Connect with us

Hi, what are you looking for?

သတင်း

သာကေတမြို့နယ်ရှိ ဦးပိုင်ဝန်းအတွင်းမှ စစ်တပ်ဆီကားများကို ချိန်ကိုက်မိုင်းဖြင့်ဖောက်ခွဲ၊ အပြန်အလှန်ပစ်ခတ်မှုဖြစ်

လက်ရှိတွင် ရဲဘော်များအားလုံး လုံခြုံသည့်နေရာသို့ ရောက်ရှိပြီဖြစ်ပြီး UG အဖွဲ့မှ စစ်ကောင်စီ၏ပင်မ​​ထောက်တိုင်များကိုဆက်လက်တိုက်ခိုက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်ထားသည်။

(ရန်ကုန် ၊သာ​ကေတ မြိ့နယ်ကို Google Map တွင်​မြင်ရပုံ)
(ရန်ကုန် ၊သာ​ကေတ မြိ့နယ်ကို Google Map တွင်​မြင်ရပုံ)

သာကေတမြို့နယ်ရှိ စစ်ကောင်စီထောက်တိုင် ဦးပိုင်ဝန်းအတွင်းရပ်ထားသော စစ်တပ်ပိုင်ဆီကားများအနီး ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Soul Takers- Yangon Underground Force က ယနေ့(သြဂုတ် ၁၀)ထုတ်ပြန်သည်။

ယနေ့ ည ၇ နာရီ ၂၁ တွင် စစ်ကောင်စီပိုင်ဆိုင်သော ဆီကားများရပ်နားရာ သာကေတ (၃၈)ကျောင်းရှေ့ ဦးပိုင်ဟိုတယ်ဝန်းအား ချိန်ကိုက်ဗုံးအကြီးဖြင့် ဖောက်ခွဲရေးလုပ်ဆောင်ခဲ့ပြီး အရပ်ဝတ်ကင်းပုန်းများ၊ စစ်ကောင်စီတပ်သားများ အင်အားသာလွန် ရှိနေသောကြောင့် ထိတွေ့ပစ်ခတ်မှုများ အပြန်အလှန်ဖြစ်ပွားကာ အရေးပေါ်အခြေအနေအရ ဆုတ်ခွာခဲ့ရကြောင်း ဖော်ပြသည်။

ပြန်လည်ဆုတ်ခွာရာ လမ်းကြောင်းတွင် လက်ပစ်မိုင်းအသုံးပြုခဲ့ရခြင်း၊ ခုခံတိုက်ခိုက်ခံရခြင်းများ ရှိသည့်အတွက် Soul Takers ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သော်လည်း ရန်သူအထိအခိုက်အား တိကျစွာ အခြေအနေအရ တိကျစွာတင်ပြနိုင်ခြင်း မရှိသေးဟု အသိပေးသည်။

“စုံစမ်း စိစစ်နေသည့်အတွက် ရန်သူအထိအခိုက် သိရှိရပါက အချိန်နှင့်တပြေးညီ တင်ပြနိုင်ရန်လည်း ကြိုးစားဆောင်ရွက်လျက် ရှိပါသည်”ဟု ထပ်မံအသိပေးသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ရဲဘော်များအားလုံး လုံခြုံသည့်နေရာသို့ ရောက်ရှိပြီဖြစ်ပြီး UG အဖွဲ့မှ စစ်ကောင်စီ၏ပင်မ​​ထောက်တိုင်များကိုဆက်လက်တိုက်ခိုက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်ထားသည်။

ယနေ့ (သြဂုတ် ၁၀ ရက်)နေ့လယ်ပိုင်းကလည်း သာကေတ (၁၀)တောင်ရပ်ကွက်၊ အဝိုင်းအနီးတွင် ကယ်ရီသမားအယောင်ဆောင်အသွင်ယူထားသောစစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်တစ်ဦးကို ရန်ကုန် UG အဖွဲ့တစ်ဖွဲ့က ပစ်ခတ်သုတ်သင်ခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

Facebook