Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်မှာ BGF ကားကို KNLA တပ်မဟာ ၅ တိုက်ခိုက်

ဒီတိုက်ခိုက်မှုကြောင့် BGF ဘက်က ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။

ဖာပွန်မှာ BGF ကားကို KNLA တပ်မဟာ ၅ တိုက်ခိုက်
ဖာပွန်မှာ BGF ကားကို KNLA တပ်မဟာ ၅ တိုက်ခိုက်

ကေအဲန်ယူ-မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကမမောင်း-ကတိုင်တိကားလမ်းမပေါ်မှာ နယ်ခြားစောင့်တပ်(BGF)ရဲ့ ကားတစ်စီးကို ကရင်အမျိုးသားလွတ်မြောက်ရေတပ်တော်(KNLA)တပ်မဟာ ၅ က တိုက်ခိုက်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် BGF ဘက်က ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။

ဇူလိုင်(၂၉)ရက် မနက် ၈ နာရီခွဲအချိန်က ဖာပွန်ခရိုင် ကမမောင်း-ကတိုင်တိကားလမ်းမပေါ် ဝါသိုးခိုရွာနားမှာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)ရဲ့ ကားတစ်စီးကို KNLA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း(၁၀၂)က တပ်ဖွဲ့ဝင်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ BGF ဘက်က သုံးဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့အချိန်ကစပြီး နယ်ခြားစောင့်တပ်ဟာ အပြစ်မဲ့ပြည်သူတွေကို နေ့စဉ်နဲ့အမျှ ခြိမ်းခြောက်အကြပ်ကိုင်သလို အများပြည်သူတွေ ကူးလူးသွားလာတာတွေပိတ်ပင်တာ၊ လယ်မြေခြံတွေတွေအတွင်းကို လက်နက်ကြီးနဲ့ တမင်ရည်ရွယ်ပြီး ပစ်ခတ်နေတာတွေလုပ်ဆောင်နေတယ်လို့ တပ်မဟာ ၅ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ဖာပွန်မြို့ဆီဦးတည်စစ်ကြောင်းထိုးနေတဲ့စစ်တပ်စစ်ကြောင်းဟာဖာပွန်ခရိုင်ထဲကဆင်စွယ်ရွာမှာရောက်ရှိနေပြီဆိုတဲ့ထုတ်ပြန်ချက်ဟာမြေပြင်အခြေအနေနဲ့ကွဲလွဲနေပြီး စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးသာ ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော် ခရိုင်(ဖာပွန်ခရိုင်)ကို စစ်ကူပို့ဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ လက်နက် ၁၃လက် ရရှိခဲ့ကြောင်း KNU ဗဟိုက ဒီကနေ့ စက်တင်ဘာ ၃၀ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်မြို့က စစ်တပ်ရဲ့ ဗျူဟာစခန်းကို လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း လက်နက်ကြီးထုတ်လုပ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ Federal Revolution Force(FRF)က ဒီကနေ့ မှတ်တမ်းရုပ်သံနဲ့အတူ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Facebook