Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြဝတီ – ဝေါ်​လေလမ်းတစ်​နေကုန်တိုက်ပွဲဖြစ်စစ်​ကောင်စီတပ်အနည်းဆုံး ၁ဦး​သေ၄ဦးဒဏ်ရာရပြီးပြန်ဆုတ်သွားဟုကော်ဘရာစစ်ကြောင်းထုတ်ပြန်

ဇွန်လကုန်တွင် ဥကရစ်ထ စစ်ကောင်စီစခန်း တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များသည်ကော်ဘရာစစ်ကြောင်းရှိရာ မြ၀တီ – ဝေါ်လေလမ်း တလျှောက် ထိုးစစ်ဆင်မှုများ မကြာခဏ ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားစွာဖြင့် ဆုတ်ခွာထွက်ပြေးရသည့် တိုက်ပွဲဖြစ်စဉ်များ မကြာခဏ ဖြစ်ခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်ထားသည်။

(​ကော်ဘရာစစ်​ကြောင်းမှတပ်ဖွဲ့ဝင်တစ်ဦး ။ဓါတ်ပုံ-Cobra Column)
(​ကော်ဘရာစစ်​ကြောင်းမှတပ်ဖွဲ့ဝင်တစ်ဦး ။ဓါတ်ပုံ-Cobra Column)

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင် မြ၀တီ -ဝေါ်လေလမ်း၌ ယနေ့တစ်​နေကုန်တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်မှအနည်းဆုံး၁ ဦးသေဆုံးပြီး ၄ဦးထက်မနည်းဒဏ်ရာရရှိကာပြန်လည်ဆုတ်ခွာသွားကြောင်း ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ယနေ့ (ဩဂုတ် ၅) ရက်နေ့ မနက် (၈)နာရီကျော်ခန့်မှ စတင်၍ မြဝတီ – ဝေါ်လေ ကားလမ်းမပေါ်ရှိ သုံးထပ်ကွေ့အနီးရှိ နေရာ တစ်ခုပေါ်သို့ တပ်မ (၄၄) လက်အောက်ခံ အကြမ်းဖက်စစ် ကောင်စီတပ်များမှ လက်နက်ကြီးများ တရစပ် ပစ်ခတ်ကာ အင်အားအလုံးအရင်းဖြင့် ကျူးကျော်ရန် ကြိုးစားလာရာ ကော်ဘရာ စစ်သည်များနှင့် တစ်နေ့လုံး တိုက်ပွဲပြင်းထန်ခဲ့သည်ဟု​ဖော်ပြထားသည်။

ညနေပိုင်းအထိတိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်ကောင်စီတပ်များ အထိအခိုက် များပြားစွာဖြင့် ပြန်လည်ဆုတ်ခွာသွားကြကြောင်း ဖော်ပြထားပြီး စစ်မြေပြင်သတင်းပေးပို့ချက်အရ အနည်းဆုံး အကြမ်းဖက်စစ်ကောင်စီ တပ်သား (၁)ဦး သေဆုံးကာ (၄)ဦးထက် မနည်း ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။ ကော်ဘရာ စစ်သည် (၂)ဦးလည်းဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

ဇွန်လကုန်တွင် ဥကရစ်ထ စစ်ကောင်စီစခန်း တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များသည်ကော်ဘရာစစ်ကြောင်းရှိရာ မြ၀တီ – ဝေါ်လေလမ်း တလျှောက် ထိုးစစ်ဆင်မှုများ မကြာခဏ ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားစွာဖြင့် ဆုတ်ခွာထွက်ပြေးရသည့် တိုက်ပွဲဖြစ်စဉ်များ မကြာခဏ ဖြစ်ခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းသည် ယခုရက်ပိုင်းဖြစ်ပွားနေသည့် ကော့ကရိတ် - မြဝတီအာရှလမ်းတိုက်ပွဲ၌ KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း ကော့ကရိတ်ရှိ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။