Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ထိုင်ဝမ်ကျွန်းတဝိုက် စစ်ရေးလေ့ကျင့်မှုတွေ အောင်အောင်မြင်မြင် ပြီးဆုံးပြီလို့ တရုတ် ကြေညာ

တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှု အစီအမံတွေမှာ ပဲ့ထိန်း ဒုံးကျည်တွေ ၄ ရက်ဆက်တိုက် ပစ်လွှတ်ခဲ့တာအပြင် ရေငုပ်သင်္ဘော ရှာဖွေ ဖျက်ဆီးရေးနဲ့ ပင်လယ်ပြင်မှာ စီးနင်းတိုက်ခိုက်ရေး ကိစ္စတွေလည်း ပါဝင်ခဲ့ပါတယ်။

ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်မှာ အင်အား အလုံးအရင်းနဲ့ ပြုလုပ်ခဲ့တဲ့ စစ်ရေး လေ့ကျင့်မှု အစီအစဉ်တွေ ပြီးဆုံးသွားပြီလို့ တရုတ် စစ်တပ်က ကြေညာခဲ့ပါတယ်။

တရုတ်က လက်အောက်ခံ ပိုင်နက် နယ်မြေအဖြစ် သတ်မှတ်ထားပေမယ့် ကိုယ်ပိုင် အုပ်ချုပ်မှုနဲ့ ရပ်တည်နေတဲ့ ထိုင်ဝမ်ကို အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလော့စီ လာရောက် လည်ပတ်ခဲ့တဲ့ အခုလဆန်းပိုင်း ကတည်းက တရုတ်ရေတပ်နဲ့ လေတပ်ဟာ ထိုင်ဝမ်ကျွန်းကို ပတ်လည်ဝိုင်းပြီး စစ်ရေး လေ့ကျင့်နေခဲ့တာပါ။

ပလော့စီရဲ့ ခရီးစဉ်ကို ဆန့်ကျင် ကန့်ကွက်ကြောင်း ပြသခဲ့တဲ့ စစ်ရေး လေ့ကျင့်မှုတွေမှာ တရုတ်ရဲ့ စစ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေ ရာနဲ့ချီ ပါဝင်ခဲ့သလို ပဲ့ထိန်းဒုံးကျည်တွေကိုလည်း လက်တွေ့ ပစ်ခတ်ခဲ့ပါတယ်။ ထိုင်ဝမ်ကတော့ တရုတ်ရဲ့ အင်အားပြ စစ်ရေး လေ့ကျင့်မှုတွေဟာ ကျူးကျော်စစ် ဆင်နွှဲဖို့ ပြင်ဆင်နေတဲ့ သဘောမျိုးလို့ စွပ်စွဲခဲ့ပါတယ်။ ပလော့စီရဲ့ ခရီးစဉ်ကို အကြောင်းပြပြီး စစ်ရေးလေ့ကျင့်တယ် ဆိုတာက အကြောင်းပြချက် သက်သက်သာ ဖြစ်တယ်လို့ ထိုင်ဝမ် အစိုးရက ပြောပါတယ်။

ဩဂုတ် ၁၀ ရက်မှာတော့ တရုတ်စစ်တပ်က ထိုင်ဝမ် ရေလက်ကြားတဝိုက် စစ်ရေး လေ့ကျင့်မှုတွေ အဆုံးသတ်ပြီး ပုံမှန် ကင်းလှည့်မှုတွေသာ လုပ်ဆောင်သွားတော့မယ်လို့ ကြေညာပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အကောင်အထည် ဖော်ခဲ့တဲ့ စစ်ရေး လေ့ကျင့်မှုတွေကလည်း အပြည့်အဝ အောင်မြင်ခဲ့ကြောင်း တရုတ် စစ်ဘက် အရာရှိကြီးတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှု အစီအမံတွေမှာ ပဲ့ထိန်း ဒုံးကျည်တွေ ၄ ရက်ဆက်တိုက် ပစ်လွှတ်ခဲ့တာအပြင် ရေငုပ်သင်္ဘော ရှာဖွေ ဖျက်ဆီးရေးနဲ့ ပင်လယ်ပြင်မှာ စီးနင်းတိုက်ခိုက်ရေး ကိစ္စတွေလည်း ပါဝင်ခဲ့ပါတယ်။

အမေရိကန်ကတော့ တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ ထိုင်ဝမ်ကျွန်းကို လက်တွေ့ တိုက်ခိုက်ပြီး သိမ်းယူတဲ့ သရုပ်တူ အပြင်အဆင်မျိုးတွေ ဖြစ်နေကြောင်း စွပ်စွဲပြီး ဒါဟာ ရမ်းကားပြီး အဆင်အခြင် ကင်းမဲ့တဲ့ လုပ်ရပ်မျိုးလို့ ဝေဖန်ထားပါတယ်။

တရုတ်က စစ်ရေးလေ့ကျင့်မှုတွေ အဆုံးသတ်လိုက်ပြီလို့ ကြေညာတဲ့ နေ့မှာတောင် ထိုင်ဝမ် ရေလက်ကြားထဲမှာ တရုတ် စစ်လေယာဉ် ၃၆ စီးနဲ့ စစ်သင်္ဘော ၁၀ စီးလောက် လှုပ်ရှားနေဆဲလို့ ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...

နိုင်ငံတကာ

ငလျင်အန္တရာယ်နဲ့ ပတ်သက်ရင် ထိုင်ဝမ်မှာ စနစ်ကျပြီး ထိရောက်တဲ့ ကြိုတင်ပြင်ဆင် လေ့ကျင့်မှုတွေ ရှိခဲ့ပြီး ဖြစ်တဲ့အတွက် သွေးရူးသွေးတမ်း ရှုပ်ရှုပ်ထွေးထွေး ဖြစ်မလာအောင် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။