Connect with us

Hi, what are you looking for?

သတင်း

ကျောက်ထုအမြှောက်တပ်က ထွက်လာသည့် စစ်ကောင်စီတပ်ကို ကျောက်ထု PDF ခြုံခိုတိုက်ခိုက်၊ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိ

ထိတွေ့တိုက်ပွဲများ ဆက်ရှိနိုင်၍ ပြည်သူများအနေဖြင့် ကျောက်ထု – ထီးလင်းလမ်းပိုင်းအား လုံးဝ(လုံးဝ)အသုံးမပြုကြပါရန် ကျောက်ထု PDFက သတိပေးမေတ္တာရပ်ခံခဲ့သည်။

(ကျောက်ထုဒေသတွင် စစ်ရေးလှုပ်ရှားနေသော စစ်ကောင်စီယာဉ်တန်းများကို တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(ကျောက်ထုဒေသတွင် စစ်ရေးလှုပ်ရှားနေသော စစ်ကောင်စီယာဉ်တန်းများကို တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုအမြှောက်တပ်မှ ထွက်လာသည့် စစ်ကောင်စီတပ်များကို ယနေ့ (ဩဂုတ် ၅ရက်) နံနက်ပိုင်းက တိုက်ခိုက်ခဲ့ကြောင်း ကျောက်ထုပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။

အင်အား ၁၀၀ခန့်ရှိ စစ်ကောင်စီတပ်သည် ကျောက်ထု အမြှောက်တပ်မှ ခြေလျင်ထွက်လာရာ နံနက်၁၀နာရီ ခွဲခန့်တွင် ကျောက်ထု – ရွှေအောင်သာ လမ်းပိုင်းတစ်နေ၌ ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ထိုသို့ ခြုံခိုပျောက်ကြားစနစ်သုံးပြီး လက်နက်ငယ် များဖြင့် စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးပြီး ငါးဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။

အဆိုပါ စစ်ကြောင်းသည် လယ်ဆောရွာ၌ ညအိပ်မည့်အခြေအနေရှိကြောင်း၊ ယနေ့ တိုက်ခိုက်မှုအတွင်း ပြည်သူ့ရဲဘော်များ ထိခိုက်မှုမရှိ ဆုတ် ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ထိတွေ့တိုက်ပွဲများ ဆက်ရှိနိုင်၍ ပြည်သူများအနေဖြင့် ကျောက်ထု – ထီးလင်းလမ်းပိုင်းအား လုံးဝ(လုံးဝ)အသုံးမပြုကြပါရန် ကျောက်ထု PDFက သတိပေးမေတ္တာရပ်ခံခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။