Connect with us

Hi, what are you looking for?

သတင်း

သံတောင်မြောက်ပိုင်းတိုက်ပွဲ စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူး အပါအဝင် ၂၀ကျော်သေ

တိုက်ပွဲဖြစ်ပွားမှု၊ စစ်ကောင်စီတပ်များသေဆုံးမှု၊ ဒေသခံများထွက်ပြေး တိမ်းရှောင်ရမှု အားလုံး သည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းလိုက်ခြင်း၏ နောက်ဆက်တွဲ အကျိုးဆက် များဖြစ်သည်ဟု တပ်မဟာ(၂)တာဝန်ရှိသူက ပြောသည်။

သံတောင်မြောက်ပိုင်းတိုက်ပွဲ စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူး အပါအဝင် ၂၀ကျော်သေ
သံတောင်မြောက်ပိုင်းတိုက်ပွဲ စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူး အပါအဝင် ၂၀ကျော်သေ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၂)နယ်မြေ သံတောင်မြို့နယ် မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့်တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားခဲ့ကြောင်း တပ်မဟာ(၂) တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇူလိုင် ၁၇ရက်နှင့် ၁၈ရက်များ၌ သံတောင်မြို့နယ် မိအိကြီးဒေသ၌ ကရင်အမျိုးသားအစည်းအရုံး (KNU) ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ နှစ်ရက်ဆက်တိုက်ပွဲ ဖြစ်ခဲ့သည် ဟုဆိုသည်။

“ကျသွားတဲ့ ၂၁ဦးထဲမှာစစ်ကြောင်းမှူးတစ်ယောက်ပါသွားတယ်။ စစ်ကြောင်းမှူးကတစ်ခါတလေ တပ်ရင်းမှူးလည်း စစ်ကြောင်းမှူး ကိုင်တာပဲလေ။ တစ်ခါတလေ ဒုရင်းမှူးလည်း စစ်ကြောင်းမှူး ကိုင်တာပဲ”ဟု တပ်မဟာ(၂) တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ပွဲကြောင့် ဒေသတွင်းရှိ ကျေးရွာ ၅ရွာမှ ဒေသခံများထွက်ပြေး တိမ်းရှောင် ရကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားမှု၊ စစ်ကောင်စီတပ်များသေဆုံးမှု၊ ဒေသခံများထွက်ပြေး တိမ်းရှောင်ရမှု အားလုံး သည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းလိုက်ခြင်း၏ နောက်ဆက်တွဲ အကျိုးဆက် များဖြစ်သည်ဟု တပ်မဟာ(၂)တာဝန်ရှိသူက ပြောသည်။

“ပြောချင်တာက မင်းအောင်လှိုင်က အာဏာမသိမ်းရင် ဒါတွေမဖြစ်လာနိုင်ဘူး။ မင်းအောင်လှိုင် အုပ်စုပေါ့။ ပြောရင်တော့ ကြာအုံးမယ်။ အတိုချုံးပြောရရင် မင်းအောင်လှိုင်မှာ တာဝန်အများကြီး ရှိတယ်”ဟု ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။