Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းပြီးနောက် ကရင်နီဒေသတိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁,၅၀၀ နီးပါးသေ

စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှု၊ မီးရှို့ဖျက်ဆီးမှုများကြောင့် ဘာသာရေးအဆောက် အဦး (၂၃)လုံး နှင့် ပြည်သူလူထု နေအိမ် ၁,၁၀၀ ကျော် မီးလောင်ပျက်ဆီးခဲ့ရကြောင်း ထုတ်ပြန် သည်။

အာဏာသိမ်းပြီးနောက် ကရင်နီဒေသတိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁,၅၀၀ နီးပါးသေ
အာဏာသိမ်းပြီးနောက် ကရင်နီဒေသတိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁,၅၀၀ နီးပါးသေ

တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၅၀နီးပါးကျဆုံးခဲ့ပြီး စစ်ကောင်စီလက်ချက်ကြောင့် ပြည်သူ ၂၅၀ကျော် အသက်ဆုံးရှုံးရ

အာဏာသိမ်းပြီးနောက် ကရင်နီဒေသ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ သေဆုံးခဲ့သည့် တပ်ဖွဲ့ဝင် ၁၅၀၀ နီးပါးရှိလာကြောင်း တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု(PKPF)က ထုတ်ပြန်သည်။

စစ်ကောင်စီတပ် အာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှ ယခုနှစ် ဇွန်လ ၃၁ရက်အထိ ကရင်နီပြည်ရှိ စစ်ရေး၊ နိုင်ငံရေးနှင့်လူ့အခွင့်အရေး အချိုးဖောက်ခံရမှုများနှင့်ပတ်သက်ပြီး PKPFက စုစည်းထားသည့် အချက်အလက်များကို ယနေ့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကရင်နီဒေသ၌ ၂၀၂၁ မေလ ၂၀ရက်မှစ၍ တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွား ခဲ့ရာ တစ်နှစ်ခွဲ ကာလအတွင်း တိုက်ပွဲ ၃၉၀ကျော်ဖြစ်ခဲ့သည်ဟု ဆိုသည်။

အာဏာသိမ်းပြီးနောက် ကရင်နီဒေသတိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁,၅၀၀ နီးပါးသေ
အာဏာသိမ်းပြီးနောက် ကရင်နီဒေသတိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁,၅၀၀ နီးပါးသေ

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင် ၁,၄၅၁ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီ ယာဉ် ၅၄ စီး ပျက်စီးခဲ့သည်ဟု ဖော်ပြထားသည်။ တစ်ဖက်တွင်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်နှင့် လက်နက်ကိုင်တပ်ဖွဲ့ဝင် ၁၄၇ ဦးကျဆုံးခဲ့ရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲများ၌ အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှု များ အကြိမ်ကြိမ် ပြုလုပ်ခဲ့ရာ စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု ၁၅၇ကြိမ် ရှိခဲ့သည်ဟု PKPFက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် အရပ်သားများကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက် မှုနှင့် ဖမ်းဆီးပစ်ခတ်သတ်ဖြတ်မှုများကြောင့် အရပ်သား ပြည်သူ ၂၅၅ဦး အသက်ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

တိုက်ပွဲများ ၊ စစ်ကောင်စီတပ်၏ ထိုးစစ်နှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံ သိန်းချီ စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး စစ်ဘေးရှောင်နေစဉ် သေဆုံးသွားသောပြည်သူ ၃၈ဦး ရှိသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှု၊ မီးရှို့ဖျက်ဆီးမှုများကြောင့် ဘာသာရေးအဆောက် အဦး (၂၃)လုံး နှင့် ပြည်သူလူထု နေအိမ် ၁,၁၀၀ ကျော် မီးလောင်ပျက်ဆီးခဲ့ရကြောင်း ထုတ်ပြန် သည်။

စစ်ကောင်စီတပ်က မတရား ဖမ်းဆီးခဲ့သူ ၂၆၀ဦး ရှိခဲ့ကြောင်းလည်း PKPFက အသိပေးထားသည်။

ကရင်နီဒေသ၌ လက်ရှိအချိန်ထိ စစ်ရေးပြင်းထန်နေပြီး စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF)များနှင့် တော်လှန်ရေးအင်အားစုများ ပူးပေါင်း၍ တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။