Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်မှာ Covid-19 ကြောင့် ကလေးတွေ ဆေးရုံတက်နှုန်း မြင့်လာချိန် မျိုးစပ် ဗိုင်းရပ်စ်တစ်မျိုးပါ ကူးစက်နေ

ဒီမျိုးစပ် ဗိုင်းရပ်စ် ကူးစက်မှုတွေကို တက္ကဆက်စ် ပြည်နယ်မှာ အဓိက တွေ့ရှိထားပြီး တခြားပြည်နယ် တချို့ကိုပါ ပျံ့နှံ့ ရောက်ရှိနေတယ်လို့ သိရပါတယ်။

အမေရိကန်မှာ Covid-19 ရောဂါကြောင့် ဆေးရုံတက်ရတဲ့ ကလေး အရေအတွက် စံချိန်တင် မြင့်တက်လာတဲ့ အချိန်မှာပဲ မျိုးစပ် ကိုရိုနာဗိုင်းရပ်စ် အသစ် တစ်မျိုးကိုပါ ရှာတွေ့လာကြောင်း သိရပါတယ်။

အဲဒီ မျိုးစပ်ဗိုင်းရပ်စ် Covid-19 ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ်နဲ့ RSVလို့ ခေါ်တဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်စေတဲ့ ဗိုင်းရပ်စ်တစ်မျိုး ပေါင်းသွားတာပါ။ ဒီမျိုးစပ် ဗိုင်းရပ်စ် ကူးစက်မှုတွေကို တက္ကဆက်စ် ပြည်နယ်မှာ အဓိက တွေ့ရှိထားပြီး တခြားပြည်နယ် တချို့ကိုပါ ပျံ့နှံ့ ရောက်ရှိနေတယ်လို့ သိရပါတယ်။

ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ဆေးသုတေသန ပညာရှင်တွေကတော့ ဒီမျိုးစပ်ဗိုင်းရပ်စ်ရဲ့ ပြင်းထန်မှု၊ ကူးစက်နှုန်းနဲ့ တခြား အချက်အလက်တွေကို လေ့လာ ဆန်းစစ်ဖို့ ကြိုးစားနေဆဲပါ။ RSVဟာ လူကြီးတွေမှာ အဖြစ်များပြီး အအေးမိတဲ့ဆန်ဆန် ရောဂါ လက္ခဏာ အပျော့စားမျိုးတွေသာ ဖြစ်ပေါ်တတ်ပါတယ်။ ဒါပေမဲ့ အရမ်းငယ်ရွယ်တဲ့ ကလေးတွေကို ကူးစက်ရင် နမိုးနီးယားလို ရောဂါမျိုးတွေထိ နောက်ဆက်တွဲ ခံစားရနိုင်ပါတယ်။ RSVဟာ မွေးကင်းစနဲ့ ငယ်ရွယ်တဲ့ ကလေးတွေအတွက် အခန့်မသင့်ရင် အသက်အန္တရာယ်ပါ ခြိမ်းခြောက်နိုင်တယ်လို့ အမေရိကန် ရောဂါ တားဆီး ထိန်းချုပ်ရေးဌာန (CDC)က ကြေညာထားပါတယ်။

ဒါကြောင့်လည်း မျိုးစပ်ဗိုင်းရပ်စ် အသစ်ဟာ ကလေးတွေမှာ Covid-19ရဲ့ ရောဂါလက္ခဏာတွေ ပိုပြီး ပြင်းထန်လာအောင် သက်ရောက် တွန်းအားပေးမှာကို ပညာရှင်တွေက စိုးရိမ်နေတာပါ။ ဩဂုတ်လ ၄ ရက်ကနေ ၁၀ ရက်အတွင်းမှာ အမေရိကန်မှာ တစ်နေ့ကို ပျမ်းမျှ ကလေး ၂၄၆ ဦးလောက် Covid-19ရောဂါကြောင့် ဆေးရုံ ရောက်ခဲ့ကြောင်း သိရပါတယ်။ ဒါဟာ ကပ်ရောဂါ စတင်ချိန် ကတည်းက သီတင်းပတ်အလိုက် ကလေးတွေ ဆေးရုံတက်ရတာ အများဆုံး အရေအတွက်အဖြစ် စံချိန် တင်ခဲ့ပါတယ်။ တက္ကဆက်စ်ဟာ ဖလော်ရီဒါနဲ့အတူ ကလေးတွေ ဆေးရုံတက်ရတာ အများဆုံး ပြည်နယ်တွေ အနေနဲ့ ရပ်တည်နေပါတယ်။

Public Service Announcement

Public Service Announcement

ပုံမှန် အခြေအနေမှာတော့ Covid-19 ရောဂါကို ကလေးတွေက ပိုပြီး ခံနိုင်ရည် ရှိကြသလို ကူးစက်ခံရရင်လည်း ပြင်းထန်တဲ့ ရောဂါ လက္ခဏာမျိုးတွေ ပြသတာ အရမ်းနည်းပါတယ်။ ဒါပေမဲ့ လတ်တလော အမေရိကန်မှာ ပျံ့နှံ့နေတဲ့ Delta မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ဟာ ကလေးတွေမှာ ရောဂါပြင်းထန်တဲ့ နှုန်းကို မြင့်တက်လာစေတယ်လို့ ပညာရှင်တွေက သတိပေး ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။