Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မတရားသေဒဏ်ချမှတ်ခံရသူများကို ပြစ်ဒဏ်စီရင်သည့် စစ်ကောင်စီ၏ လုပ်ရပ်အား ပြင်းထန်စွာ ရှုံ့ချကန့်ကွက်ကြောင်း ANPထုတ်ပြန်

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်တို့သည် မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအခြေအနေအရ ယုံကြည်ရာကို လုပ်ဆောင်နေကြသည့် နိုင်ငံရေးသမားများ ဖြစ်သည်ဟု ANPက ဆိုသည်။

ရခိုင်အမျိုးသားပါတီ(ANP)

မတရား သေဒဏ်ချမှတ်ခံရသည့် ကိုဂျင်မီ ၊ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်တို့ လေးဦးအား သေဒဏ်ပြစ်ဒဏ်စီရင်ခဲ့သည့် စစ်ကောင်စီ၏ လုပ်ရပ်သည် လုံး၀ မပြုလုပ်အပ်သည့် လုပ်ရပ်တစ်ခုကို လုပ်ဆောင်ခြင်းဖြစ်ပြီး ပြင်းပြင်းထန်ထန် ရှုံ့ချကန့်ကွက် ကြောင်း ရခိုင်အမျိုးသားပါတီ(ANP) က ထုတ်ပြန်သည်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်တို့သည် မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအခြေအနေအရ ယုံကြည်ရာကို လုပ်ဆောင်နေကြသည့် နိုင်ငံရေးသမားများ ဖြစ်သည်ဟု ANPက ဆိုသည်။

အဆိုပါ ပုဂ္ဂိုလ်လေးဦးတို့၏ သတင်းကြားရသည့်အတွက် မိသားစုဝင်များ၊ မြန်မာပြည်သူများနှင့် ထပ်တူထပ်မျှ ခံစားရပြီး အလွန်တုန်လှုပ် ခြောက်ခြားမိကြောင်း ထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာသည် တွေ့ဆုံဆွေးနွေး အဖြေရှာရမည်ဟု ယုံကြည်သောကြောင့် ယခုကဲ့သို့ ပြစ်ဒဏ်စီရင်ဆောင်ရွက်လိုက်ခြင်းသည် အငြိုးအာဃာတများ ကင်းပြီးအားလုံး ပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲ အခင်းအကျင်းသစ်သို့ သွားရန်များစွာ အနှောက်အယှက် ဖြစ်စေ သည်ဟု ရှုမြင်ကြောင်း ANPက ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။