Connect with us

Hi, what are you looking for?

သတင်း

မြဝတီ – ဝေါ်​လေလမ်းတစ်​နေကုန်တိုက်ပွဲဖြစ်စစ်​ကောင်စီတပ်အနည်းဆုံး ၁ဦး​သေ၄ဦးဒဏ်ရာရပြီးပြန်ဆုတ်သွားဟုကော်ဘရာစစ်ကြောင်းထုတ်ပြန်

ဇွန်လကုန်တွင် ဥကရစ်ထ စစ်ကောင်စီစခန်း တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များသည်ကော်ဘရာစစ်ကြောင်းရှိရာ မြ၀တီ – ဝေါ်လေလမ်း တလျှောက် ထိုးစစ်ဆင်မှုများ မကြာခဏ ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားစွာဖြင့် ဆုတ်ခွာထွက်ပြေးရသည့် တိုက်ပွဲဖြစ်စဉ်များ မကြာခဏ ဖြစ်ခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်ထားသည်။

(​ကော်ဘရာစစ်​ကြောင်းမှတပ်ဖွဲ့ဝင်တစ်ဦး ။ဓါတ်ပုံ-Cobra Column)
(​ကော်ဘရာစစ်​ကြောင်းမှတပ်ဖွဲ့ဝင်တစ်ဦး ။ဓါတ်ပုံ-Cobra Column)

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင် မြ၀တီ -ဝေါ်လေလမ်း၌ ယနေ့တစ်​နေကုန်တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်မှအနည်းဆုံး၁ ဦးသေဆုံးပြီး ၄ဦးထက်မနည်းဒဏ်ရာရရှိကာပြန်လည်ဆုတ်ခွာသွားကြောင်း ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ယနေ့ (ဩဂုတ် ၅) ရက်နေ့ မနက် (၈)နာရီကျော်ခန့်မှ စတင်၍ မြဝတီ – ဝေါ်လေ ကားလမ်းမပေါ်ရှိ သုံးထပ်ကွေ့အနီးရှိ နေရာ တစ်ခုပေါ်သို့ တပ်မ (၄၄) လက်အောက်ခံ အကြမ်းဖက်စစ် ကောင်စီတပ်များမှ လက်နက်ကြီးများ တရစပ် ပစ်ခတ်ကာ အင်အားအလုံးအရင်းဖြင့် ကျူးကျော်ရန် ကြိုးစားလာရာ ကော်ဘရာ စစ်သည်များနှင့် တစ်နေ့လုံး တိုက်ပွဲပြင်းထန်ခဲ့သည်ဟု​ဖော်ပြထားသည်။

ညနေပိုင်းအထိတိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်ကောင်စီတပ်များ အထိအခိုက် များပြားစွာဖြင့် ပြန်လည်ဆုတ်ခွာသွားကြကြောင်း ဖော်ပြထားပြီး စစ်မြေပြင်သတင်းပေးပို့ချက်အရ အနည်းဆုံး အကြမ်းဖက်စစ်ကောင်စီ တပ်သား (၁)ဦး သေဆုံးကာ (၄)ဦးထက် မနည်း ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။ ကော်ဘရာ စစ်သည် (၂)ဦးလည်းဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

ဇွန်လကုန်တွင် ဥကရစ်ထ စစ်ကောင်စီစခန်း တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များသည်ကော်ဘရာစစ်ကြောင်းရှိရာ မြ၀တီ – ဝေါ်လေလမ်း တလျှောက် ထိုးစစ်ဆင်မှုများ မကြာခဏ ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားစွာဖြင့် ဆုတ်ခွာထွက်ပြေးရသည့် တိုက်ပွဲဖြစ်စဉ်များ မကြာခဏ ဖြစ်ခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။