Connect with us

Hi, what are you looking for?

သတင်း

ဆိုးဝါးလွန်းသည့်အခြေအနေကို အခွင့်ကောင်းအဖြစ်ဆုပ်ကိုင်ပြီး ပြည်သူကို အကျိုးပြုသည့်အစိုးရ ပေါ်ပေါက်ရေးကြိုးပမ်းရန် KNPP ဥက္ကဋ္ဌ တိုက်တွန်း

ယနေ့(ဩဂုတ် ၉ရက်) ကျရောက်သည့် (၇၄)နှစ်မြောက် ကရင်နီအမျိုးသားခုခံ တော်လှန်ရေးနေ့တွင် ခူဦးရယ်က မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်း ပြောဆိုခဲ့သည်။

(၇၄)နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ တွင် ခူဦးရယ် မိန့်ခွန်းပြောကြားနေစဉ်၊ ဓာတ်ပုံ - Kanbawza Tai News
(၇၄)နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ တွင် ခူဦးရယ် မိန့်ခွန်းပြောကြားနေစဉ်၊ ဓာတ်ပုံ - Kanbawza Tai News

စစ်အာဏာရှင်အဆုံးသတ်ရေး တိုက်ပွဲဝင်ရန်အချိန်ကောင်းဟု တိုင်းရင်းသား လူမျိုးအားလုံးကို ဖိတ်ခေါ်

တိုင်းသူပြည်သား တစ်ရပ်လုံးနီးပါး အစာရေစာငတ်ပြတ်မှု၊ ဖျားနာမှု ၊ သားသမီးများအနာဂတ်မဲ့ရမှုများစသည့် အတိဒုက္ခများ ကြုံနေရသည့် အခြေအနေမှ လွန်မြောက်ရန်အတွက်အားလုံး စည်းလုံးညီညွတ်စွာလက်တွဲ ဆောင်ရွက်ရန် လိုအပ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူဦးရယ်က ပြောကြားသည်။

ယနေ့(ဩဂုတ် ၉ရက်) ကျရောက်သည့် (၇၄)နှစ်မြောက် ကရင်နီအမျိုးသားခုခံ တော်လှန်ရေးနေ့တွင် ခူဦးရယ်က မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်း ပြောဆိုခဲ့သည်။

“ ဆိုးဝါးလွန်းတဲ့ အခြေအနေကို အခွင့်အလမ်းကောင်း တစ်ခုအနေနဲ့ ဆုပ်ကိုင် ပြီးတော့ ကျွန်တော်တို့ကျောချင်းကပ် ရင်ချင်းအပ်ဖို့၊ နောက် ကျွန်တော်တို့ကို ဖိနှိပ်ညှင်းဆဲ သတ်ဖြတ်နေတဲ့ လူအုပ်စုကို ကျနော်တို့ အမြစ်ပြတ်ဖြိုခွင်း ပြီးတော့ ကျနော်တို့ အတူတကွ ငြိမ်းချမ်းသာယာတဲ့ တိုင်းပြည် အတွင်းမှာ အေးအတူ ပူအမျှ ယှဉ်တွဲနေထိုင်ပြီး သာယာ၀ပြောတဲ့ တိုင်းပြည်တစ်ခု ပေါ်ပေါက်ဖို့အတွက် ကျနော်တို့ ကြိုက်နှစ်သက်တဲ့ ကျနော်တို့ ပြည်သူလူထုကို တကယ်ပဲ အကျိုးပြုတဲ့ အစိုးရ တစ်ခု ပေါ်ပေါက်ရေးအတွက် ကျနော်တို့ ကြိုးပမ်းကြရမှာပဲဖြစ်ပါတယ်” ဟု ခူဦးရယ်က ပြောသည်။

ထိုသို့ ကြိုးပမ်းရာတွင် ကရင်နီ ပြည်သူ တစ်စုတည်း ရုန်းကန်တိုက်ပွဲဝင်၍ ပြီးမည့်ကိစ္စမဟုတ် သည်မှာ သေချာကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ဒီနေ့ ကျရောက်တဲ့ ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ မှာ တခြားသော ဘ၀တူ တိုင်းရင်းသား လူမျိုးများကိုလည်း ကျနော်တစ်ခါတည်း ဖိတ်ခေါ်ချင် တာက ကျွန်တော်တို့ ကရင်နီအမျိုးသား တစ်ရပ်လုံးနဲ့ရပ်တည်ပြီးတော့ ဒီစစ်အာဏာရှင်အဆုံးသတ်ရေးနဲ့ ငြိမ်းချမ်းသာယာတဲ့ တိုင်းပြည် တစ်ခု ဖော်ဆောင်ဖို့ ကျနော်တို့ တတွေဟာ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ကြ မယ်ဆိုတဲ့ အဓိဌာန်နဲ့ ကျနော်တို့ ကတိကဝတ်ပြုခဲ့ ကြပြီးဖြစ်တယ်။ ဒီအခြေခံအောက်မှာ ကျနော်တို့ အတူတကွ ဆိုးအတူ ကောင်းဖက် ဒီတိုက်ပွဲကို အမြန်ဆုံး ကျွန်တော်တို့ အောင်နိုင်ဖို့အတွက် တိုက်ပွဲဝင်ကြဖို့ အချိန်ကောင်း အခါကောင်းဖြစ်တယ်” ဟု ခူဦးရယ်က ပြောသည်။

ကရင်နီအမျိုးသားခုခံတော်လှန်ရေးနှစ် ၇၀ ကျော်ကာလအတွင်း လက်ရှိ အချိန်လောက် အခွင့်ခါကောင်းကို မတွေ့ဖူး၍ အခွင့်အလမ်းကောင်းကို အသုံးပြုပြီး လက်တွဲတိုက်ပွဲဝင်ရန်လိုအပ်သည်ဟု ၎င်းက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကျင်းပပြီး အထွေထွေအတွင်းရေးမှူးနဲ့ အတွင်းရေးမှူး ၂နေရာအတွက် အစားထိုးခန့်အပ်ခဲ့တယ်လို့ KNPPက ထုတ်ပြန်ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်​​တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (စက်တင်ဘာ ၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ရဲ့ အတွင်းရေးမှူးဦးအောင်ဆန်းမြင့် ကွယ်လွန်သွားတယ်လို့ ကရင်နီဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook