Connect with us

Hi, what are you looking for?

သတင်း

ဆော-ဆိပ်ဖြူလမ်းပိုင်းတွင်စစ်ကောင်စီတပ်အထိနာပြီး၊ ကင်းစခန်းကိုကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ပြန်လည်တိုက်ခိုက်ရယူ

ဒေသတွင်း PDFများအနေဖြင့် တိုက်ပွဲကာလ ရက်ရှည်စွာ တိုက်ခိုက်ခဲ့ရခြင်းကြောင့် လက်နက်ခဲယမ်း အမြောက်အများ သုံးစွဲခဲ့ရပီး ပြန်လည်ထုတ်လုပ် တပ်ဆင်နိုင်ရေး ကူညီလှူဒါန်းပေးကြရန်လည်းဆော PDFက ပြည်သူများသို့အကူအညီတောင်းခံထားသည်။

(​ဆောနှင့်​ယော​ဒေသ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-​ဆောPDF)
(​ဆောနှင့်​ယော​ဒေသ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-​ဆောPDF)

မကွေးတိုင်း၊ယောဒေသ၊ဆောမြို့နယ် ဆော-ဆိပ်ဖြူလမ်းပိုင်း၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများရှိကာအထိနာသွားကြောင်း ဆောပြည်သူ့ကာ
ကွယ်ရေးတပ် (PDF)က သတင်းထုတ်ပြန်သည်။

အဆိုပါလမ်းပိုင်းရှိ နဂါးပွက်တောင်ကုန်းတွင်ဇူလိုင် ၁၈ရက်ကတည်းက ဘန်ကာ များတူးကာ တပ်စွဲထားသော စကစ အင်အား ၁၈၀ခန့်ကို ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များ၊ မဟာမိတ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုများရှိကာ ယမန်နေ့ ဇူလိုင် ၂၃ရက်တွင် နောက်ကြောင်းပြန် ဆုတ်ခွာသွားသည်ဟု​ဖော်ပြထားသည်။

အဆိုပါ နေရာသည် ဆောမြို့နယ် PDF တပ်ရင်း တစ်ခုဖြစ်သည့် လောင်းရှည်PDF(YRPA) ၏ ကင်းစခန်းဖြစ်ပြီးPDF တပ်ပေါင်းစုမှ ပြန်လည်ရယူနိူင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

“ကားနဲ့တစ်ကြောင်း ခြေလျင်နဲ့တစ်ကြောင်း နှစ်ကြောင်း ဆုတ်သွားတယ် မနေ့ညနေတုန်းက။ ဆိပ်ဖြူကလာတဲ့တပ်တွေ။ တိုက်ပွဲတွေက ၂ရက် ၃ရက်ဆက်တိုက်ဖြစ်တာ။ ၂၁
ရက်နေ့က စဖြစ်တာ။ စဖြစ်တဲ့နေ့က ၅ယောက်သေပြီး ထိခိုက်ဒဏ်ရာရတယ်။ မိုင်းထိပြီးတော့ ။နောက်နေ့လည်း တိုက်ပွဲဖြစ်တယ်။ အထိနာတယ်လို့ပဲကြားတယ်” ဟုဆော PDFနှင့်နီးစပ်သူ တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲများအတွင်း PDF ရဲဘော်များ ထိခိုက်မှုမရှိ ဟု ထုတ်ပြန်ထားသည်။

ဒေသတွင်း PDFများအနေဖြင့် တိုက်ပွဲကာလ ရက်ရှည်စွာ တိုက်ခိုက်ခဲ့ရခြင်းကြောင့် လက်နက်ခဲယမ်း အမြောက်အများ သုံးစွဲခဲ့ရပီး ပြန်လည်ထုတ်လုပ် တပ်ဆင်နိုင်ရေး ကူညီလှူဒါန်းပေးကြရန်လည်းဆော PDFက ပြည်သူများသို့အကူအညီတောင်းခံထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းထံက လက်နက်ခဲယမ်းတချို့သိမ်းရထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်တပ်ရင်း (၁၃) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။