Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းမှုကြောင့် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း အခြေအနေဆိုးရွားနေပြီလို့ ILO သတိပေး

စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံရဲ့အလုပ်အကိုင် အခွင့်အလမ်းဟာ အာဏာမသိမ်းခင်က အခြေအနေတွေကိုပြောင်းပြန်ဖြစ်သွားစေတယ်လို့ ILO ဆိုပါတယ်။

ဓာတ်ပုံ- ILO
ဓာတ်ပုံ- ILO

စစ်တပ်အာဏာသိမ်းပြီး ၁၈ လကြာတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်အခွင့်အလမ်းအခြေအနေဟာ ဆိုးရွားနေပြီး အလွန်အမင်းစိုးရိမ်ဖွယ်ရာကောင်းနေတယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) က ဒီနေ့မှာ ထုတ်ပြန်သတိပေးလိုက်ပါတယ်။

“လက်ရှိလုံးပါးပါးနေတဲ့ အလုပ်အကိုင်အခြေအနေဆိုးရွားမှုတွေနဲ့ အလုပ်အကိုင် အရည်အသွေးကျဆင်းမှုဟာ အလွန်အမင်းစိုးရိမ်ဖွယ်ရာကောင်းတဲ့ အခြေအနေမှာ ရှိနေပါတယ် “မြန်မာနိုင်ငံရှိ ILO ဆက်သွယ်ညှိနှိုင်းရေးအရာရှိဖြစ်သူ Mr. Donglin Li က ပြောပါတယ်။

လက်ရှိအခြေအနေဟာ စစ်တပ်အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ် နဲ့နှိုင်းယှဉ်ရင် မြန်မာနိုင်ငံမှာ အလုပ်အကိုင် ၁ ဒဿမ ၁ သန်းနည်းပါးသွားတယ်လို့ ILO က ခန့်မှန်းထားပါတယ်။

စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်အတွင်း ကုန်ထုတ်စွမ်းအားဟာ ၈ ရာခိုင်နှုန်းအထိ ကျုံ့ဆင်းသွားပြီး ဒီနှစ် ၂၀၂၂ နှစ် ပထမ နှစ်ဝက်မှာတင် နောက်ထပ် ၂ ရာခိုင်နှုန်း ထပ်မံ ကျုံ့ဆင်းသွားပြန်တယ်လို့ ILO က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံရဲ့အလုပ်အကိုင် အခွင့်အလမ်းဟာ အာဏာမသိမ်းခင်က အခြေအနေတွေကိုပြောင်းပြန်ဖြစ်သွားစေတယ်လို့ ILO ဆိုပါတယ်။

ဒါအပြင် အလုပ်သမားအခွင့်အရေး လည်းဆိုးဆိုးရွားရွား ချိုးဖောက်ခံရမှုတွေကြုံတွေ့နေရတယ်လို့ ILO ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကနေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေထွက်ခွာသွားတာ ၊ဘဏ်လုပ်ငန်းရပ်ဆိုင်းသွားတာတွေကြောင့် စီးပွားရေးလုပ်ငန်းတွေအကြပ်အတည်းတွေ့ရသလို အလုပ်အကိုင်အခွင့်အလမ်းနည်း ကျဆင်းသွားပါတယ်။

ဒါကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံမှာ အလုပ်အကိုင်ရှာဖွေဖို့ သွားရောက်ကြတဲ့ မြန်မာတွေ နေ့စဉ်အများအပြားရှိနေပြီး လူငယ်လူရွယ်တွေဟာ ဂျပန် ၊တောင်ကိုရီးယားစတဲ့ ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်ဖို့ ထွက်ခွာနေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

AI ကြောင့် လူတွေ ဝင်ငွေမရှိတော့ရင် AI ဝန်ဆောင်မှုတွေကို ဘယ်သူက ဝယ်သုံးမှာလဲ ?

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

အတွေးအမြင်

"စင်ကာပူကအလုပ်သမားရှားတယ်၊ဒါပေမယ့်လူတွေကို ပိုပြီးခေါ်မယ့်အစားAI ကို အသုံးချပြီးထုတ်လုပ်မှုစွမ်းအားမြှင့်တင်မယ်"