Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့၏ စနိုက်ပါသမားများ လက်ချက်ကြောင့် ဇူလိုင်အတွင်း စစ်ကောင်စီတပ်သား ၁၂ဦးသေ

ထို့ပြင် ဖယ်ခုံမြို့နယ် လွယ်မကူးတောင်ပေါ်တွင်တပ်စွဲထားသော ရန်သူစခန်းအား ဇူလိုင် ၁၃ရက်က စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။

ဓာတ်ပုံ - အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး
ဓာတ်ပုံ - အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး

ကရင်နီ(ကယား)ပြည်နယ်နှင့် ရှမ်း – ကယား နယ်စပ် တွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်နေသည့် အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး စနိုက်ပါ အဖွဲ့လက်ချက်ကြောင့် ဇူလိုင်အတွင်း စစ်ကောင်စီတပ်မှ ၁၂ဦး သေဆုံးခဲ့ကြောင်း ယင်းအဖွဲ့က ယနေ့ ထုတ်ပြန်သည်။

ဖရူဆိုမြို့နယ်နှင့် ဖယ်ခုံမြို့နယ်အတွင်း စစ်ဆင် ရေးများ၌ စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ဓာတ်ပုံ - အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး
ဓာတ်ပုံ – အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး

ဖရူဆိုမြို့နယ် ထီခူးတောမှာတပ်စွဲထားသော ခမရ(၄၂၈) တပ်စခန်းအား အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး စနိုက်ပါအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာဇူလိုင် ၄ရက်မှ ၂၆ရက်အတွင်း လေးကြိမ် သွားရောက် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၈ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ဖယ်ခုံမြို့နယ် လွယ်မကူးတောင်ပေါ်တွင်တပ်စွဲထားသော ရန်သူစခန်းအား ဇူလိုင် ၁၃ရက်က စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး
ဓာတ်ပုံ – အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး

ဇူလိုင် ၁၈ရက်ကလည်း မိုးဗြဲတိုက်ပွဲတွင် အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေး စနိုက်ပါ တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ကရင်နီဒေသတွင် အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ အပါအဝင် ကရင်နီလက်နက်ကိုင်တပ်များ၊ဒေသကာကွယ်ရေးတပ်များ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။