Connect with us

Hi, what are you looking for?

သတင်း

ငှက်ပစ်စီမံချက်အရ ကနဦးပစ္စည်းအချို့ကိုစတင် အသုံးပြုနေပြီဟု NUG အသိပေး

ငှက်ပစ်စီမံချက်ဟု လူသိများသည့် အထက်ပါ Project Dragonfly စီမံချက်ကို မတ်လကုန်တွင် စတင်ခဲ့ပြီး စစ်အာဏာရှင်အမြစ်ဖြတ်ရေး ဆန္ဒရှိသူ ပြည်တွင်း၊ ပြည်ပရှိ ပြည်သူလူထု၏ ထည့်ဝင်မှုဖြင့် ၁၀ ရက်ကျော်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ မီလီယံကျော်ကောက်ခံရရှိခဲ့ခြင်း ဖြစ်သည်။

ငှက်ပစ်စီမံချက်အရ ကနဦးပစ္စည်းအချို့ကိုစတင် အသုံးပြုနေပြီဟု NUG အသိပေး
ငှက်ပစ်စီမံချက်အရ ကနဦးပစ္စည်းအချို့ကိုစတင် အသုံးပြုနေပြီဟု NUG အသိပေး

Project Dragonfly စီမံချက်အောင်မြင်ရန် ထောက်ပံ့ကူညီခဲ့သူအားလုံးကို ကျေးဇူးတင်ကြောင်းထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းမှတိုက်ခိုက်မှုများကို ခုခံကာကွယ်ရန် ပြည်သူများ ထည့်ဝင်ခဲ့သော Project Dragonfly စီမံချက်မှ ကနဦးပစ္စည်းအချို့ကိုစတင် အသုံးပြုနေပြီဖြစ် ကြောင်းနှင့် Project Dragonfly စီမံချက်အောင်မြင်ရန် ထောက်ပံ့ကူညီခဲ့သူအားလုံးကို အထူး ကျေးဇူးတင်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

“PROJECT DRAGONFLY စီမံချက်အောင်မြင်စေရန် ထောက်ပံ့ကူညီပေးခဲ့ကြသည့် ပြည်သူများ၊ အသိပညာရှင်၊အတတ်ပညာရှင်၊အနုပညာရှင်များအားလုံးကို ကျွန်ုပ်တို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်” ဟု ယနေ့ ထုတ်ပြန်သည်။

ဆက်လက်ပြီး “လူကြီးမင်းတို့အားလုံး ထောက်ပံ့ကူညီခဲ့ကြသည့် PROJECT DRAGONFLY စီမံချက်မှတစ်ဆင့် ရရှိလာသော ရန်ပုံငွေများအား စစ်ရေးမဟာဗျုဟာများနှင့်အညီ အသုံးချလျက်ရှိရာ ကနဦးပစ္စည်းအချို့မှာ စတင်တာဝန်ထမ်းဆောင်နေပြီ ဖြစ်ပါသည်။ ထပ်မံ၍ လိုအပ်သောပစ္စည်းများ ဆက်လက်ရရှိရေးနှင့်ထိရောက်စွာအသုံးပြုနိုင်ရေး စနစ်တကျ ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း လေးစားစွာအသိပေးအပ်ပါသည်” ဟု ထုတ်ပြန်သည်။

ငှက်ပစ်စီမံချက်ဟု လူသိများသည့် အထက်ပါ Project Dragonfly စီမံချက်ကို မတ်လကုန်တွင် စတင်ခဲ့ပြီး စစ်အာဏာရှင်အမြစ်ဖြတ်ရေး ဆန္ဒရှိသူ ပြည်တွင်း၊ ပြည်ပရှိ ပြည်သူလူထု၏ ထည့်ဝင်မှုဖြင့် ၁၀ ရက်ကျော်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ မီလီယံကျော်ကောက်ခံရရှိခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။