Connect with us

Hi, what are you looking for?

သတင်း

သထုံခရိုင်အတွင်း မည်သည့်အဖွဲ့အစည်းမဆို အုပ်ချုပ်ရေးဆိုင်ရာယန္တရားများ တည်ဆောက်ခြင်း မပြုရန် KNU ကြေညာ

“ စစ်ကောင်စီလည်း အခုပြည်သူလူထုက လက်မခံဘူး။ လက်မခံတော့ သူတို့ရဲ့ အုပ်ချုပ်ရေး ယန္တရား လည်ပတ်ဖို့ လာရောက်ဖွဲ့စည်းရင် ကျွန်တော်တို့ဘက်က ခွင့်မပြုဘူးပေါ့” ဟု KNU တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

သထုံခရိုင်အတွင်း မည်သည့်အဖွဲ့အစည်းမဆို အုပ်ချုပ်ရေးဆိုင်ရာယန္တရားများ တည်ဆောက်ခြင်း မပြုရန် KNU ကြေညာ
သထုံခရိုင်အတွင်း မည်သည့်အဖွဲ့အစည်းမဆို အုပ်ချုပ်ရေးဆိုင်ရာယန္တရားများ တည်ဆောက်ခြင်း မပြုရန် KNU ကြေညာ

မွန်ပြည်သစ်ပါတီ၊ စစ်ကောင်စီနှင့် NUGတို့အားလုံးကို ရည်ညွှန်းခြင်းဖြစ်သည် ဟု ရှင်းပြ

ကရင်အမျိုးသားအစည်းအရုံး (KNU) သထုံခရိုင်၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)တပ်မဟာ (၁) စီမံအုပ်ချုပ်မှု နယ်မြေအတွင်း မည်သည့်အဖွဲ့အစည်းမှ အုပ်ချုပ်ရေးဆိုင်ရာ ယန္တယားများ ဖွဲ့စည်းတည်ဆောက်ခြင်းများကို ခွင့်မပြုကြောင်း KNU သထုံခရိုင်က ထုတ်ပြန် ကြေညာသည်။

KNU သထုံခရိုင် တပ်မဟာ(၁) ခရိုင် အမြဲတမ်း ကော်မတီက ဩဂုတ် ၃ရက် ရက်စွဲဖြင့် ကြေညာ ချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မည်သည့်အဖွဲ့အစည်းမှ KNU ၏ စည်းမျဥ်းစည်းကမ်းနှင့် မကိုက်ညီသည့် စည်းရုံးဖွဲ့စည်းခြင်း များကို ခွင့်မပြုကြောင်း၊ မည်သည့်အဖွဲ့အစည်းမှ ပြည်သူလူထုအပေါ် နိုင်ငံရေးဆိုင်ရာ ဝိဝါဒ ကွဲပြားစရာများဖြစ်ပေါ်စေခြင်း၊ နားလည်မှု ကွဲလွဲဖြစ်ပေါ်စေခြင်းနှင့် ပြည်သူလူထုများ၏ လုံခြုံမှုကို ထိခိုက်စေခြင်း၊ အခွင့်အရေးဆုံးရှုံးစေခြင်းစသည့်လုပ်ရပ်များ စည်းရုံးဖွဲ့စည်းခြင်းများကို ခွင့်မပြု ကြောင်း ဖော်ပြထားသည်။

သထုံခရိုင်အတွင်း မည်သည့်အဖွဲ့အစည်းမဆို အုပ်ချုပ်ရေးဆိုင်ရာယန္တရားများ တည်ဆောက်ခြင်း မပြုရန် KNU ကြေညာ
သထုံခရိုင်အတွင်း မည်သည့်အဖွဲ့အစည်းမဆို အုပ်ချုပ်ရေးဆိုင်ရာယန္တရားများ တည်ဆောက်ခြင်း မပြုရန် KNU ကြေညာ

KNU အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက် လျက်ရှိရာ သထုံခရိုင်အတွင်း ပြဿနာ တစ်စုံတစ်ရာ ရှိ၍ ယခုကဲ့သို့ ထုတ်ပြန်ခြင်း ဟုတ်မဟုတ် တပ်မဟာ(၁)တာဝန်ရှိသူတစ်ဦးအား မေးမြန်းရာ ၎င်းက အဆင်ပြေကြောင်း ဖြေကြားသည်။

Public Service Announcement

Public Service Announcement

“အဲဒီ ပူးပေါင်းဆောင်ရွက်မှုက အဆင်ပြေတယ်။ ဒါပေမဲ့ အဲဒီ ထုတ်ပြန် ကြေညာချက်က မည်သည့်အဖွဲ့မှ ဆိုတာပါတယ်။ အခုလက်ရှိ ကျွန်တော်တို့ KNU သထုံခရိုင် တပ်မဟာ(၁) နယ်မြေမှာ မွန်ပြည်နယ်အတွင်းမှာ တည်ရှိနေတဲ့ အဲဒီ မွန်ပြည်သစ်ပါတီတွေရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာတယ်။ သူတို့ အုပ်ချုပ်မှု ယန္တရားတွေ လာရောက်ဖွဲ့စည်းတာ လက်မခံဘူး” ဟု KNU တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

မွန်ပြည်သစ်ပါတီ(NMSP)သည် NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် ဆွေးနွေးဆက်ဆံလျက်ရှိသည့် အဖွဲ့အစည်းဖြစ်သည်။

“စစ်ကောင်စီလည်း အခုပြည်သူလူထုက လက်မခံဘူး။ လက်မခံတော့ သူတို့ရဲ့ အုပ်ချုပ်ရေး ယန္တရား လည်ပတ်ဖို့ လာရောက်ဖွဲ့စည်းရင် ကျွန်တော်တို့ဘက်က ခွင့်မပြုဘူးပေါ့” ဟု KNU တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

မည်သည့်အဖွဲ့အစည်းမဆိုဟု ထုတ်ပြန်ထားရာ လက်ရှိ အုပ်ချုပ်ရေးယန္တရားများ တည်ဆောက် နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကိုလည်း ရည်ညွှန်းခြင်းဖြစ်သည်ဟု ဆိုသည်။

KNU တပ်မဟာ(၁)နယ်မြေတွင် NUGနှင့် ညှိနှိုင်းဆောင်ရွက်မှု အခြေအနေကို မေးမြန်းရာ ၎င်းက “ညှိနှိုင်းဆောင်ရွက်တာတော့ သူတို့ အဲဒီ စစ်ကောင်စီကို ဆန့်ကျင်ပြီးတော့ ကျွန်တော်တို့ဆီမှာ လာရောက်ပြီးတော့ ခိုလှုံတယ်။ ခိုလှုံပြီးတော့ ပူးပေါင်းဆောင်ရွက်တဲ့အနေနဲ့ သူတို့ဆန့်ကျင်တဲ့ ဟာကို ပြန်တိုက်ဖို့ကတော့ ကျွန်တော်တို့ဆီမှာပဲနေပြီးတော့ ဆန့်ကျင်တိုက်ပွဲ ဝင်တာတော့ ရှိတာပေါ့” ဟု ပြောပြသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။