Connect with us

Hi, what are you looking for?

သတင်း

ကယ်ရီသမားအသွင်ယူထားသည့် စစ်ကောင်စီလက်အောက်ခံရဲတစ်ဦးကို ပစ်ခတ်သုတ်သင်

ယနေ့နေ့လယ်ပိုင်းက သာကေတ (၁၀)တောင်ရပ်ကွက်၊ (၁၀၈)တောင်ဘုရားအနီး ဆုထူးပန်ကျောင်းရှေ့တွင် ပစ် ခတ်မှုရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြော သည်။

သာကေတမြို့နယ်
သာကေတမြို့နယ်

သာကေတမြို့နယ် နယ်မြေရဲစခန်းတစ်ခုမှ ဆိုင်ကယ် ကယ်ရီသမားအသွင်ယူထားသော စစ်ကောင်စီလက် အောက်ခံရဲတပ်ကြပ်တစ်ဦးကို ပစ်ခတ်သုတ်သင်ခဲ့ကြောင်း ရန်ကုန်မြေအောက်တော်လှန်ရေးအဖွဲ့က ယနေ့ (သြဂုတ် ၁၀)တွင် ထုတ်ပြန်သည်။

ယနေ့နေ့လယ်ပိုင်းက သာကေတ (၁၀)တောင်ရပ်ကွက်၊ (၁၀၈)တောင်ဘုရားအနီး ဆုထူးပန်ကျောင်းရှေ့တွင် ပစ် ခတ်မှုရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြော သည်။

“သာကေတနယ်မြေရဲစခန်းမှ ဆိုင်ကယ်ကယ်ရီသမားအသွင်ယူထားသော ရဲတပ်ကြပ်အရှည်ကြီးအား ကျွန် တော်တို့ ရန်ကုန်မြေအောက်တော်လှန်ရေးတပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့တို့မှပူးပေါင်းပြီး ငရဲပြည်တွင်သွား ရောက် ၍ ဆိုင်ကယ်ကယ်ရီဆွဲနိုင်ရန် ကူညီပေးခဲ့ပါသည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။

ပစ်ခတ်ခံရသည့် အသွင်ယူရဲတပ်ကြပ်မှာ သွေးအိုင်ထဲ လဲကျနေပြီး ဖြစ်စဥ်ဖြစ်ပွားပြီး နာရီပိုင်းခန့်အတကြာတွင် စစ်ကောင်စီတပ်များရောက်ရှိလာကာ (၁၀)တောင်အဝိုင်းပတ်အနီးမှ ရှု့ခင်းသာလမ်းဘက်အားပိတ်ဆို့၍ စစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်းဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါပစ်ခတ်တိုက်ခိုက်မှုအခြေနေအား ရန်ကုန်မြေအောက်တော်လှန်ရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းရာ လုံခြုံရေးအခြေအနေအရ ပြန်လည်ဖြေကြားပေးရန် အခွင့်မသာသေးဘဲ အခွင့်သာချိန်ရောက်မှသာ အကြောင်း ပြန်ကြားပေးမည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။