Connect with us

Hi, what are you looking for?

သတင်း

ပျူများကိုလက်နက်​ပေး၍ပြည်သူ့လုံခြုံရေးအဖွဲ့ အမည်ဖြင့်စစ်ကောင်စီ အစားထိုးရန်ကြိုးပမ်း​နေ

ဇူလိုင် ၃၀ရက်ကလည်းမန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှ ပျူစောထီးများကို စစ်ကောင်စီက ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့ပေး ကာ သေနတ်နှင့်ကျည်များ ပေးအပ်ခဲ့သည်ဟု Mandalay Free Press-MFPသတင်းဌာနက ဖော်ပြထားသည်။

(မန္တလေးတွင်ပျူစောထီးများကို စစ်ကောင်စီကလက်နက်ပေးအပ်နေသည့် မှတ်တမ်း)
(မန္တလေးတွင်ပျူစောထီးများကို စစ်ကောင်စီကလက်နက်ပေးအပ်နေသည့် မှတ်တမ်း)

ပျူစောထီးအဖွဲ့နှင့်မသက်ဆိုင်ကြောင်း စစ်ကောင်စီက ငြင်းဆိုနေသော်လည်း မြေပြင်တွင် ပျူစောထီးများကို ပြည်သူ့လုံခြုံရေးအဖွဲ့အမည်ဖြင့် လက်နက်များတပ်ဆင်ပေးနေသဖြင့် ပြည်သူများ ပိုမိုသတိပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

စစ်ကောင်စီကဇူလိုင် ၂၇ရက်တွင်ပြုလုပ်ခဲ့သောသတင်းစာရှင်းလင်းပွဲ၌ပျူစောထီးအဖွဲ့နှင့်ပတ်သက်၍ ၎င်းတို့မသိကြောင်းငြင်းဆိုခဲ့ပြီး မြေပြင်တွင် ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့စည်းခြင်းကို အရှိန်မြှင့်နေ​ကြောင်း တော်လှန်ရေးအင်အားစုများကသတိပေးသည်။

ဇူလိုင်လ ၂၉ရက်က ကန့်ဘလူမြို့နယ်မှပျူစောထီးခေါင်းဆောင်တစ်ဦးထံသို့ စစ်ကောင်စီတပ်က သေနတ်အလက် (၇၀)နှင့် ကျည်ဆံများ ပေးအပ်ခဲ့သည်ဟု ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။ တန့်ဆည်နှင့်ကျွန်းလှမြို့မှ ပျူစောထီးများကိုလည်း စစ်ကောင်စီကယခုရက်ပိုင်းလက်နက်များပေးနေသည်ဟု​ဒေသခံပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။

“ကန့်ဘလူရော၊ တန့်ဆည်ရော၊ ကျွန်းလှရော ပျူတွေကို ပြည်သူ့လုံခြုံရေးအဖွဲ့ဆိုပြီး စစ်ခွေးက လက်နက်တွေပေးနေပြီ။ ကျွန်တော်တို့နဲ့တိုက်ရတော့မယ်” ဟု ကန့်ဘလူမြို့နယ်အခြေစိုက် KBU Tiger Rangersပြည်သူ့ကာကွယ်ရေးအဖွဲ့မှတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၃၀ရက်ကလည်းမန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှ ပျူစောထီးများကို စစ်ကောင်စီက ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့ပေး ကာ သေနတ်နှင့်ကျည်များ ပေးအပ်ခဲ့သည်ဟု Mandalay Free Press-MFPသတင်းဌာနက ဖော်ပြထားသည်။

ပြည်သူ့လုံခြုံရေးအဖွဲ့တွင် ရဲတပ်ဖွဲ့၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ပြည်သူ့စစ်၊ ကြက်ခြေနီ၊ မီးသတ်နှင့်စစ်တပ်အားထောက်ခံသော YMBAအသင်းဝင်များစသဖြင့်ထည့်သွင်းပြီး တစ်ဖွဲ့လျှင် အဖွဲ့ဝင်(၂၀)ဦးခန့်ဖြင့် ရပ်ကွက်နှင့်ကျေးရွာအလိုက်ဖွဲ့စည်းရန် စစ်ကောင်စီကကြိုးစားနေသည်။ပြည်သူ့လုံခြုံ​ရေးဟု​သော​ခေါင်းစဥ်ဖြင့် စစ်​ကောင်စီအလိုကျ လုပ်​ပေးမည်သူများ​မွေးန်၂၀၂၂မတ်လ(၃)ရက်နေ့ကပြုလုပ်ခဲ့သည့် စစ်ကောင်စီ လုံခြုံရေးအစည်းအဝေးတွင် လျှို့ဝှက်ညွှန်ကြားခဲ့သည်ဟု ရုံးစာအထောက်အထားများထွက်ပေါ်ခဲ့သည်။

စစ်​ကောင်စီတပ်က နိုင်ငံတစ်ဝန်းတိုက်ပွဲများတွင် ​သေဆုံး ဒဏ်ရာရခဲ့​သောစစ်သားနှင့်ရဲများ၊ ပြည်သူနှင့်ပူး​ပေါင်းကာCDM ပြုလုပ်သွား​သောစစ်သားနှင့်ရဲများ ​ကြောင့်အင်အား​လျော့နည်းလာပြီး တပ်သားသစ်​ခေါ်ယူရန်ပိုခက်ခဲလာသဖြင့် ပျူ​စောထီးများ ၊ပြည်သူ့လုံခြုံ​ရေးအအဖွဲ့၊ ​သွေး​သောက်စ​သော​ခေါင်းစဥ်များနှင့် ၎င်းတို့အကျိုးစီးပွားကာကွယ်ပြီး ပြည်သူကိုဖိနှိပ်ကာ စစ်တပ်​စေခိုင်းသည့်အတိုင်းလုပ်မည့်သူများကို​​မွေးမြူ​နေခြင်းဖြစ်သည်။

ပျူစောထီးအဖွဲ့များသည် မြေပြင်တွင် ဥပဒေမဲ့လုပ်ရပ်များ ကျူးလွန်နေကြ၍ စစ်ကောင်စီက ပြည်သူ့လုံခြုံရေးအဖွဲ့ဟု အသွင်ပြောင်းရန် ကြိုးစားနေခြင်းဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကသုံးသပ်ပြောကြားသည်။ တမူးမြို့တွင် အိန္ဒိယနိုင်ငံသားနှစ်ဦးကို ပျူစောထီးအဖွဲ့ကပင်ဇူလိုင်လ ၅ရက်ကသတ်ဖြတ်ခဲ့သည်။

စစ်ကောင်စီကဖွဲ့စည်းနေသည့် ပြည်သူ့လုံခြုံရေးအဖွဲ့တွင် မပါဝင်ရန်နှင့် ပါဝင်သူများကို အကြမ်းဖက်ထောက်တိုင် စစ်ရေးပစ်မှတ်များအဖြစ် သတ်မှတ်ပြီးအရေးယူမည်ဟုအမျိုးသားညီညွတ်ရေးအစိုးရ (NUG)က အတိအလင်းကြေညာထားသည်။

ပြည်သူချင်းအကြမ်းဖက်တိုက်ခိုက်စေရန်ရည်ရွယ်ပြီး ပြည်သူ့လုံခြုံရေးအဖွဲ့အမည်ခံအကြမ်းဖက်အဖွဲ့များကို မြို့နယ်နှင့် ရပ်ကွက်၊ကျေးရွာအလိုက်စစ်ကောင်စီကဖွဲ့စည်းနေကြောင်းနှင့်ပြည်သူ့လုံခြုံရေးအဖွဲ့တွင်ပါဝင်ရန်အတင်းအကြပ်ဖိအားပေး ခိုင်းစေခံရပါက သက်ဆိုင်ရာဒေသမှ ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့များထံ သတင်းပေးပို့ရန် NUG က တိုက်တွန်းထားသည်။

ပြည်သူ့လုံခြုံရေးအဖွဲ့တွင်ပါဝင်မည့်သူများ၏ကိုယ်ရေးအချက်အလက်များနှင့် သက်သေအထောက်အထားများကိုရရှိထားကြောင်းလည်းNUGကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော် စစ်ကူတောင်းပေးနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးကျေးရွာတွေ တိုက်ခိုက်ခံနေရလို့ စစ်တပ်ကလေကြောင်းကနေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။