Connect with us

Hi, what are you looking for?

ဗီဒီယို

ထိုင်ဝမ်ကျွန်းတဝိုက် စစ်ရေးလေ့ကျင့်မှုတွေ အောင်အောင်မြင်မြင် ပြီးဆုံးပြီလို့ တရုတ် ကြေညာ

တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှု အစီအမံတွေမှာ ပဲ့ထိန်း ဒုံးကျည်တွေ ၄ ရက်ဆက်တိုက် ပစ်လွှတ်ခဲ့တာအပြင် ရေငုပ်သင်္ဘော ရှာဖွေ ဖျက်ဆီးရေးနဲ့ ပင်လယ်ပြင်မှာ စီးနင်းတိုက်ခိုက်ရေး ကိစ္စတွေလည်း ပါဝင်ခဲ့ပါတယ်။

ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်မှာ အင်အား အလုံးအရင်းနဲ့ ပြုလုပ်ခဲ့တဲ့ စစ်ရေး လေ့ကျင့်မှု အစီအစဉ်တွေ ပြီးဆုံးသွားပြီလို့ တရုတ် စစ်တပ်က ကြေညာခဲ့ပါတယ်။

တရုတ်က လက်အောက်ခံ ပိုင်နက် နယ်မြေအဖြစ် သတ်မှတ်ထားပေမယ့် ကိုယ်ပိုင် အုပ်ချုပ်မှုနဲ့ ရပ်တည်နေတဲ့ ထိုင်ဝမ်ကို အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလော့စီ လာရောက် လည်ပတ်ခဲ့တဲ့ အခုလဆန်းပိုင်း ကတည်းက တရုတ်ရေတပ်နဲ့ လေတပ်ဟာ ထိုင်ဝမ်ကျွန်းကို ပတ်လည်ဝိုင်းပြီး စစ်ရေး လေ့ကျင့်နေခဲ့တာပါ။

ပလော့စီရဲ့ ခရီးစဉ်ကို ဆန့်ကျင် ကန့်ကွက်ကြောင်း ပြသခဲ့တဲ့ စစ်ရေး လေ့ကျင့်မှုတွေမှာ တရုတ်ရဲ့ စစ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေ ရာနဲ့ချီ ပါဝင်ခဲ့သလို ပဲ့ထိန်းဒုံးကျည်တွေကိုလည်း လက်တွေ့ ပစ်ခတ်ခဲ့ပါတယ်။ ထိုင်ဝမ်ကတော့ တရုတ်ရဲ့ အင်အားပြ စစ်ရေး လေ့ကျင့်မှုတွေဟာ ကျူးကျော်စစ် ဆင်နွှဲဖို့ ပြင်ဆင်နေတဲ့ သဘောမျိုးလို့ စွပ်စွဲခဲ့ပါတယ်။ ပလော့စီရဲ့ ခရီးစဉ်ကို အကြောင်းပြပြီး စစ်ရေးလေ့ကျင့်တယ် ဆိုတာက အကြောင်းပြချက် သက်သက်သာ ဖြစ်တယ်လို့ ထိုင်ဝမ် အစိုးရက ပြောပါတယ်။

ဩဂုတ် ၁၀ ရက်မှာတော့ တရုတ်စစ်တပ်က ထိုင်ဝမ် ရေလက်ကြားတဝိုက် စစ်ရေး လေ့ကျင့်မှုတွေ အဆုံးသတ်ပြီး ပုံမှန် ကင်းလှည့်မှုတွေသာ လုပ်ဆောင်သွားတော့မယ်လို့ ကြေညာပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အကောင်အထည် ဖော်ခဲ့တဲ့ စစ်ရေး လေ့ကျင့်မှုတွေကလည်း အပြည့်အဝ အောင်မြင်ခဲ့ကြောင်း တရုတ် စစ်ဘက် အရာရှိကြီးတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှု အစီအမံတွေမှာ ပဲ့ထိန်း ဒုံးကျည်တွေ ၄ ရက်ဆက်တိုက် ပစ်လွှတ်ခဲ့တာအပြင် ရေငုပ်သင်္ဘော ရှာဖွေ ဖျက်ဆီးရေးနဲ့ ပင်လယ်ပြင်မှာ စီးနင်းတိုက်ခိုက်ရေး ကိစ္စတွေလည်း ပါဝင်ခဲ့ပါတယ်။

အမေရိကန်ကတော့ တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ ထိုင်ဝမ်ကျွန်းကို လက်တွေ့ တိုက်ခိုက်ပြီး သိမ်းယူတဲ့ သရုပ်တူ အပြင်အဆင်မျိုးတွေ ဖြစ်နေကြောင်း စွပ်စွဲပြီး ဒါဟာ ရမ်းကားပြီး အဆင်အခြင် ကင်းမဲ့တဲ့ လုပ်ရပ်မျိုးလို့ ဝေဖန်ထားပါတယ်။

တရုတ်က စစ်ရေးလေ့ကျင့်မှုတွေ အဆုံးသတ်လိုက်ပြီလို့ ကြေညာတဲ့ နေ့မှာတောင် ထိုင်ဝမ် ရေလက်ကြားထဲမှာ တရုတ် စစ်လေယာဉ် ၃၆ စီးနဲ့ စစ်သင်္ဘော ၁၀ စီးလောက် လှုပ်ရှားနေဆဲလို့ ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။