Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် ဆယ်ဇင်းဒေသတိုက်ပွဲ စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်

ယနေ့ လေကြောင်းတိုက်ခိုက်မှု နှင့်ပတ်သက်ပြီး မေးမြန်းရန် ကချင်လွတ်လပ် ရေးတပ်မတော်(KIA) သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီး နော်ဘူထံ ဆက်သွယ်နေဆဲဖြစ်သည်။

ဖားကန့် ဆယ်ဇင်းဒေသတိုက်ပွဲ စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်
ဖားကန့် ဆယ်ဇင်းဒေသတိုက်ပွဲ စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်

အရပ်သားများကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေဟု ကချင်ဒေသခံပြော

စစ်ကိုင်း – ကချင် အစပ် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာနှင့် အနီးတဝိုက်သို့ စစ်ကောင်စီတပ်က ယနေ့ လေကြောင်းမှ တိုက်ခိုက်နေပြီး အရပ်သားများကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း ကချင်ဒေသခံတစ်ဦးက ပြောသည်။

ဆယ်ဇင်း ဒေသရှိ စစ်ကောင်စီတပ်စခန်းနှင့် ရှမ်းနီတပ် SNA စခန်းကို ဩဂုတ် ၈ရက်တွင် KIAက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယနေ့ (ဩဂုတ် ၉ရက်)တွင်လည်း ဆယ်ဇင်းရဲစခန်းကို ထပ်မံ တိုက်ခိုက် ခဲ့ရာ နေ့လည်ပိုင်းမှစ၍ စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

Public Service Announcement
Public Service Announcement

“တော်တော်ဆိုးနေသေးတယ်ဗျာ အဲဒီဘက်မှာ။ နေရာစုံမှာ ကို ဗုံးချတာ။ အခုက ကျေးရွာ တည့်တည့်မှာကို ချတာ။ အခုက ပြည်သူလူထု ထိခိုက်တယ်။ စာရင်းတော့ ကောက်နေကြတယ်” ဟု ကချင်ဒေသခံက ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်လာနိုင်၍ ဒေသခံများ စစ်ဘေး တိမ်းရှောင်နေကြရသော်လည်း အချို့မှာ ကျန်နေကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ကချင်သတင်းဌာ Kachinwaves က တိုက်ပွဲသတင်းဖော်ပြရာ KIA တပ်ရင်း (၂၆)နယ်မြေ ဆယ်ဇင်းကျေးရွာအနီးသို့ စစ်ကောင်စီတပ်က တိုက်လေယာဉ် ၂စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ယနေ့ လေကြောင်းတိုက်ခိုက်မှု နှင့်ပတ်သက်ပြီး မေးမြန်းရန် ကချင်လွတ်လပ် ရေးတပ်မတော်(KIA) သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီး နော်ဘူထံ ဆက်သွယ်နေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။