Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

NUG ယာယီသမ္မတက ကာကွယ်ရေးဝန်ကြီးအားစစ်တရားရုံးချုပ်နှင့် အကျဉ်းစစ် တရားရုံးချုပ်ဖွဲ့စည်းခွင့် အာဏာအပ်နှင်း

ထိုသို့အပ်နှင်းခံလိုက်ရသည့် ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး အနေဖြင့် အဆိုပါ စစ်တရားရုံးချုပ်နှင့် အကျဉ်းစစ်တရားရုံးချုပ်ဖွဲ့စည်းခွင့်အာဏာကို အရာရှိတစ်ဦးဦးသို့ အမိန့်စာနှင့်လွှဲအပ်နိုင်ကြောင်းလည်းဖော်ပြထားသည်။

NUG ယာယီသမ္မတက ကာကွယ်ရေးဝန်ကြီးအား စစ်တရားရုံးချုပ်နှင့် အကျဉ်းစစ် တရားရုံးချုပ်ဖွဲ့စည်းခွင့် အာဏာအပ်နှင်း
NUG ယာယီသမ္မတက ကာကွယ်ရေးဝန်ကြီးအား စစ်တရားရုံးချုပ်နှင့် အကျဉ်းစစ် တရားရုံးချုပ်ဖွဲ့စည်းခွင့် အာဏာအပ်နှင်း

ပြည်သူ့ လုံခြုံရေး နှင့် ကာကွယ်ရေးကောင်စီ၏ ဇူလိုင် ၃၀ရက် အစည်းအဝေးဆုံးဖြတ်ချက်အရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးထံ စစ်တရားရုံးချုပ်နှင့်အကျဉ်းစစ် တရားရုံးချုပ် ဖွဲ့စည်းခွင့် အာဏာကို အပ်နှင်းလိုက်ကြောင်းပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေး ကောင်စီ ဥက္ကဋ္ဌ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလကထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့အပ်နှင်းခံလိုက်ရသည့် ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး အနေဖြင့် အဆိုပါ စစ်တရားရုံးချုပ်နှင့် အကျဉ်းစစ်တရားရုံးချုပ်ဖွဲ့စည်းခွင့်အာဏာကို အရာရှိတစ်ဦးဦးသို့ အမိန့်စာနှင့်လွှဲအပ်နိုင်ကြောင်းလည်းဖော်ပြထားသည်။

ယခုကဲ့သို့ စစ်တရားရုံးချုပ်နှင့် အကျဉ်းစစ်တရားရုံးချုပ်ဖွဲ့စည်းခွင့်အာဏာ အပ်နှင်းလိုက်ခြင်းသည်ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့်စစ်ဘက်ရေးရာအမှုများကိုကိုင်တွယ် ဆောင်ရွက်ရန် အတွက်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့ဝင်တစ်ဦးကမှတ်ချက်ကြုသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။