Connect with us

Hi, what are you looking for?

သတင်း

တောင်ကိုရီးယားရှိ မြို့ ၅ မြို့တွင် ရှစ်လေးလုံးအရေးတော်ပုံ အခမ်းအနားနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားများပြုလုပ်

ဆူဝန်၊ ဂွမ်ဂျူး၊ အူလ်ဆန်း၊ အန်းဒုန်၊ ဘူဆန်းနှင့် ဘူဖျောင်းမြို့များတွင် မြန်မာ့အရေး အားပေး ထောက်ခံသော တောင်ကိုရီးယား အရပ်ဘက် အဖွဲ့အစည်းများနှင့် တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားများ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

▪️NUG ဦးဆောင်မှုဖြင့် ရှစ်လေးလုံးအရေးတော်ပုံကြီး၏ ရည်မှန်းချက်များ ပြီးမြောက်အောင်မြင်သည်အထိ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု သန္နိဌာန်ပြု

တောင်ကိုရီးယားရှိ မြို့ ၅ မြို့တွင် ရှစ်လေးလုံးအရေးတော်ပုံ ၃၄ နှစ်မြောက် အခမ်းအနားနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားများယနေ့ပြုလုပ်ခဲ့ကြောင်း NUG ကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်သည်။

ဆူဝန်၊ ဂွမ်ဂျူး၊ အူလ်ဆန်း၊ အန်းဒုန်၊ ဘူဆန်းနှင့် ဘူဖျောင်းမြို့များတွင် မြန်မာ့အရေး အားပေး ထောက်ခံသော တောင်ကိုရီးယား အရပ်ဘက် အဖွဲ့အစည်းများနှင့် တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားများ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

တောင်ကိုရီးယားရှိ မြို့ ၅ မြို့တွင် ရှစ်လေးလုံးအရေးတော်ပုံ အခမ်းအနားနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားများပြုလုပ်
တောင်ကိုရီးယားရှိ မြို့ ၅ မြို့တွင် ရှစ်လေးလုံးအရေးတော်ပုံ အခမ်းအနားနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားများပြုလုပ်

ဘူဖျောင်းမြို့တွင် ကျင်းပသည့် ၈၈၈၈ အရေးတော်ပုံ အခမ်းအနားကို ကိုရီးယားနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးက ဦးဆောင်ကာ မြန်မာအဖွဲ့အစည်းများ ပူးပေါင်းကျင်းပခဲ့ပြီး ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်၊ NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာလျန်းမှုန်းဆာခေါင်း၊ ၈၈မျိုးဆက်( ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ မနီလာသိန်း၊ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းတို့က မိန့်ခွန်းပြောကြားသည်။

ထို့အပြင် ကိုရီးယားရောက် မြန်မာနိုင်ငံသားတိုင်းရင်းသားညီအကိုမောင်နှမများက ၃၄ နှစ်​ပြည့် ၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံအတွက် ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

တောင်ကိုရီးယားရှိ မြို့ ၅ မြို့တွင် ရှစ်လေးလုံးအရေးတော်ပုံ အခမ်းအနားနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားများပြုလုပ်
တောင်ကိုရီးယားရှိ မြို့ ၅ မြို့တွင် ရှစ်လေးလုံးအရေးတော်ပုံ အခမ်းအနားနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားများပြုလုပ်

ယင်းထုတ်ပြန်ချက်တွင် ရှစ်လေးလုံးအရေးတော်ပုံကြီးမှ စတင်ပြီး ယနေ့ နွေဦးတော်လှန်ရေးအထိ ဒီမိုကရေစီရေး တိုက်ပွဲကာလ တလျှောက် အသက်ပေးလှူသွားကြသည့် ရဟန်း ရှင်လူ၊ ကျောင်းသား ၊ ပြည်သူ အာဇာနည်အပေါင်းကို ဂုဏ်ယူလေးစားစွာ ဦးညွှတ် အလေးပြုကြောင်း ဖော်ပြသည်။

ယနေ့ ရင်ဆိုင်နေရသည့် အထွေထွေ အကြပ်အတည်း ပေါင်းစုံဖြစ်သည့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု ဖေါ်ဆောင်နိုင်ရေး၊ တရား ဥပဒေစိုးမိုးရေး၊ စီးပွားရေး၊ လူ့အခွင့်အရေး စသည့် အခြေအနေ အရပ်ရပ်များအတွက် ကောင်းမွန်သည့် အုပ်ချုပ်မှု စနစ်တရပ်ကို အကောင်အထည်ဖေါ်နိုင်ရန် အမျိုးသားညီညွတ်ရေး အတိုင်အပင်ခံ ကောင်စီ(NUCC)၏ လမ်းညွှန်မှု၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ဦးဆောင်မှုအောက်တွင် တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးက စည်းလုံးညီညွတ်စွာ အတူတကွ ကြိုးပမ်းဆောင်ရွက် ရေး တိုက်တွန်းသည်။

တောင်ကိုရီးယားရှိ မြို့ ၅ မြို့တွင် ရှစ်လေးလုံးအရေးတော်ပုံ အခမ်းအနားနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားများပြုလုပ်
တောင်ကိုရီးယားရှိ မြို့ ၅ မြို့တွင် ရှစ်လေးလုံးအရေးတော်ပုံ အခမ်းအနားနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားများပြုလုပ်

ယင်းနောက် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီစနစ် ရှင်သန်ရေး၊ တန်းတူမှုနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်တို့ကို အာမခံသော စစ်မှန်သည့် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုကြီး ပီပြင်စွာ ပေါ်ထွန်းလာပြီး တိုင်းရင်းသားပေါင်းစုံပြည်သူတရပ်လုံး၏ အခြေခံအခွင့်အရေးများကို နိုင်ငံတကာ စံချိန်စံနှုန်းများနှင့်အညီ အပြည့်အ၀ ရရှိခံစားနိုင်ရန်အတွက် ရှစ်လေးလုံးစိတ်ဓါတ်ကို အခြေပြု ကြိုးပမ်းသွားကြရန် အထူးလိုအပ်ကြောင်း ထုတ်ပြန်သည်။

တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသား တိုင်းရင်းသားညီအကိုမောင်နှမများအနေဖြင့် NUGကို အတူတကွ ထောက်ခံပံ့ပိုး ဝန်းရံကာ NUG ၏ ဦးဆောင်မှုကို အလေးအနက်ခံယူ၍ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး၏ ရည်မှန်းချက်များ ပြီးမြောက်အောင်မြင်သည်အထိ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေးနက် တည်ကြည်စွာ သန္နိဌာန်ပြုထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။