Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းမှုကြောင့် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း အခြေအနေဆိုးရွားနေပြီလို့ ILO သတိပေး

စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံရဲ့အလုပ်အကိုင် အခွင့်အလမ်းဟာ အာဏာမသိမ်းခင်က အခြေအနေတွေကိုပြောင်းပြန်ဖြစ်သွားစေတယ်လို့ ILO ဆိုပါတယ်။

ဓာတ်ပုံ- ILO
ဓာတ်ပုံ- ILO

စစ်တပ်အာဏာသိမ်းပြီး ၁၈ လကြာတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်အခွင့်အလမ်းအခြေအနေဟာ ဆိုးရွားနေပြီး အလွန်အမင်းစိုးရိမ်ဖွယ်ရာကောင်းနေတယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) က ဒီနေ့မှာ ထုတ်ပြန်သတိပေးလိုက်ပါတယ်။

“လက်ရှိလုံးပါးပါးနေတဲ့ အလုပ်အကိုင်အခြေအနေဆိုးရွားမှုတွေနဲ့ အလုပ်အကိုင် အရည်အသွေးကျဆင်းမှုဟာ အလွန်အမင်းစိုးရိမ်ဖွယ်ရာကောင်းတဲ့ အခြေအနေမှာ ရှိနေပါတယ် “မြန်မာနိုင်ငံရှိ ILO ဆက်သွယ်ညှိနှိုင်းရေးအရာရှိဖြစ်သူ Mr. Donglin Li က ပြောပါတယ်။

လက်ရှိအခြေအနေဟာ စစ်တပ်အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ် နဲ့နှိုင်းယှဉ်ရင် မြန်မာနိုင်ငံမှာ အလုပ်အကိုင် ၁ ဒဿမ ၁ သန်းနည်းပါးသွားတယ်လို့ ILO က ခန့်မှန်းထားပါတယ်။

စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်အတွင်း ကုန်ထုတ်စွမ်းအားဟာ ၈ ရာခိုင်နှုန်းအထိ ကျုံ့ဆင်းသွားပြီး ဒီနှစ် ၂၀၂၂ နှစ် ပထမ နှစ်ဝက်မှာတင် နောက်ထပ် ၂ ရာခိုင်နှုန်း ထပ်မံ ကျုံ့ဆင်းသွားပြန်တယ်လို့ ILO က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံရဲ့အလုပ်အကိုင် အခွင့်အလမ်းဟာ အာဏာမသိမ်းခင်က အခြေအနေတွေကိုပြောင်းပြန်ဖြစ်သွားစေတယ်လို့ ILO ဆိုပါတယ်။

ဒါအပြင် အလုပ်သမားအခွင့်အရေး လည်းဆိုးဆိုးရွားရွား ချိုးဖောက်ခံရမှုတွေကြုံတွေ့နေရတယ်လို့ ILO ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကနေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေထွက်ခွာသွားတာ ၊ဘဏ်လုပ်ငန်းရပ်ဆိုင်းသွားတာတွေကြောင့် စီးပွားရေးလုပ်ငန်းတွေအကြပ်အတည်းတွေ့ရသလို အလုပ်အကိုင်အခွင့်အလမ်းနည်း ကျဆင်းသွားပါတယ်။

ဒါကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံမှာ အလုပ်အကိုင်ရှာဖွေဖို့ သွားရောက်ကြတဲ့ မြန်မာတွေ နေ့စဉ်အများအပြားရှိနေပြီး လူငယ်လူရွယ်တွေဟာ ဂျပန် ၊တောင်ကိုရီးယားစတဲ့ ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်ဖို့ ထွက်ခွာနေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းမှု နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ စစ်ရေးပဋိပက္ခတွေမှာသေဆုံးသူ ၁ သိန်းကျော် ရှိလာပြီလို့ ကုလသမဂ္ဂ (UN)ရဲ့ တတိယကော်မတီအစည်းအဝေးမှာမြန်မာနိုင်ငံဆိုင်ရာ UN ကျွမ်းကျင် အရာရှိတွေကပြောကြားခဲ့ပါတယ်။

ဆောင်းပါး

တစ်နေ့လုပ်ခ ဘတ် ၄၀၀ ရတယ်ဆိုပါစို့။ အရင်က မိသားစု စားဖို့တောင် သူများဆီက ငွေချေးနေရတဲ့သူတစ်ယောက်အတွက် ဒီငွေဟာ ဘယ်လောက်တောင် အဓိပ္ပာယ်ရှိမလဲ။ ကိုယ့်ဝမ်းကိုယ် ကျောင်းနိုင်ဖို့၊ မိဘတွေရဲ့ ကျန်းမာရေးအတွက် ငွေပို့ပေးနိုင်ဖို့၊ နောက်တစ်နေ့ ဘာစားရမလဲဆိုတဲ့ စိုးရိမ်စိတ် မရှိဘဲ အိပ်ပျော်နိုင်ဖို့ဆိုတာ သူတို့အတွက် အိပ်မက်တစ်ခုလိုပါပဲ။

သတင်း

စစ်​ကောင်စီအရာရှိအချို့နဲ့နီးစပ်တဲ့​အေဂျင်စီ​တချို့ပါဝင်

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ် နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီး တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်လျက်ရှိရာ အာဏာသိမ်းပြီး ၅နှစ်ကျော်အတွင်း စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း ၅၉လုံး ထိခိုက်ပျက်စီးခဲ့ပြီး ကျောင်းသူကျောင်းသားသေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း KNU ဗဟိုက အောက်တိုဘာ ၆ရက်မှာ ထုတ်ပြန်ပါတယ်။