Connect with us

Hi, what are you looking for?

သတင်း

မတူပီနယ် ဇိုတုန်ဒေသသို့ စစ်ကောင်စီတပ်ရောက်လာ၍ ရွာ ၁၁ရွာမှဒေသခံ ၂,၅၀၀ခန့် ထွက်ပြေးတိမ်းရှောင်နေရ

မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များအတွက် နေရာထိုင်ခင်း၊ သွားရေးလာရေး၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်အကူအညီ လိုအပ်လျက်‌ရှိ‌ကြောင်းလည်း CDF-ဇိုတုန်က အသိပေထားသည်။

စစ်ဘေးရှောင်ဒေသခံများအားတွေ့ရစဥ်၊ ဓာတ်ပုံ - The Chin Journal
စစ်ဘေးရှောင်ဒေသခံများအားတွေ့ရစဥ်၊ ဓာတ်ပုံ - The Chin Journal

ချင်းပြည်နယ်၊ မတူပီမြို့နယ် ဇိုတုန်ဒေသသို့ စစ်ကောင်စီတပ်များဝင်ရောက် လာ၍ဒေသခံ ၂,၅၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း The Chin Journalက ဖော်ပြသည်။

ယမန်(နေ့ဩဂုတ် ၆ရက်) ဇိုတုန်ဒေသ နားဘုန်းကျေးရွာသို့ အင်အား ၈၀ခန့်ရှိ စစ်ကောင်စီတပ် ဝင်ရောက်လာရာ အနီးအနားရှိ ကျေးရွာ ၁၁ရွာမှ ‌‌‌‌ပြည်သူများ အိုးအိမ်စွန့်ခွာထွက်ပြေး နေကြရကြောင်း ချင်းကာကွယ်ရေးတပ်(CDF) -ဇိုတုန်က ထုတ်ပြန်ထားသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ကြောင်းသည် ဂန့်ဂေါမှမတူပီနယ် သို့ဝင်ရောက်ပြီး ဩဂုတ် ၆ရက်တွင် တိုက်ပွဲမရှိဘဲ လက်နက်ကြီးလက်နက်ငယ်များ ပစ်ခက်၍ နားဘုန်းကျေးရွာသို့ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များအတွက် နေရာထိုင်ခင်း၊ သွားရေးလာရေး၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်အကူအညီ လိုအပ်လျက်‌ရှိ‌ကြောင်းလည်း CDF-ဇိုတုန်က အသိပေထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

ချင်းပြည်တောင်ပိုင်းကို ၂ပတ်အတွင်း အကြိမ် ၄၀ခန့် ဗုံးကြဲ

သတင်း

အာဏာသိမ်းစစ်တပ်က ချင်းပြည်နယ်တောင်ပိုင်းမြို့တွေ ဖြစ်တဲ့ မင်းတပ်နဲ့ မတူပီမြို့ကို လေကြောင်းက ဗုံးကြဲမှု ထပ်မံပြုလုပ်ခဲ့သလို မကွေးတိုင်း၊ ဆောမြို့နယ် ကျောက်ထုဒေသကိုလည်း လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။