Connect with us

Hi, what are you looking for?

သတင်း

“နန်းထိုက်အောင်”စစ်ဆင်ရေးဖြင့် တနင်္သာရီတိုင်းရှိ စစ်ကောင်စီခန့် ပြည်သူ့စစ်တစ်ဦးနှင့် ရန်ကုန်တိုင်းရှိသတင်းပေးဒလန်တို့ကို ပစ်ခတ်ရှင်းလင်း

ရက်​ပေါင်း၁၀၀အတွင်း မြန်မာပြည်​တောင်ပိုင်းရှိ တနင်္သာရီ၊ မွန်၊ ပဲခူးနှင့် ရန်ကုန်တို့တွင် စစ်​ရေးပစ်မှတ် ၈၀၊ အုပ်ချုပ်​ရေးပစ်မှတ် ၂၅နှင့် စီးပွား​ရေးပစ်မှတ် ၇ခု စုစု​ပေါင်း မစ်ရှင် ၁၁၂ခု ​ဆောင် ရွက်နိုင်ခဲ့သည်ဟု ဆိုသည်။

"နန်းထိုက်အောင်"စစ်ဆင်ရေးဖြင့် တနင်္သာရီတိုင်းရှိ စစ်ကောင်စီခန့် ပြည်သူ့စစ်တစ်ဦးနှင့် ရန်ကုန်တိုင်းရှိသတင်းပေးဒလန်တို့ကို ပစ်ခတ်ရှင်းလင်း
"နန်းထိုက်အောင်"စစ်ဆင်ရေးဖြင့် တနင်္သာရီတိုင်းရှိ စစ်ကောင်စီခန့် ပြည်သူ့စစ်တစ်ဦးနှင့် ရန်ကုန်တိုင်းရှိသတင်းပေးဒလန်တို့ကို ပစ်ခတ်ရှင်းလင်း

“နန်းထိုက်အောင်”စစ်ဆင်ရေးဖြင့် တနင်္သာရီနှင့် ရန်ကုန်တိုင်းရှိ စစ်ကောင်စီခန့် ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးနှင့် သတင်းပေးဒလန်တို့ကို ပစ်ခတ်ရှင်းလင်း ခဲ့ကြောင်း စစ်ဆင်ရေးအဖွဲ့တာဝန်ခံက ပြောသည်။

တနင်္သာရီတိုင်း တုံး‌ဗျောအုပ်စု ဘုရားကုန်းရွာမှ စစ်ကောင်စီက တာဝန်ပေးထား သော ပြည်သူ့စစ်အဖွဲ့ဝင် ဦးဇူဘိုင် နှင့် ၎င်းနောက်လိုက်တစ်ဦးကို ယမန်နေ့ (ဇူလိုင် ၁၇ ရက်)ည ၇ နာရီခန့်က ကင်းတပ်ရွာလမ်းဆုံ၌ သေနတ်ဖြင့် ငါးချက်ခန့်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

“မေလကတည်းက တုံး​ဗျောအုပ်စုအနေနဲ့ ပြည်သူ့ စစ်စဖွဲ့ဖို့ စခတွေ ညွှန်ကြားတာရှိတယ်။အဲဒီမှာ အခုသတ်ခံရတဲ့သူက ဘုရားကုန်းရွာကို တာဝန်ယူပြီး စခလူမိုက်လုပ်နေတာ”ဟု တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

အလားတူ ရန်ကုန်တိုင်း တွံတေးမြို့နယ် အုန်းပင်စုရပ်ကွက်၊ ကမ်းနားကူးတို့ ဆိပ်တွင် ကွမ်းယာ ရောင်း၍ စစ်ကောင်စီကို သတင်းပေးလုပ်နေသည်ဟု အများကသတ်မှတ်ထားသည် ဇော်ထွန်း ဆိုသူကို ယနေ့ (ဇူလိုင် ၁၈ ရက်) နံနက် ၇နာရီခန့်တွင် ရှင်းလင်းခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ကလည်း “နန်းထိုက်အောင်”စစ်ဆင် ရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရွှေပြည်သာမြို့နယ် ရှိ တ/၁၅ ရပ်ကွက်မှ ရာအိမ်မှူး၊သွေး သောက်အဖွဲ့ခေါင်ဆောင်း ဝင်းနိုင်ကို ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ YGN UGA က ထုတ်ပြန်ထားသည်။

ဇူလိုင် ၁၆ ရက်က ရက်ပေါင်း ၁၀၀ ပြည့်ခဲ့သည့် “နန်းထိုက်အောင် “စစ်ဆင်းရေးအရ မစ်ရှင် ၁၁၂ ခု ဆောင်ရွက်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် သတင်းပေးထောက်တိုင် ၉၇ ဦးသေဆုံးခဲ့ကြောင်း စစ်ဆင်းရေးတာဝန်ခံက လူထုနွေဦးသို့ အသိ​ပေးသည်။

ရက်​ပေါင်း၁၀၀အတွင်း မြန်မာပြည်​တောင်ပိုင်းရှိ တနင်္သာရီ၊ မွန်၊ ပဲခူးနှင့် ရန်ကုန်တို့တွင် စစ်​ရေးပစ်မှတ် ၈၀၊ အုပ်ချုပ်​ရေးပစ်မှတ် ၂၅နှင့် စီးပွား​ရေးပစ်မှတ် ၇ခု စုစု​ပေါင်း မစ်ရှင် ၁၁၂ခု ​ဆောင် ရွက်နိုင်ခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့စစ်တွေအသတ်ခံရပြီးနောက် စစ်တပ်အင်အား၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုး

သတင်း

တော်လှန်ရေးတပ်တွေနဲ့ပေါင်းပြီး ဘုံရန်သူကို ဆက်တိုက်မယ်လို့ ဆာကပေါတပ်ရင်းတာဝန်ရှိသူပြော

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်က နောင်းမီရွာဒေသခံ ၄ဦးကို စစ်တပ် လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း အဲဒီအဖွဲ့က ဝန်ခံခဲ့ပေမဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ ပြန်ပေးအပ်တာမရှိဘူးလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။