Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုနယ် မင်းရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ အလစ်အငိုက် တိုက်ခိုက်

စစ်ကောင်စီတပ်မှလည်း လက်နက်ကြီး၊လက်နက်ငယ်များဖြင့်အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း၊ ပြည်သူ့ရဲဘော်များ ထိခိုက်မှုမရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

ရေစကြိုနယ်
ရေစကြိုနယ်

မကွေးတိုင်း ရေစကြိုမြို့နယ် မင်းရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ညပိုင်းက တိုက်ခိုက်ခဲ့ကြောင်း ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်သည်။

ဩဂုတ် ၁ရက် ညပိုင်းက ရေစကြိုမြို့နယ် မင်းရွာ၌ တပ်စွဲထားသည့် အင်အား ၈၀ ခန့်ရှိသော ပျူစောထီးနှင့် စစ်ကောင်စီ ပူးပေါင်း တပ်များကို အလစ်အငိုက်တိုက်ခိုက်ခဲ့ရာ နာရီဝက်ကြာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့သည်ဟု ဖော်ပြထားသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်ပါးစေများ ထိခိုက်ကျဆုံး အခြေအနေကို စုံစမ်းနေဆဲဖြစ် သည်ဟုဆိုသည်။

စစ်ကောင်စီတပ်မှလည်း လက်နက်ကြီး၊လက်နက်ငယ်များဖြင့်အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း၊ ပြည်သူ့ရဲဘော်များ ထိခိုက်မှုမရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုကို သိန်းငှက်ပြောက်ကျားတပ်ဖွဲ့၊ phoenix-အထူးပြောက်ကျားတပ်ဖွဲ့ YLK ပြောက်ကျားတပ်ဖွဲ့ ၊ရဲဘော်ညီနှောင် PDF ၊ Young Fighterပြောက်ကျားတပ်ဖွဲ့တို့နှင့် အတူ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ရေစကြို PDF၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။