Connect with us

Hi, what are you looking for?

သတင်း

အရာတော်နယ်ရှိ ရွာသုံးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ကြောင်းဖြင့် အကြမ်းဖက်ဝင်ရောင်နေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ

အရာတော်မြို့နယ် မင်းရွာကြီးအနီးတွင် သြဂုတ် ၄ရက်မှ သြဂုတ် ၆ရက်အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၂၀ ဦးထိ သေဆုံးခဲ့သည်ဟုBurmese Revolutionary Technical Front- BRTFက သတင်းထုတ်ပြန်ထားသည်။

(အရာတော် လူထုသပိတ်များကို လုံခြုံရေးပေးနေသည့် ပြည်သူ့ကာကွယ်ရေးရဲဘော်များအား တွေ့ရစဉ်)
(အရာတော် လူထုသပိတ်များကို လုံခြုံရေးပေးနေသည့် ပြည်သူ့ကာကွယ်ရေးရဲဘော်များအား တွေ့ရစဉ်)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်ရှိ ကျေးရွာသုံးရွာကို စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်းနှစ်ကြောင်းဖြင့် တစ်ပြိုက်နက်အကြမ်းဖက်ဝင်ရောင်နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်သည်။

အရာတော်မြို့နယ်ရှိ ခင်သာ၊ရှောက်ခါးရွာ နှင့် ကောင်းသစ်ကျေးရွာကို ယနေ့( ဩဂုတ်၇ရက်) နေ့လည် ၁နာရီခန့်မှစတင်ကာ စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းဖြင့် တပြိုင်နက်ဝင်ရောက်နေခြင်းဖြစ်သည်။

ယမန်‌နေ့(သြဂုတ် ၆ရက်)ကလည်း အရာတော်မြို့နယ် ဘောင်းကျရွာကို စစ်ကြောင်းထိုးခဲ့သည့် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့သည် ခင်သာနှင့် ရှောက်ခါး ကျေးရွာသို့ ဝင်ရောက်နေပြီး တချိန်တည်းတွင် ဟင်္သာရွာမှ စစ်ကောင်စီတပ်ဖွဲ့များက ကောင်းသစ်ကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လျက်ရှိကြောင်း အရာတော်ပို့စ်က ထုတ်ပြန်ထားသည်။

(အရာတော် လူထုသပိတ်များကို လုံခြုံရေးပေးနေသည့် ပြည်သူ့ကာကွယ်ရေးရဲဘော်များအား တွေ့ရစဉ်)
(အရာတော် လူထုသပိတ်များကို လုံခြုံရေးပေးနေသည့် ပြည်သူ့ကာကွယ်ရေးရဲဘော်များအား တွေ့ရစဉ်)

အရာတော်ပို့စ်သည် ဒေသတွင်း ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းထုတ်ပြန်ရေးဌာန ဖြစ်သည်။

Public Service Announcement

Public Service Announcement

” စစ်ကိုင်းတိုင်းထဲက မြို့နယ်တော်တော်များများကို စစ်ကောင်စီက တစ်ပြိုင်နက် တိုက်ခိုက်နေတဲ့ သဘောရှိတယ်။ ဒီရက်ထဲတင် အရာတော်၊ မင်းကင်း၊ ဒီပဲယင်းနယ်တွေကို လေကြောင်းရော မြေပြင်ကပါ ထိုးစစ်ဆင်နေတယ်”ဟု ဒီပဲယင်းမြို့အ​ခြေစိုက် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီက အကြမ်းဖက်တိုက်ခိုက်နေ၍ အရပ်သားပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးနေရသလို စစ်ကောင်စီတပ်လည်း အထိနာနေသည်။

အရာတော်မြို့နယ် မင်းရွာကြီးအနီးတွင် သြဂုတ် ၄ရက်မှ သြဂုတ် ၆ရက်အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၂၀ ဦးထိ သေဆုံးခဲ့သည်ဟုBurmese Revolutionary Technical Front- BRTFက သတင်းထုတ်ပြန်ထားသည်။

မင်းရွာကြီးအနီးတိုက်‌ပွဲတွင် ပြည်သူ့ကာကွယ် ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။