Connect with us

Hi, what are you looking for?

သတင်း

“နန်းထိုက်အောင်”စစ်ဆင်ရေးအဖြစ် အင်းစိန်အကျဥ်းဦးစီးဝန်ထမ်းအိမ်ရာရှိ စစ်ကောင်စီတပ်ကို ဗုံးပစ်တိုက်ခိုက်၊ စစ်ကောင်စီတပ် ရှစ်ဦးထိပြီး နှစ်ဦးသေ

ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အကျဥ်းဦးစီးဌာနဝန်ထမ်းအိမ်ရာသို့ အရေးပေါ်လူနာတင် ယာဥ်များရောက်ရှိလာပြီး စစ်ကောင်စီတပ်များ ခြေရှုပ်လျှက်ရှိကြောင်း သိရသည်။

"နန်းထိုက်အောင်"စစ်ဆင်ရေး
"နန်းထိုက်အောင်"စစ်ဆင်ရေး

“နန်းထိုက်အောင်” စစ်ဆင်ရေးအဖြစ် ရန်ကုန်မြို့ အင်းစိန်အကျဥ်းဦးစီးဌာန ဝန်ထမ်းအိမ်ရာရှိ စစ်ကောင်စီတပ်ကို ဗုံးပစ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ရှစ်ဦးထိပြီး နှစ်ဦးသေကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။

ယနေ့(ဇူလိုင် ၂၉)ညနေ ၆ နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်း ခရိုင်တပ်ခွဲ (၄)မှ ရဲဘော်များနှင့် Toxic Boys တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၎င်း တာဝန်ရှိသူက ပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်သည့်နေရာသည် ဘုရင့်နောင်လမ်းမကြီးဘေး မင်းစေတီမှတ်တိုင် မျက်နာချင်းဆိုင်ရှိ အင်းစိန်အကျဥ်းဦးစီးဌာနဝန်ထမ်း အိမ်ရာဝန်းထဲမှ စစ်ကောင်စီတပ်များ တပ်စွဲထားသည့်နေရာအား လက်ပစ်ဗုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

“၈ ယောက်ထိတယ်။ ၂ ယောက်ပွဲချင်းပြီးတယ်လို့ သတင်းရတယ်”ဟု ရန်ကုန်တိုင်းစစ်ဒေသခွဲမှ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အကျဥ်းဦးစီးဌာနဝန်ထမ်းအိမ်ရာသို့ အရေးပေါ်လူနာတင် ယာဥ်များရောက်ရှိလာပြီး စစ်ကောင်စီတပ်များ ခြေရှုပ်လျှက်ရှိကြောင်း သိရသည်။

၂၀၂၂ ဧပြီ ၈ရက်က စတင်ခဲ့သော နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးအရ ရက်ပေါင်း ၆၀အတွင်း စစ်ကောင် စီပစ်မှတ် ၉၁ ခုအား တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၈၀ ဦးထက်မနည်းသေဆုံးပြီး ၉၀ ကျော်ပြင်းထန်ဒဏ်ရာများရရှိကြောင်း စစ်ဆင်ရေးတာဝန်ခံက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ညအချိန်တွေမှာ စစ်တပ်စခန်းတွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။