Connect with us

Hi, what are you looking for?

သတင်း

အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့၏ စနိုက်ပါသမားများ လက်ချက်ကြောင့် ဇူလိုင်အတွင်း စစ်ကောင်စီတပ်သား ၁၂ဦးသေ

ထို့ပြင် ဖယ်ခုံမြို့နယ် လွယ်မကူးတောင်ပေါ်တွင်တပ်စွဲထားသော ရန်သူစခန်းအား ဇူလိုင် ၁၃ရက်က စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။

ဓာတ်ပုံ - အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး
ဓာတ်ပုံ - အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး

ကရင်နီ(ကယား)ပြည်နယ်နှင့် ရှမ်း – ကယား နယ်စပ် တွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်နေသည့် အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး စနိုက်ပါ အဖွဲ့လက်ချက်ကြောင့် ဇူလိုင်အတွင်း စစ်ကောင်စီတပ်မှ ၁၂ဦး သေဆုံးခဲ့ကြောင်း ယင်းအဖွဲ့က ယနေ့ ထုတ်ပြန်သည်။

ဖရူဆိုမြို့နယ်နှင့် ဖယ်ခုံမြို့နယ်အတွင်း စစ်ဆင် ရေးများ၌ စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ဓာတ်ပုံ - အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး
ဓာတ်ပုံ – အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး

ဖရူဆိုမြို့နယ် ထီခူးတောမှာတပ်စွဲထားသော ခမရ(၄၂၈) တပ်စခန်းအား အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး စနိုက်ပါအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာဇူလိုင် ၄ရက်မှ ၂၆ရက်အတွင်း လေးကြိမ် သွားရောက် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၈ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ဖယ်ခုံမြို့နယ် လွယ်မကူးတောင်ပေါ်တွင်တပ်စွဲထားသော ရန်သူစခန်းအား ဇူလိုင် ၁၃ရက်က စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး
ဓာတ်ပုံ – အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး

ဇူလိုင် ၁၈ရက်ကလည်း မိုးဗြဲတိုက်ပွဲတွင် အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေး စနိုက်ပါ တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ကရင်နီဒေသတွင် အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ အပါအဝင် ကရင်နီလက်နက်ကိုင်တပ်များ၊ဒေသကာကွယ်ရေးတပ်များ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ကတောင်မော်ဦးရေတပ်အနီးဖြစ်တဲ့တိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူများပြားနေပြီး ဒုဗိုလ်မှူးကြီးတစ်ဦးလည်း AA ရဲ့ စနိုက်ဘာ(လက်​ဖြောင့်​သေနတ်သမားပစ်ခတ်တဲ့ကျည်)ထိမှန်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ညအချိန်တွေမှာ စစ်တပ်စခန်းတွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့က ထုတ်ပြန်ပါတယ်။