အောက်တိုဘာ-၁၁၊၂၀၂၆။မီးအိမ်/People’s Spring
ရုရှားနိုင်ငံကို တရားမဝင်နည်းလမ်းနဲ့ အလုပ်သမားပို့ပေးမယ်ဆိုပြီး ဝန်ဆောင်ခကြိုယူကာလူစုဆောင်းထားတဲ့ အေဂျင်စီတွေထဲမှစစ်တပ်ခန့် အလုပ်သမားဝန်ကြီးဌာနရဲ့အကြီးအကဲတွေနဲ့နီးစပ်ပတ်သက်တဲ့ နာမည်ကြီးအေဂျင်စီတချို့ပါဝင်နေတယ်လို့ ပြည်ပလုပ်သားသားဈေးကွက်အကျွမ်းဝင်သူတွေနဲ သွားရောက်လုပ်ကိုင်ဖို့စုံစမ်းလေ့လာနေသူတွေက ပြောပါတယ်။
Top 1Services ကုမ္ပဏီနဲ့ တခြားအေဂျင်စီ ၂ ခုကစေလွှတ်လိုက်တဲ့ အလုပ်သမား၂၀နီးပါးဟာ ရုရှားစစ်သားစုဆောင်းရေးထဲရောက်သွားတယ်ဆိုတဲ့ သတင်းထွက်ပြီးနောက်မှာ အလားတူ လူစုဆောင်းနေတဲ့ အေဂျင်စီတွေရှိတယ်လို့ ပြည်ပထွက်ဖို့ကြိုးစားနေတဲ့အလုပ်သမားတချို့က ပြောပါတယ်။
“ရုရှားကို အောက်လမ်းကသွားရမယ်ဆိုကတည်းက စိတ်ထဲသံသယဖြစ်နေတာ။ ကိုယ်တိုင်တော့မချိတ်ဆက်ဖြစ်ဘူး။သူငယ်ချင်းတစ်ယောက်တော့ ပိုက်ဆံသွင်းလိုက်တာ၊ အခုအထိ မသွားရသေးဘူး “လို့ ပြည်ပထွက်အလုပ်လုပ်ဖို့လေ့လာနေသူတစ်ဦးက ပြောပါတယ်။

Public Service Announcement
လက်ရှိမှာတာချီလိတ်ကနေ ထိုင်းနိုင်ငံဘက်ကူးပြီး ရုရှားနိုင်ငံကို Top 1Services ကုမ္ပဏီက ပို့လိုက်တဲ့အလုပ်သမား ၁၉ ဦးကို ရုရှားစစ်တပ်ထဲပို့တာကြောင့် စစ်တပ်ထဲဝင်ဖို့ငြင်းဆန်ပြီး စစ်ကောင်စီသံရုံးကို ဆက်သွယ်အကူအညီတောင်းခံနေတယ်ဆိုတဲ့သတင်း ပြိးခဲ့တဲ့ အပတ်ကထွက်ပေါ်လာတာ ဖြစ်ပါတယ်။
မြောက်ဥက္ကလာပမြို့နယ်က Top 1Services ကုမ္ပဏီအပြင် အခြား အေဂျင်စီ ၂ခုလည်း ရုရှားကို အလုပ်သမားတွေကိုစေလွှတ်နေတယ်လို့ သတင်းထွက်နေပေမယ့် အေဂျင်စီတွေရဲ့နာမည်မသိရသေးပါဘူး။
လက်ရှိမှာ သင်္ဃန်းကျွန်းမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့အေဂျင်စီ တစ်ခုက တာချီလိတ်လမ်းကြောင်းကနေ ရုရှားပို့ဖို့အတွက် မိန်းကလေးတွေအပါအဝင် ၁ဦးကို ဝန်ဆောင်ခကျပ်သိန်း ၂၀၀လောက်ကြိုယူပြီးလူစုထားတာရှိတယ်လို့ ဖြစ်စဥ်ကိုသိရှိထားသူတွေက ပြောပါတယ်။
အဲဒီအေဂျင်စီကိုဦးဆောင်သူက မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မူလုပ်ငန်းရှင်များအသင်း (MOEAA)မှာ ထဲထဲဝင်ဝင်ပါဝင်လုပ်ဆောင်နေသလို ဂျပန်နိုင်ငံကို လုပ်သားစေလွှတ်တာနဲ့ပတ်သက်လို့ လူသိများတဲ့အေဂျင်စီတစ်ခုဖြစ်တယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီလောကမှ ဈေးကွက်ကျွမ်းကျင်သူအချို့ကပြောပါတယ်။
“ဆိုရှယ်အကောင့်မှာတော့ တခြားသူတွေကိုပုတ်ခတ်ပြီး၊သူကပဲသမာသမတ်ကျကျပို့နေသယောင်နဲ့ အလုပ်သမားတော်တော်များများလည်းသိပါတယ် “လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံကနေ ရုရှားကို ၂၀၂၅မတ်လကစပြီးပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Vista Internationalက စစ်ကောင်စီ အလုပ်ဝန်ကြီးဌာနရဲ့ပံ့ပိုးမူနဲ့ အလုပ်သမားစမ်းသပ်စေလွှတ်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
အဲဒီနှစ်ကုန်ပိုင်းမှာရုရှားကို အလုပ်သမားစေလွှတ်ဖို့အတွက် နောက်ထက်ပြည်ပအလုပ်အကိုင်အေဂျင်စီ ၄ခုကိုခွင့်ပြုခဲ့တယ်လို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနကထုတ်ပြောခဲ့ပါတယ်။ဒါပေမယ့်နောက်ဆက်တွဲသတင်းတွေကိုထုတ်ပြန်တာမရှိသေးပါဘူး။
ရုရှားနိုင်ငံကို မြန်မာလုပ်သားစေလွှတ်တာနဲ့ပတ်သက်ပြီး Vista Internationalကုမ္ပဏီက အခုနှစ် ဧပြီလကုန်ပိုင်းမှာလွှတ်ခဲ့တဲ့၂၂ဦးအပါအဝင် အဲဒီကုမ္ပဏီက ၁နှစ်နီးပါးအတွင်း လုပ်သားဦးရေ ၂၀၀လောက်တရားဝင်လွှတ်ခဲ့တယ်ဆိုတဲ့ထုတ်ပြန်ချက်တွေပဲ တွေ့ရပါတယ်။



















































