Connect with us

Hi, what are you looking for?

သတင်း

NUG ယာယီသမ္မတက ကာကွယ်ရေးဝန်ကြီးအားစစ်တရားရုံးချုပ်နှင့် အကျဉ်းစစ် တရားရုံးချုပ်ဖွဲ့စည်းခွင့် အာဏာအပ်နှင်း

ထိုသို့အပ်နှင်းခံလိုက်ရသည့် ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး အနေဖြင့် အဆိုပါ စစ်တရားရုံးချုပ်နှင့် အကျဉ်းစစ်တရားရုံးချုပ်ဖွဲ့စည်းခွင့်အာဏာကို အရာရှိတစ်ဦးဦးသို့ အမိန့်စာနှင့်လွှဲအပ်နိုင်ကြောင်းလည်းဖော်ပြထားသည်။

NUG ယာယီသမ္မတက ကာကွယ်ရေးဝန်ကြီးအား စစ်တရားရုံးချုပ်နှင့် အကျဉ်းစစ် တရားရုံးချုပ်ဖွဲ့စည်းခွင့် အာဏာအပ်နှင်း
NUG ယာယီသမ္မတက ကာကွယ်ရေးဝန်ကြီးအား စစ်တရားရုံးချုပ်နှင့် အကျဉ်းစစ် တရားရုံးချုပ်ဖွဲ့စည်းခွင့် အာဏာအပ်နှင်း

ပြည်သူ့ လုံခြုံရေး နှင့် ကာကွယ်ရေးကောင်စီ၏ ဇူလိုင် ၃၀ရက် အစည်းအဝေးဆုံးဖြတ်ချက်အရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးထံ စစ်တရားရုံးချုပ်နှင့်အကျဉ်းစစ် တရားရုံးချုပ် ဖွဲ့စည်းခွင့် အာဏာကို အပ်နှင်းလိုက်ကြောင်းပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေး ကောင်စီ ဥက္ကဋ္ဌ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလကထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့အပ်နှင်းခံလိုက်ရသည့် ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး အနေဖြင့် အဆိုပါ စစ်တရားရုံးချုပ်နှင့် အကျဉ်းစစ်တရားရုံးချုပ်ဖွဲ့စည်းခွင့်အာဏာကို အရာရှိတစ်ဦးဦးသို့ အမိန့်စာနှင့်လွှဲအပ်နိုင်ကြောင်းလည်းဖော်ပြထားသည်။

ယခုကဲ့သို့ စစ်တရားရုံးချုပ်နှင့် အကျဉ်းစစ်တရားရုံးချုပ်ဖွဲ့စည်းခွင့်အာဏာ အပ်နှင်းလိုက်ခြင်းသည်ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့်စစ်ဘက်ရေးရာအမှုများကိုကိုင်တွယ် ဆောင်ရွက်ရန် အတွက်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့ဝင်တစ်ဦးကမှတ်ချက်ကြုသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။