Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနား အမှတ်(၃)ရဲစခန်းဂိတ်ကို ရဲဝတ်စုံဝတ်ဆင်ထားသူလေးဦးက ဝင်ရောက်တိုက်ခိုက်

“ဧရာဝတီမြစ်ဆုံဘက်သို့ သွားတဲ့လမ်းက ရဲစခန်းဂိတ် တိုက်ခိုက်ခံရတာ။ ရဲ​ွေးလေးကောင်သေတာ ကျိန်းသေတယ်”ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။

ဓါတ်ပုံ - CJ

▪️ရဲလေးဦးသေဆုံးဟု ဒေသခံပြော

မြစ်ကြီးနားမြို့မှ စစ်ကောင်စီ​၏ ဂိတ်စခန်းတစ်ခု ယနေ့(သြဂုတ် ၆ရက်) နံနက်ပိုင်းက တိုက်ခိုက်ခံရပြီး ရဲလေးဦးသေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

မြစ်ကြီးနားမြို့မှ ဧရာဝတီမြစ်ဆုံဘက်သို့ သွားသည့်လမ်းရှိ အမှတ်(၃)ရဲစခန်းဂိတ်ကို ရဲယူနီဖောင်းဝတ်ထားသူလေးဦးက နံနက် ၆ နာရီခန့်တွင် ရုတ်တရက် စီးနင်းတိုက်ခိုက်သွားခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

“ဧရာဝတီမြစ်ဆုံဘက်သို့ သွားတဲ့လမ်းက ရဲစခန်းဂိတ် တိုက်ခိုက်ခံရတာ။ ရဲ​ွေးလေးကောင်သေတာ ကျိန်းသေတယ်”ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။

မြစ်ကြီးနားမြို့မှ ဧရာဝတီမြစ်ဆုံဘက်သို့ သွားသည့်လမ်းအား စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ၍ ပိတ်ထားသည့်မှာ လအနည်းငယ်ကြာနေပြီဖြစ်သည်။ ညဖက်ဖြတ်သန်းခွင့်မပေးဘဲ နေ့စဉ် နံနက်၆နာရီမှသာ ဖြတ်သန်းခွင့်ပြုထားသည်။

Public Service Announcement

Public Service Announcement

” ဂိတ်ဖွင့်ဖွင့်ချင်း ဝင်တိုက်သွားတာ။ လေးယောက် သေတဲ့အပြင် ဒဏ်ရာရတဲ့ ရဲတွေလည်း ရှိတယ်” ဟု ယင်းဂိတ်အနီး နေထိုင်သူတစ်ဦးက ပြောသည်။

သို့သော် မည်သည့်အဖွဲ့က တိုက်ခိုက်သည်ကို မသိရသေးပေ။ ကချင်ပြည်နယ်တွင် ကချင် လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ပူးပေါင်းကာ စစ်ကောင်စီကို တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှာ ဒီနေ့ (အောက်တိုဘာလ ၂ ရက်) မနက်ပိုင်းကရွှေပန်းထိမ်ဆိုင်ကို အနုကြမ်းစီးမှုဖြစ်ပွားခဲ့ပြီး ကျုးလွန်သူလို့စွပ်စွဲခံရသူ အမျိုးသားနဲ့အမျိုးသမီးကို ဖမ်းမိခဲ့တယ်လို့ ဒေသခံအချို့ဆိကသိရပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်း-‌ ရွှေဘို- မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်က ပေါ်တာဆွဲတာတွေကြမ်းနေလို့ အခုရက်ပိုင်း တွေမှာ လူငယ်အမျိုးသား၊အမျိုးသမီးတွေ သွားလာဖို့ မသင့်သေးဘူးလို့ ကားသမားတွေက ပြောပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

Facebook