Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်နှင့်ပျူများ၏ပူး​ပေါင်းစစ်​ကြောင်းကိုမင်းကင်းPDF ​က​စောင့်၍တိုက်ခိုက်ရာပြန်လည်ဆုတ်ခွာ

ပြီးခဲ့သည့် ဇူလိုင်လ ၃ရက်နေ့ကလည်း မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၃)ထောင်ထားသော မိုင်းမိကာ အကြမ်းဖက်စစ်သားနှစ်ဦး သေဆုံးခဲ့သေးသည်။

(မင်းကင်းပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-မင်းကင်းPDF)
(မင်းကင်းပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-မင်းကင်းPDF)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့ပေါ်မှ စစ်ကြောင်းထိုးဆင်းလာသော အကြမ်းဖက်စစ်တပ်နှင့်ပျူပူးပေါင်းစစ်ကြောင်းအား ​စောင့်၍တိုက်ခိုက်ခဲ့ရာ ပြန်လည်ဆုတ်ခွာသွားကြောင်း မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်၊ နံနက် ၉နာရီခွဲအချိန်ခန့်က မင်းကင်းမြို့တွင်တပ်စွဲထားသော အကြမ်းဖက်စစ်တပ်နှင့်ပျူ အင်အား(၅၀)ခန့်သည် မင်းကင်းမြို့နယ် နိဗ္ဗိန္ဒတောဘက်မှတဆင့် စစ်ကြောင်းထိုးလာရာ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ရင်း(၃) နှင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း MK PDF ၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

အဆိုပါတိူက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်သားများ အထိအခိုက်မရှိခဲ့ဟုဆိုသည်။

ပြည်သူ့ကာကွယ်ရေးဘက်မှအပြင်းအထန်ပစ်ခတ်မှုကြောင့် အကြမ်းဖက်စစ်သားများပြန်လည်ဆုတ်ခွာသွားပြီး လမ်းရှိပြည်သူ ၂ဦးကိုဖမ်းဆီးခေါ်ဆောင်သွားကာငွေများလုယက်၍ လူကိုပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အကြမ်းဖက်စစ်တပ်ဘက်က တပ်သားအချို့သည် တိုက်ပွဲအတွင်း နားနှင့် ပါးစပ်များအတွင်းမှ သွေးများထွက်ကာ သေဆုံးမှုများရှိနိုင်ကြောင်း MKPDFက အသိပေးသည်။

“အဲဒီနေ့ကတည်းက ဗိုလ်တစ်ကောင်ကြွတယ်လို့ ကြားတယ်။”ဟု မင်းကင်းဒေသခံတစ်ဦးက ပြောသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ​ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

ပြီးခဲ့သည့် ဇူလိုင်လ ၃ရက်နေ့ကလည်း မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၃)ထောင်ထားသော မိုင်းမိကာ အကြမ်းဖက်စစ်သားနှစ်ဦး သေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook