွင်စစ်​ကောင်စီတပ်အထိနာ၍​လေ​ကြောင်းမှတိုက်ခိုက်

ဇူလိုင် ၁၄ရက်က ဖြစ်ခဲ့သော မြေပြင်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ရှမ်းနီတပ်ဖွဲ့(SNA)က ဝင်တိုက်ပေးခဲ့သည်ဟုသတင်းများထွက်ပေါ်နေသည်။တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရမှုအ​ခြေအ​နေကိုမူမသိရသေးပေ။

(စစ်​ကောင်စီတပ်ကကြည်း​ကြောင်းတိုက်ပွဲများတွင်အထိ့နာတိုင်းလေ​ကြောင်းပစ်ကူကိုအသုံးချ​လေ့ရှိသည်။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်ကကြည်း​ကြောင်းတိုက်ပွဲများတွင်အထိ့နာတိုင်းလေ​ကြောင်းပစ်ကူကိုအသုံးချ​လေ့ရှိသည်။ဓါတ်ပုံ-CJ)

ဖားကန့်မြို့နယ် ဆည်ဆင်းကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီအထိနာပြီးနောက် လေကြောင်းမှ လာရောက်တိုက်ခိုက်နေကြောင်းဒေသခံများကပြောသည်။

“ဟိုရက်က မြေပြင်တိုက်ပွဲဖြစ်ပြီးဒီနေ့မှာတော့လေကြောင်းကနေ လာတိုက်တယ်။ရွှေတွင်းလုပ်သားတွေရှိတဲ့နေရာကို လေကြောင်းကနေ လာချတာ။ ဒေသခံတွေ ပြေးလွှားနေရတယ်”ဟု ဆည်ဆင်းဒေသခံတစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်းဟုမ္မလင်းမြို့နယ်နှင့်ထိစပ်နေသည့်ဆည်ဆင်းကျေးရွာသည် ဥရုချောင်းဘေးမှ ကျေးရွာတစ်ခုဖြစ်ပြီး ရွှေတွင်းလုပ်ငန်းများစွာရှိသည်။ ဇူလိုင် ၁၄ရက်တွင်စစ်ကောင်
စီတပ်အား ကချင်လွတ်လပ်​ရေးတပ်မ​တော်-KIAနှင့်PDFပူးပေါင်းကာပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည်ဟု ဖားကန့်PDFနှင့် နီးစပ်သူတစ်ဦးက​ပြောသည်။

“ဘုရားငါးဆူရွာဘက်မှာ ရွှေတူးလုပ်သားတွေ အများကြီးရှိတယ်။ အခု ဘုရားငါးဆူရွာဘက်ကို ပစ်သွားတာ” ဟု ဒေသခံ တစ်ဦးက​ပြောသည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၁၄ရက်က ဖြစ်ခဲ့သော မြေပြင်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ရှမ်းနီတပ်ဖွဲ့(SNA)က ဝင်တိုက်ပေးခဲ့သည်ဟုသတင်းများထွက်ပေါ်နေသည်။တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရမှုအ​ခြေအ​နေကိုမူမသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။