Connect with us

Hi, what are you looking for?

သတင်း

ကင်မွန်းခြုံရွာတိုက်ပွဲစစ်ကူသွားပြီး ပြန်လာသည့် PDF များကို ဒေသခံများက သပြေပန်းဖြင့် ကြိုဆို

စစ်ကောင်စီတပ်သားများသည် ကင်မွန်ခြုံကျေးရွာအနီး၌ နင်းမိုင်းများ ထောင်ထားခဲ့ပြီး ၂၂ ရက် နံနက်တွင် အဆိုပါကျေးရွာမှ စွန့်ခွာသွားကြကြောင်း PDF Kalay က ဖော်ပြခဲ့သည်။

ဓာတ်ပုံ - Voice of Kalay
ဓာတ်ပုံ - Voice of Kalay

စစ်ကိုင်းတိုင်း ကလေးမြို့နယ်ရှိ ကင်မွန်းခြုံကျေးရွာ တိုက်ပွဲသို့ စစ်ကူသွား ရောက်ပြီး ပြန်လာသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (PDF)များကို ဒေသခံပြည်သူများက အောင်သပြေပန်းများဖြင့် ယမန်နေ့ (ဇူလိုင် ၂၃) ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၁ရက်က ကလေးမြို့နယ် မြစ်သာမြစ် အရှေ့ဘက်ခြမ်းရှိ ကင်းမွန်းခြုံ ကျေးရွာတွင် နံနက်၁၀ နာရီမှ ညနေ ၆ နာရီအထိ တနေကုန် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီ ဘက်က ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း PDF Kalay က ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွားရာ ကင်မွန်းခြုံကျေးရွာမှ နေအိမ် ၉ လုံးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။

စစ်ကောင်စီတပ်သားများသည် ကင်မွန်ခြုံကျေးရွာအနီး၌ နင်းမိုင်းများ ထောင်ထားခဲ့ပြီး ၂၂ ရက် နံနက်တွင် အဆိုပါကျေးရွာမှ စွန့်ခွာသွားကြကြောင်း PDF Kalay က ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - Voice of Kalay
ဓာတ်ပုံ – Voice of Kalay

ကင်မွန်းခြုံကျေးရွာတိုက်ပွဲကို PDF (Kalay) တပ်ရင်း(၁) ၊ (၂) ၊ (၅) ၊ (၆) ၊ (၇) ၊ ပ.က.ဖ (ကလေး) ၊ CNDF-Vakok ၊ CDF – KKG နှင့် RKDF တို့ ညီနောင်တပ်ပေါင်းစုများ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဝင်များ ကင်မွန်းခြုံ ကျေးရွာမှ ထွက်ခွာပြီးနောက် နယ်မြေရှင်းလင်းရာ တပ်ရင်း (၂)မှ ရဲဘော်တစ်ဦး နင်းမိုင်းမိ၍ ညာဘက်ခြေတစ်ချောင်း ထိခိုက်ခဲ့ရသည်။

အဆိုပါ ကင်မွန်းခြုံကျေးရွာတိုက်ပွဲတွင် စစ်ကူအဖြစ် ပါဝင်တိုက်ခိုက်ခဲ့သော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များကို ယမန်နေ့ (ဇူလိုင် ၂၃) ၌ ပြည်သူများက ဝမ်းသာအားရ ကြိုဆိုဂုဏ်ပြုကြခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင် ၊အမှတ် (၆) တပ်ရင်း တပ်ရင်းမှူး ပုလဲမောင် ပစ်ခတ်ခံရပြီး ကျဆုံးခဲ့တဲ့ အပေါ် မိသားစုဝင်များ၊ ရဲဘော် ရဲဘက်များနဲ့ ထပ်တူ ဝမ်းနည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ထုတ်ပြန်ခဲ့ပြီး ကျူးလွန်သူ ရဲဘော်ကို ဖမ်းဆီးထားသလို မလိုလားအပ်တဲ့နောက်ဆက်တွဲတွေ မဖြစ်ဖို့ ဆောင်ရွက်နေတယ်လို့...

သတင်း

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိပြီး ကလေး-တမူးလမ်းပိုင်းမှာပါဝင်တဲ့ ဝိတုပ်ကျေးရွာတိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်ကတပ်ရင်းမှူးအပါအဝင်သေဆုံးသူ ၂၀ ထက်မနည်းရှိခဲ့ပြီးစစ်သုံ့ပန်းအချို့ကိုလည်းတော်လှန်ရေးတပ်တွေကဖမ်းမိထားတယ်လို့စုံစမ်းသိရပါတယ်။

သတင်း

မန္တလေးတိုင်းအတွင်း တိုက်ပွဲတွေမှာ PDF ရဲဘော် စစ်သုံ့ပန်းတွေကို ဖမ်းမိပါက အရှင်မထားဘဲ လည်လှီးသတ်ဖြတ်တာ၊ မီးရှို့သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့ကြောင်း အာဏာသိမ်းစစ်တပ်ရဲ့ တပ်ကြပ်ကြီး ဘုန်းမြင့်နိုင်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း တိုက်ပွဲအချို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိနာစေခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ မှတ်တမ်း ရုပ်သံကို ကချင်ဒေသ စစ်ရေးသတင်းတွေ စဉ်ဆက်မပြတ် ဖော်ပြနေတဲ့ သတင်းရင်းမြစ်အချို့က ဒီကနေ့ ဇွန် ၂၅ရက်မှာ လူမှုကွန်ရက်ကနေတဆင့် အသိပေးလာတာ တွေ့ရပါတယ်။