Connect with us

Hi, what are you looking for?

သတင်း

ကလေး – တမူးလမ်းတွင် စစ်ကောင်စီယာဉ်တန်းကို မိုင်းဖြင့် အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ဟု PDF ထုတ်ပြန်

မိုင်းထိမှန်သေဆုံးသည့် အလောင်းများနှင့် ဒဏ်ရာရသူများကို ၁၂ဘီးကားပေါ်တင်၍ ကလေးဘက်သို့ ပြန်လည်မောင်းနှင်သွားကြောင်း နှင့် ကျန် စစ်ကောင်စီတပ်များက တမူးဘက်သို့ဆက်လက် ဦးတည်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ကလေး ပြည်သူ့ကာကွယ်ရေးတပ်(PDF)
ကလေး ပြည်သူ့ကာကွယ်ရေးတပ်(PDF)

▪️ယနေ့ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးခန့်သေဟု ဖော်ပြ

စစ်ကိုင်းတိုင်း ကလေးမှ တမူးမြို့ဘက်သို့ ဦးတည်မောင်းနှင်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်းဖြင့် အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်ဟု ကလေး ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။

စစ်ကား ၄စီး၊ ၁၂ဘီးကား တစ်စီးပါ ယာဉ်တန်းကို ယနေ့ (ဇူလိုင် ၃၀ရက်)နံနက် ၉နာရီခန့်တွင် (၅၆)မိုင်အနီးတွင် ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ယာဉ်တန်းများရပ်တန့်ပြီး အနီးဝန်းကျင်သို့ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့နောက် ယာဉ်များ ဆက်လက်ထွက်ခွာရာ နာရီဝက်ခန့်အကြာတွင် ဒုတိယအကြိမ် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ကားသုံးစီး ထိမှန်လဲကျသွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၀ဦးခန့် သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

နေ့လည်ပိုင်းတွင် ကလေးဘက်မှ ကားကြီး နှစ်စီး ရောက်လာပြီး ၎င်းတို့ မိုင်းထိကားများကို ဆွဲယူခြင်း၊ အလောင်းကောက်ယူခြင်းများ ပြုလုပ်ခဲ့ရာ တတိယ အကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့၍စစ်ကောင်စီတပ်သား ငါးဦး ထပ်မံသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း ကလေး PDFကဆိုသည်။

Public Service Announcement

Public Service Announcement

မိုင်းထိမှန်သေဆုံးသည့် အလောင်းများနှင့် ဒဏ်ရာရသူများကို ၁၂ဘီးကားပေါ်တင်၍ ကလေးဘက်သို့ ပြန်လည်မောင်းနှင်သွားကြောင်း နှင့် ကျန် စစ်ကောင်စီတပ်များက တမူးဘက်သို့ဆက်လက် ဦးတည်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုသို့မိုင်းဆွဲတိုက်ခိုက်ခံရသည့်စစ်ကောင်စီတပ်သည် (၅၆)မိုင်နှင်းဆီခြံအနီးမှပြည်သူ ၃ဦး၊ နေကျော်လေး အနီးလမ်းဘေးစားသောက်ဆိုင်မှပြည်သူအချို့အားဖမ်းဆီးသွားကြောင်းဖော်ပြထားသည်။

လက်ရှိ စစ်ရေးအခြေအနေများအရ ကလေး – တမူးလမ်းကို ည ၉နာရီမှ နံနက် ၅နာရီအတွင်း ဖြတ်သန်းသွားလာခြင်း လုံး၀မပြုရန် ကလေး PDFက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့