Connect with us

Hi, what are you looking for?

သတင်း

ဆူဇူကီးကားထုတ်လုပ်မှုရပ်ဆိုင်း၊ ကြိုတင်မှာထား​သောကားများလွှဲအပ်ချိန်ကိုမခန့်မှန်းနိုင်ဟုကုမ္ပဏီထုတ်ပြန်

“အခုအချိန်မှာကားကုမ္ပဏီတွေလည်းဘာဆက်လုပ်ရမှန်း မသိကြဘူးဖြစ်နေတယ်။ အခုလို ပွင့်ပွင့်လင်းလင်းထုတ်ပြန်ပေးတော့ အခြေအနေတခုကို သုံးသပ်လို့ရသွားတာပေါ့”ဟု ကားဝယ်ယူရန် စရံပေးထားသူတစ်ဦးကပြောသည်။

ဆူဇူကီးကားထုတ်လုပ်မှုရပ်ဆိုင်း၊ကြိုတင်မှာထား​သောကားများလွှဲအပ်ချိန်ကိုမခန့်မှန်းနိုင်ဟုကုမ္ပဏီထုတ်ပြန်
ဆူဇူကီးကားထုတ်လုပ်မှုရပ်ဆိုင်း၊ကြိုတင်မှာထား​သောကားများလွှဲအပ်ချိန်ကိုမခန့်မှန်းနိုင်ဟုကုမ္ပဏီထုတ်ပြန်

ပြည်တွင်း၌ ဂျပန်အမှတ်တံဆိပ် Suzuki မော်တော်ကားများ တပ်ဆင်ထုတ်လုပ်မှု ရပ်ဆိုင်းထားပြီး၊ကြိုတင်မှာယူထားသည့် ကားများကို လွှဲအပ်ရန် ကြန့်ကြာနိုင်ကာ အချိန်ကာလကိုလည်း ခန့်မှန်းပြောကြားနိုင်းမရှိသောကြောင့်လည်း Suzuki ကုမ္ပဏီဖြင့် အနူးအညွှတ်တောင်းပန်​ကြောင်းထုတ်ပြန်သည်။

လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်ကြောင့် တပ်ဆင်ထုတ်လုပ်မည့် ကားအစိတ်အပိုင်းများကို ပြည်ပမှတင်သွင်းရာတွင် နှောင့်နှေးမှုများဖြစ်ပေါ်နေခြင်းကြောင့်ဖြစ်သည်ဟု Suzuki ကုမ္ပဏီထုတ်ပြန်ချက်တွင်ပါရှိသည်။

ကားထုတ်လုပ်မှုကို ရပ်ဆိုင်းသော်လည်း ကားပြုပြင်ထိန်းသိမ်းမှုများကို ဝန်ဆောင်မှုဆက်လက်ပေးမည်ဟုဆိုသည်။သို့သော်လည်း အကယ်၍ မမျှော်မှန်းနိုင်သည့်အခြေအနေများကြောင့် အဆင်မပြေမှုများ ဖြစ်ပေါ်လာခဲ့ပါလျှင်လည်း Suzuki အား နားလည်ပေးကြပါရန်နှင့် ဆက်လက်အားပေးကြပါရန် မေတ္တာရပ်ခံအပ်သည်ဟု ယနေ့ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“အခုအချိန်မှာကားကုမ္ပဏီတွေလည်းဘာဆက်လုပ်ရမှန်း မသိကြဘူးဖြစ်နေတယ်။ အခုလို ပွင့်ပွင့်လင်းလင်းထုတ်ပြန်ပေးတော့ အခြေအနေတခုကို သုံးသပ်လို့ရသွားတာပေါ့”ဟု ကားဝယ်ယူရန် စရံပေးထားသူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ဒေါ်လာစီးဆင်းမှုထိန်းချုပ်ခြင်းကြောင့်ပြည်တွင်း ကားတပ်ဆင်ထုတ်လုပ်နေသည့် ကုမ္ပဏီ ၁၁ ခုခန့်မှာ ကားထုတ်လုပ်မှုရပ်ဆိုင်းသွားခြင်းဖြစ်သည်။

ထိုထဲတွင် နာမည်ကျော်ကားကုမ္ပဏီများဖြစ်သည့် ဂျပန်ကားကုမ္ပဏီ ဆူဇူကီး (Suzuki)၊ နစ်ဆန်း Nissan၊ ကိုရီးယားကားကုမ္ပဏီ KIA၊ ဟွန်ဒိုင်း၊ အမေရိကန်အခြေစိုက် FORD ကားကုမ္ပဏီ၊ တရုတ်ကားကုမ္ပဏီများ ဖြစ် သော SouEast၊ BAIC နှင့် JETOUR စသည့် ကားကုမ္ပဏီများပါဝင်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကားတွေမှာ တံခါးကိုယ်ထည်ထဲ နစ်ဝင်သွားတဲ့ အဖွင့်အပိတ် ခလုတ် (hidden door handle)တွေ တပ်ဆင်မှုကို တရုတ်က တားမြစ်သွားမယ်လို့ သိရပါတယ်။

သတင်း

မွန်ပြည်နယ်၊မော်လမြိုင်မြို့နယ်ကနေ ပေါင်မြို့နယ်ဘက်မောင်းလာတဲ့ ရထားနဲ့ ကားတစီးတိုက်မိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

၂၀၂၄ခုနှစ်အတွင်း ကုမ္ပဏီ ၂၀,၀၀၀ ခန့်ကို စစ်ကောင်စီက ဖျက်သိမ်းခဲ့ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာနက စာရင်းများအရသိရသည်။

သတင်း

ဒေါက်တာဝင်းကျော်နှင့် ၎င်း၏ ဇနီးဖြစ်သူ ခင်ကေခိုင်တို့က ဦးဆောင်သည့် Mascots Group of Companies က အထက်ပါတရုတ်ကုမ္ပဏီများနှင့် စစ်အုပ်စုအကြား စီးပွားရေးလုပ်ဆောင်နိုင်ရန် ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးကြောင်း JFM က စုံစမ်းဖော်ထုတ်သည်။