Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်များ ထိတွေ့တိုက်ပွဲ လေးကြိမ်ဖြစ်၊ စစ်ကောင်စီတပ် ထိခိုက်သေဆုံးများနိုင်

“ဩဂုတ်လ ၈ ရက်မှ ၁၁ ရက်အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲ(၄)ကြိမ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ အများအပြား ထိခိုက်သေဆုံးခဲ့ပြီး မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးအပ်ပါသည်”ဟု တန့်ဆည် PDF က အသိပေးသည်။

(တန့်ဆည်ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များအား တွေ့ရစဥ်)
(တန့်ဆည်ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များအား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေး ပူးပေါင်းတိုက်များကြား ထိတွေ့တိုက်ပွဲ လေးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးများနိုင်ကြောင်း တန့်ဆည်ပြည်သူ့ကာကွယ်ရေးတပ်က ယနေ့(သြဂုတ် ၁၂) အသိပေးထုတ်ပြန်သည်။

ထိတွေ့တိုက်ပွဲများမှာ သြဂုတ် ၈ရက်မှ သြဂုတ် ၁၁ ရက်အထိ လေးရက်ဆက် ဖြစ်ပွားခဲ့ပြီး တောဂျင်းမ၊ ရွာမုံ၊ ဝိုင်းကြို စသည့်ကျေးရွာများအနီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ တန့်ဆည် PDF ရွှေဘိုခရိုင် တပ်ရင်း (၆)၊ တပ်ရင်း (၁၀)၊ Taze Tiger စသည့်ကာကွယ်ရေးတပ်ဖွဲ့များ ပုးပေါင်း တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

သြဂုတ် ၈ ရက် တောဂျင်းမအနီးတိုက်ပွဲကို ယင်းနေ့နံနက် ၈ နာရီခန့်တွင် တန့်ဆည် PDF ရွှေဘိုခရိုင်တပ်ရင်း(၆)၊ တပ်ရင်း(၁၀)နှင့် ဒေသခံကာကွယ် ရေးတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက် ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြိီး စစ်ကောင်စီတပ်သားအများအပြား ထိခိုက်သေဆုံးခဲ့သည်ဟု ဆိုသည်။

သြဂုတ် ၉ ရက်တိုက်ပွဲမှာမူ ယင်းနေ့ နေ့လယ် ၃ နာရီခန့်တွင် ရွာမုံတောင်ရွာမှ ထွက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကို တန့်ဆည် PDF တပ်ရင်း(၆)ကတိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အလားတူ သြဂုတ် ၁၀ က်နှင့် ၁၁ ရက်တွင် ဝိုင်းကြိုရွာအနီးတပ်စွဲထားသော စစ်ကောင်စီတပ်ကို တန့်ဆည် PDF တပ်ရင်း (၆)နှင့် Taze Tiger တို့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သွားရောက်တိုက် ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

“ဩဂုတ်လ ၈ ရက်မှ ၁၁ ရက်အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲ(၄)ကြိမ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ အများအပြား ထိခိုက်သေဆုံးခဲ့ပြီး မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးအပ်ပါသည်”ဟု တန့်ဆည် PDF က အသိပေးသည်။

အထက်ပါတိုက်ပွဲများတွင် အစစအရာရာ ပံ့ပိုးကူညီပေးခဲ့ကြသော မြေပြင်အဖွဲ့သားများ အားလုံးကို ကျေးဇူးတင်ရှိပြီး လူကြီးမင်းတို့၏ ပူးပေါင်းဆောင်ရွက်မှုအားလေးစားစွာ အသိအမှတ် ပြုအပ်ပါသည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

Facebook