Connect with us

Hi, what are you looking for?

သတင်း

“နန်းထိုက်အောင်”စစ်ဆင်ရေးဖြင့် တနင်္သာရီတိုင်းရှိ စစ်ကောင်စီခန့် ပြည်သူ့စစ်တစ်ဦးနှင့် ရန်ကုန်တိုင်းရှိသတင်းပေးဒလန်တို့ကို ပစ်ခတ်ရှင်းလင်း

ရက်​ပေါင်း၁၀၀အတွင်း မြန်မာပြည်​တောင်ပိုင်းရှိ တနင်္သာရီ၊ မွန်၊ ပဲခူးနှင့် ရန်ကုန်တို့တွင် စစ်​ရေးပစ်မှတ် ၈၀၊ အုပ်ချုပ်​ရေးပစ်မှတ် ၂၅နှင့် စီးပွား​ရေးပစ်မှတ် ၇ခု စုစု​ပေါင်း မစ်ရှင် ၁၁၂ခု ​ဆောင် ရွက်နိုင်ခဲ့သည်ဟု ဆိုသည်။

"နန်းထိုက်အောင်"စစ်ဆင်ရေးဖြင့် တနင်္သာရီတိုင်းရှိ စစ်ကောင်စီခန့် ပြည်သူ့စစ်တစ်ဦးနှင့် ရန်ကုန်တိုင်းရှိသတင်းပေးဒလန်တို့ကို ပစ်ခတ်ရှင်းလင်း
"နန်းထိုက်အောင်"စစ်ဆင်ရေးဖြင့် တနင်္သာရီတိုင်းရှိ စစ်ကောင်စီခန့် ပြည်သူ့စစ်တစ်ဦးနှင့် ရန်ကုန်တိုင်းရှိသတင်းပေးဒလန်တို့ကို ပစ်ခတ်ရှင်းလင်း

“နန်းထိုက်အောင်”စစ်ဆင်ရေးဖြင့် တနင်္သာရီနှင့် ရန်ကုန်တိုင်းရှိ စစ်ကောင်စီခန့် ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးနှင့် သတင်းပေးဒလန်တို့ကို ပစ်ခတ်ရှင်းလင်း ခဲ့ကြောင်း စစ်ဆင်ရေးအဖွဲ့တာဝန်ခံက ပြောသည်။

တနင်္သာရီတိုင်း တုံး‌ဗျောအုပ်စု ဘုရားကုန်းရွာမှ စစ်ကောင်စီက တာဝန်ပေးထား သော ပြည်သူ့စစ်အဖွဲ့ဝင် ဦးဇူဘိုင် နှင့် ၎င်းနောက်လိုက်တစ်ဦးကို ယမန်နေ့ (ဇူလိုင် ၁၇ ရက်)ည ၇ နာရီခန့်က ကင်းတပ်ရွာလမ်းဆုံ၌ သေနတ်ဖြင့် ငါးချက်ခန့်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

“မေလကတည်းက တုံး​ဗျောအုပ်စုအနေနဲ့ ပြည်သူ့ စစ်စဖွဲ့ဖို့ စခတွေ ညွှန်ကြားတာရှိတယ်။အဲဒီမှာ အခုသတ်ခံရတဲ့သူက ဘုရားကုန်းရွာကို တာဝန်ယူပြီး စခလူမိုက်လုပ်နေတာ”ဟု တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

အလားတူ ရန်ကုန်တိုင်း တွံတေးမြို့နယ် အုန်းပင်စုရပ်ကွက်၊ ကမ်းနားကူးတို့ ဆိပ်တွင် ကွမ်းယာ ရောင်း၍ စစ်ကောင်စီကို သတင်းပေးလုပ်နေသည်ဟု အများကသတ်မှတ်ထားသည် ဇော်ထွန်း ဆိုသူကို ယနေ့ (ဇူလိုင် ၁၈ ရက်) နံနက် ၇နာရီခန့်တွင် ရှင်းလင်းခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ကလည်း “နန်းထိုက်အောင်”စစ်ဆင် ရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရွှေပြည်သာမြို့နယ် ရှိ တ/၁၅ ရပ်ကွက်မှ ရာအိမ်မှူး၊သွေး သောက်အဖွဲ့ခေါင်ဆောင်း ဝင်းနိုင်ကို ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ YGN UGA က ထုတ်ပြန်ထားသည်။

ဇူလိုင် ၁၆ ရက်က ရက်ပေါင်း ၁၀၀ ပြည့်ခဲ့သည့် “နန်းထိုက်အောင် “စစ်ဆင်းရေးအရ မစ်ရှင် ၁၁၂ ခု ဆောင်ရွက်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် သတင်းပေးထောက်တိုင် ၉၇ ဦးသေဆုံးခဲ့ကြောင်း စစ်ဆင်းရေးတာဝန်ခံက လူထုနွေဦးသို့ အသိ​ပေးသည်။

ရက်​ပေါင်း၁၀၀အတွင်း မြန်မာပြည်​တောင်ပိုင်းရှိ တနင်္သာရီ၊ မွန်၊ ပဲခူးနှင့် ရန်ကုန်တို့တွင် စစ်​ရေးပစ်မှတ် ၈၀၊ အုပ်ချုပ်​ရေးပစ်မှတ် ၂၅နှင့် စီးပွား​ရေးပစ်မှတ် ၇ခု စုစု​ပေါင်း မစ်ရှင် ၁၁၂ခု ​ဆောင် ရွက်နိုင်ခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ စစ်တပ်က ပြည်သူ့စစ်တွေနဲ့ အင်အားဖြည့်တင်းတာ၊ ဒေသခံလူငယ်တွေကို လူသစ်စုဆောင်း ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်ဆောင်နေကြောင်း ဒေသခံ သတင်းရင်းမြစ်နဲ့ ကချင်စစ်ရေးသတင်းရင်းမြစ်တို့က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်သင်တန်းအပြီး ရက္ခိုင်စစ်မြေပြင်ကို ချက်ချင်းပို့ဆောင်ခဲ့တဲ့ တပ်သားတွေထဲက တပ်သား ၂ဦးဟာ စစ်မြေပြင်က ထွက်ပြေးပြီး အာရက္ခတပ်တော်(AA)ထံ အလင်းဝင်ခဲ့ကြောင်း ကာယကံရှင် တွေက ပြောပြပါတယ်။

သတင်း

ကချင်ပြည်နယ် ပူတာအိုဒေသမှာ စစ်တပ်နဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့က လူမျိုးရေးနဲ့ဘာသာရေးအသုံးချပြီး စစ်သားစုဆောင်နေသလို ဒေသခံလူထုရဲ့စည်းလုံးမှုကွဲအောင် လှုံ့ဆော်နေတဲ့အတွက် ဆန့်ကျင်ဖို့နဲ့ ချိန်းခြောက်ခံရပါက လာရောက်ခိုလှုံကြဖို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စံချိန်တင်မိုးရွာပြီးတဲ့နောက်ဆိုးရွားတဲ့ရေဘေးကြုံတွေ့ခဲ့တဲ့တနင်္သာရီတိုင်းမှာရေ‌ဘေးကြုံပြီး ရက်သတ္တပတ်နှစ်ပတ်​ကျော်အကြာမှာပဲ အပူချိန်စံချိန်သစ်တင်ခဲ့ပါတယ်။