Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရွှေတံဆိပ်ဆုကို ကိုက်ခဲ့လို့ တောင်းပန်ပြီး အသစ်တစ်ခု ပြန်လျော်ခဲ့ရတဲ့ မြို့တော်ဝန်

အားကစားမယ် တစ်ဦးရဲ့ အိုလံပစ် ရွှေတံဆိပ်ကို ကိုက်ခဲ့တဲ့အတွက် ဂျပန်က မြို့တော်ဝန်တစ်ဦးဟာ လူသိရှင်ကြား ပြန်တောင်းပန်ခဲ့ရပြီး ရွှေတံဆိပ် အသစ်တစ်ခုလည်း ပြန်လျော်ပေးခဲ့ရပါတယ်။

ဂျပန်မှာ ကျင်းပ ပြီးစီးခဲ့တဲ့ အိုလံပစ် ပြိုင်ပွဲကြီးမှာ ဂျပန် အမျိုးသမီး Softball အားကစား အသင်းက ရွှေတံဆိပ် ဆွတ်ခူး ရရှိခဲ့ပါတယ်။ နာဂိုယာ မြို့တော်ဝန် တာကာရှီ ကာဝါမူရာက ဆုပေးပွဲ အခမ်းအနားမှာ အားကစားမယ် တစ်ဦးရဲ့ ရွှေတံဆိပ်ကို ယူပြီး ကိုက်ကြည့်ခဲ့တာ ဖြစ်ပါတယ်။

ဒီလုပ်ရပ်အပေါ် ဝေဖန်မှုတွေ ချက်ချင်း ထွက်ပေါ်လာပြီး Covid-19 ထိန်းချုပ်ရေး စည်းမျဉ်းတွေကို ချိုးဖောက်ရာ ရောက်နေတဲ့ မြို့တော်ဝန်ရဲ့ လုပ်ရပ်အပေါ် မေးခွန်း ထုတ်လာကြပါတယ်။ တချို့ အားကစားသမားတွေကလည်း ရွှေတံဆိပ် ဆိုတာဟာ ဆွတ်ခူး ရရှိထားသူအတွက် ရတနာ တစ်ပါးဖြစ်ပြီး ဘေးလူတစ်ယောက် ကိုက်ကြည့်တာမျိုးကို ဘယ်လိုမှ နှစ်မြို့မှာ မဟုတ်ကြောင်း ထောက်ပြကြပါတယ်။

လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ ဒီကိစ္စ အတော်ကြီး လူပြောများလာတဲ့နောက် ကာဝါမူရာက သူ့ရဲ့ မှားယွင်းတဲ့ အပြုအမူအတွက် ပြန်တောင်းပန်ခဲ့သလို အားကစားမယ်ကိုလည်း ရွှေတံဆိပ် အသစ်တစ်ခု အစားထိုးပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ရွှေတံဆိပ်အတွက် သွန်းလုပ်တဲ့ ကုန်ကျစရိတ်ကို မြို့တော်ဝန်က ကျခံခဲ့ပါတယ်။

ဂျူဒို ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ရခဲ့တဲ့ နာဟီဆာ တာကာတိုက သူ့ရွှေတံဆိပ်ကိုသာ တခြားတစ်ယောက် လာကိုက်ရင် အော်ငိုမိမယ်ထင်ကြောင်း၊ သူဟာ ရွှေတံဆိပ်ကို လက်ခံရရှိပြီးချိန်မှာ အစင်းကြောင်းလေးတောင် မထင်အောင် ရွရွလေး တယုတယ ကိုင်တွယ်ခဲ့ကြောင်း Twitterမှာ ရေးသားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဓားရေးပြိုင်ပွဲမှာ ငွေတံဆိပ်ဆု ရခဲ့တဲ့ ယူကီအိုတာကလည်း မြို့တော်ဝန်ရဲ့ လုပ်ရပ်ဟာ ကျန်းမာရေး စည်းမျဉ်းတွေအရ အဆင်မပြေသလို အားကစားသမားတွေအပေါ် မလေးစားရာ ကျနေကြောင်း ပွင့်ပွင့်လင်းလင်း ဝေဖန်သွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာမှုကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေမှာ လူပေါင်း သိန်းနဲ့ချီ အရေးပေါ် ပြောင်းရွှေ့နေစေသလို လေယာဉ် ခရီးစဉ် ၅၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပါတယ်။

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။