Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်မြို့နယ်ရှိ ပျူစောထီးသင်တန်းအား PLA နှင့် TPC ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်အုပ်စုထိခိုက်မှုများပြီး PLAရဲ​ဘော်နှစ်ဦးကျဆုံး

တန့်ဆည်မြို့နယ်ရှိ မူးတိမ်၊ မူးခွ၊ ကျွန်းလည်နှင့် ဖန်းခါးဇင်ကျေးရွာတို့သည် ပျု၊ ဒလန်များ အင်အားကြီးမားသည့် ကျေးရွာများဖြစ်ပြီးမြို့နယ်အတွင်းတွင် ပျု၊ ဒလန်အင်အား ၂၅၀ ကျော်ခန့် ရှိနိုင်ကြောင်း ဒေသတွင်းအဖွဲ့များက ခန့်မှန်းသည်။

(တန့်ဆည်မြို့နယ်၌ စစ်ဆင်ရေး ပြုလုပ်​နေသည့် ပြည်သူ့ရဲဘော်များအား ​တွေ့ရစဥ်)
(တန့်ဆည်မြို့နယ်၌ စစ်ဆင်ရေး ပြုလုပ်​နေသည့် ပြည်သူ့ရဲဘော်များအား ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် နားဋောင်းကျကျေးရွာရှိ ပျူစောထီးသင်တန်းအား ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)နှင့် တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့ (TPC) ပူးပေါင်းတပ်များ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးသူများပြားနိုင်ကြောင်း ဒေသခံများက ပြော သည်။

ထို့အပြင် ယမန်နေ့(မေ ၂၈ ရက်) နံနက် ၅နာရီခန့်က စတင်ခဲ့သော နားဋောင်းကျကျေးရွာတိုက်ပွဲသို့ တပ်ကူထွက်လာသော ကျွန်းလည်ကျေးရွာရှိ ပျူစောထီးများကိုTPCနှင့် Special Attacking Forceမှ ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့ မှ ၃၀ထက်မနည်းသေဆုံးနိုင်ပြီး PLA ရဲဘော်နှစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။

“ဒီလ ၁၉ ရက်မှာ နားဋောင်းကျကျေးရွာမှာ စစ်တပ်က ပျူသင်တန်းလာဖွင့်တာ။နောက်ပြီး ကျွန်းလည် ဘက်က ပျူသင်တန်းလည်း ပြီးသွားတော့ အဲဒီဘက်ခြမ်းမှာ ပျူနည်းနည်း အားကောင်းပြီး ခေါင်းထောင်လာနိုင်လို့ တိုက်တယ်လို့ ယူဆရတယ်”ဟု တန့်ဆည်ဒေသနေ ပြည်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့က ၎င်းတို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်အုပ်စုသည် ရေဦးမြို့နယ်မှတစ်ဆင့် အင်အား ၁၅၀ခန့်ပါ စစ်ကြောင်းမှာ တန့်ဆည်မြို့တွင်းသို့ ဝင်ရောက်လာကြောင်း Taze Support Organization က အသိပေးသည်။

ယမန်နေ့က ရေဦးနယ်မှ ထွက်လာသောအကြမ်းဖက် စစ်ကြောင်းသည် တန့်ဆည် အထက (၁) တွင် ညအိပ်တပ်စွဲခဲ့ပြီး ယနေ့နံနက် အင်္ကုက္ကားကျေးရွာသို့ စစ်ကြောင်းထိုး တပ်စွဲထားကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ယနေ့(မေ ၂၉ ရက်)နံနက်၇ နာရီခွဲခန့်ကစ၍ တန့်ဆည်မြို့နယ်မြောက်ပိုင်းသို့ စတင်ထွက်ခွာနေကြောင်းလည်း Taze Support Organization ကဖော်ပြထားသည်။

တန့်ဆည်မြို့နယ်ရှိ မူးတိမ်၊ မူးခွ၊ ကျွန်းလည်နှင့် ဖန်းခါးဇင်ကျေးရွာတို့သည် ပျု၊ ဒလန်များ အင်အားကြီးမားသည့် ကျေးရွာများဖြစ်ပြီးမြို့နယ်အတွင်းတွင် ပျု၊ ဒလန်အင်အား ၂၅၀ ကျော်ခန့် ရှိနိုင်ကြောင်း ဒေသတွင်းအဖွဲ့များက ခန့်မှန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

အမှတ်(၂)တံတားအနီးရှိ မွေးမြူရေးဇုန်အနီးတွင်လည်း လက်နက်ကြီးကျ‌ရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။