Connect with us

Hi, what are you looking for?

News

စစ်ကောင်စီလက်ပါးစေများ သုတ်သင်နိုင်ရေး အမြဲကြိုးစားမည်ဟု ထားဝယ်Guerrillaအဖွဲ့ ထုတ်ပြန်

ထားဝယ်မြို့တွင် ယမန်နေ့က အကြမ်းဖက်စစ်အုပ်စုလက်ပါးစေတစ်ဦး လုပ်ကြံခံရသဖြင့် ထားဝယ်မြို့၏ရပ်ကွက်အချို့နှင့် အများပြည်သူပိုင်နေရာအချို့တွင် စစ်ကောင်စီ လက်ပါးစေများမှ အကြမ်းဖက်ဝင်ရောက်ပြီး အပြစ်မဲ့ပြည်သူများအား မတရားဖမ်းဆီးခြင်း၊ဆဲဆိုကြိမ်းမောင်းခြင်းများကို ပြုလုပ်ခဲ့ကြောင်း တပ်ပေါင်းစုသပိတ်ကော်မတီ – ထားဝယ် က ထုတ်ပြန်ခဲ့သည်။

People's Spring
People's Spring

စစ်ကောင်စီလက်ပါးစေများ၊ သတင်းပေးဒလံများကို ရှင်းလင်းသုတ်သင်နိုင်ရေးအမြဲကြိုးစားသွားမည်ဟု Guerrilla Dawei အဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်သည်။

Guerrilla Daweiသည် မြို့ပြ ပြောက်ကျား စစ်ဆင်ရေးနှင့် သတင်းပေး(ဒလံ)များအား အမြစ်ပြတ်ချေမှုန်းနိုင်ရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းငယ် တစ်ခုဖြစ် ကြောင်း၊ ဩဂုတ် ၁၁ရက်နေ့ ညနေ ပိုင်းတွင် စစ်ကောင်စီ သတင်းပေး အောင်ဇင်ဌေး(ရဲဝန်ထမ်း)ဆိုသူကို ရှင်းလင်းရန် ကြိုးစားခဲ့ရာ ကျည်ထိမှန်ခ့သော်လည်း ပစ်မှတ်သည် ကံကောင်းစွာ အသက်ရှင်နေသည်ကို သိရကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါ ပစ်မှတ်သည် ထားဝယ်မြို့အတွင်း သပိတ်စစ်ကြောင်းများ၊သပိတ်ခေါင်းဆောင် အများပြားနှင့်တော်လှန်ရေးသူရဲကောင်းများကို စစ်ကောင်စီမှ အကြမ်း ဖက်ဖြိုခွင်းခြင်းဖမ်းဆီးခြင်းများ ပြုလုပ်နိုင်ရန်ထောက် လှမ်းသတင်းပေးနေသည့်အပြင် လက်နဲ့မဲ့ ဆန္ဒပြတော်လှန်ရေး လူငယ်များကို ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးရာတွင် ပါဝင်သည့် စစ်ကောင်စီလက်ပါးစေ ဖြစ်ကြောင်း သတင်းအတိအကျရရှိ၍ သုတ်သင်ရှင်းလင်းရခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုကဲ့သို့သော စစ်ကျွန်လက်ပါးစေတို့၏ကျွန် အဖြစ် ရပ်တည်၍ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် ဒီမိုကရေစီရရှိ့ရေးအတွက် တိုက်ပွဲဝင်နေသော သူရဲကောင်းများအား ထိခိုက်ဆုံးရှုံးအောင်လုပ်ဆောင်နေသော အကြမ်းဖက်စစ်ကောင်စီကျွန်များ ၊ဒလံများ၊ပျူစောထီးအဖွဲ့များ၊မဘသများ စသည့်အဖွဲ့စည်း လူပုဂ္ဂိုလ်မှန်သမျှကို Guerrilla Dawei အဖွဲ့မှ ရှင်းလင်းသုတ်သင်နိုင်ရန် အမြဲကြိုးစားဆောင်ရွက်သွားမည်ဟု ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ထားဝယ်မြို့တွင် ယမန်နေ့က အကြမ်းဖက်စစ်အုပ်စုလက်ပါးစေတစ်ဦး လုပ်ကြံခံရသဖြင့် ထားဝယ်မြို့၏ရပ်ကွက်အချို့နှင့် အများပြည်သူပိုင်နေရာအချို့တွင် စစ်ကောင်စီ လက်ပါးစေများမှ အကြမ်းဖက်ဝင်ရောက်ပြီး အပြစ်မဲ့ပြည်သူများအား မတရားဖမ်းဆီးခြင်း၊ဆဲဆိုကြိမ်းမောင်းခြင်းများကို ပြုလုပ်ခဲ့ကြောင်း တပ်ပေါင်းစုသပိတ်ကော်မတီ – ထားဝယ် က ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ည (၇)နာရီခန့်တွင်လည်း စကစ လက်ပါးစေတစ်ဦး ထပ်မံ လုပ်ကြံခံခဲ့ရသဖြင့် ထားဝယ်မြို့အနှံ့ အိမ်စီးကားများ၊ဆိုင်ကယ်များ၊Vigo များဖြင့် ကင်းလှည့်ကာ ပြည်သူများအား ရမ်းကားလျက်ရှိကြောင်း သိရှိရ၍ အထူးဂရုစိုက်ကြရန် ပန်ကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။