Connect with us

Hi, what are you looking for?

သတင်း

မတရားသေဒဏ်ချမှတ်ခံရသူများကို ပြစ်ဒဏ်စီရင်သည့် စစ်ကောင်စီ၏ လုပ်ရပ်အား ပြင်းထန်စွာ ရှုံ့ချကန့်ကွက်ကြောင်း ANPထုတ်ပြန်

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်တို့သည် မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအခြေအနေအရ ယုံကြည်ရာကို လုပ်ဆောင်နေကြသည့် နိုင်ငံရေးသမားများ ဖြစ်သည်ဟု ANPက ဆိုသည်။

ရခိုင်အမျိုးသားပါတီ(ANP)

မတရား သေဒဏ်ချမှတ်ခံရသည့် ကိုဂျင်မီ ၊ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်တို့ လေးဦးအား သေဒဏ်ပြစ်ဒဏ်စီရင်ခဲ့သည့် စစ်ကောင်စီ၏ လုပ်ရပ်သည် လုံး၀ မပြုလုပ်အပ်သည့် လုပ်ရပ်တစ်ခုကို လုပ်ဆောင်ခြင်းဖြစ်ပြီး ပြင်းပြင်းထန်ထန် ရှုံ့ချကန့်ကွက် ကြောင်း ရခိုင်အမျိုးသားပါတီ(ANP) က ထုတ်ပြန်သည်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်တို့သည် မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအခြေအနေအရ ယုံကြည်ရာကို လုပ်ဆောင်နေကြသည့် နိုင်ငံရေးသမားများ ဖြစ်သည်ဟု ANPက ဆိုသည်။

အဆိုပါ ပုဂ္ဂိုလ်လေးဦးတို့၏ သတင်းကြားရသည့်အတွက် မိသားစုဝင်များ၊ မြန်မာပြည်သူများနှင့် ထပ်တူထပ်မျှ ခံစားရပြီး အလွန်တုန်လှုပ် ခြောက်ခြားမိကြောင်း ထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာသည် တွေ့ဆုံဆွေးနွေး အဖြေရှာရမည်ဟု ယုံကြည်သောကြောင့် ယခုကဲ့သို့ ပြစ်ဒဏ်စီရင်ဆောင်ရွက်လိုက်ခြင်းသည် အငြိုးအာဃာတများ ကင်းပြီးအားလုံး ပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲ အခင်းအကျင်းသစ်သို့ သွားရန်များစွာ အနှောက်အယှက် ဖြစ်စေ သည်ဟု ရှုမြင်ကြောင်း ANPက ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။