Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်မြို့နယ်ရှိ ပျူစောထီးသင်တန်းအား PLA နှင့် TPC ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်အုပ်စုထိခိုက်မှုများပြီး PLAရဲ​ဘော်နှစ်ဦးကျဆုံး

တန့်ဆည်မြို့နယ်ရှိ မူးတိမ်၊ မူးခွ၊ ကျွန်းလည်နှင့် ဖန်းခါးဇင်ကျေးရွာတို့သည် ပျု၊ ဒလန်များ အင်အားကြီးမားသည့် ကျေးရွာများဖြစ်ပြီးမြို့နယ်အတွင်းတွင် ပျု၊ ဒလန်အင်အား ၂၅၀ ကျော်ခန့် ရှိနိုင်ကြောင်း ဒေသတွင်းအဖွဲ့များက ခန့်မှန်းသည်။

(တန့်ဆည်မြို့နယ်၌ စစ်ဆင်ရေး ပြုလုပ်​နေသည့် ပြည်သူ့ရဲဘော်များအား ​တွေ့ရစဥ်)
(တန့်ဆည်မြို့နယ်၌ စစ်ဆင်ရေး ပြုလုပ်​နေသည့် ပြည်သူ့ရဲဘော်များအား ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် နားဋောင်းကျကျေးရွာရှိ ပျူစောထီးသင်တန်းအား ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)နှင့် တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့ (TPC) ပူးပေါင်းတပ်များ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးသူများပြားနိုင်ကြောင်း ဒေသခံများက ပြော သည်။

ထို့အပြင် ယမန်နေ့(မေ ၂၈ ရက်) နံနက် ၅နာရီခန့်က စတင်ခဲ့သော နားဋောင်းကျကျေးရွာတိုက်ပွဲသို့ တပ်ကူထွက်လာသော ကျွန်းလည်ကျေးရွာရှိ ပျူစောထီးများကိုTPCနှင့် Special Attacking Forceမှ ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့ မှ ၃၀ထက်မနည်းသေဆုံးနိုင်ပြီး PLA ရဲဘော်နှစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။

“ဒီလ ၁၉ ရက်မှာ နားဋောင်းကျကျေးရွာမှာ စစ်တပ်က ပျူသင်တန်းလာဖွင့်တာ။နောက်ပြီး ကျွန်းလည် ဘက်က ပျူသင်တန်းလည်း ပြီးသွားတော့ အဲဒီဘက်ခြမ်းမှာ ပျူနည်းနည်း အားကောင်းပြီး ခေါင်းထောင်လာနိုင်လို့ တိုက်တယ်လို့ ယူဆရတယ်”ဟု တန့်ဆည်ဒေသနေ ပြည်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့က ၎င်းတို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်အုပ်စုသည် ရေဦးမြို့နယ်မှတစ်ဆင့် အင်အား ၁၅၀ခန့်ပါ စစ်ကြောင်းမှာ တန့်ဆည်မြို့တွင်းသို့ ဝင်ရောက်လာကြောင်း Taze Support Organization က အသိပေးသည်။

ယမန်နေ့က ရေဦးနယ်မှ ထွက်လာသောအကြမ်းဖက် စစ်ကြောင်းသည် တန့်ဆည် အထက (၁) တွင် ညအိပ်တပ်စွဲခဲ့ပြီး ယနေ့နံနက် အင်္ကုက္ကားကျေးရွာသို့ စစ်ကြောင်းထိုး တပ်စွဲထားကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ယနေ့(မေ ၂၉ ရက်)နံနက်၇ နာရီခွဲခန့်ကစ၍ တန့်ဆည်မြို့နယ်မြောက်ပိုင်းသို့ စတင်ထွက်ခွာနေကြောင်းလည်း Taze Support Organization ကဖော်ပြထားသည်။

တန့်ဆည်မြို့နယ်ရှိ မူးတိမ်၊ မူးခွ၊ ကျွန်းလည်နှင့် ဖန်းခါးဇင်ကျေးရွာတို့သည် ပျု၊ ဒလန်များ အင်အားကြီးမားသည့် ကျေးရွာများဖြစ်ပြီးမြို့နယ်အတွင်းတွင် ပျု၊ ဒလန်အင်အား ၂၅၀ ကျော်ခန့် ရှိနိုင်ကြောင်း ဒေသတွင်းအဖွဲ့များက ခန့်မှန်းသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)တွေဟာ လက်နက်ကိုင် သောင်းကျန်းနေကြောင်း ၎င်းတို့ကို မွေးထုတ်ပေးနေတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်​တော်ကိုယ်တိုင် ဝန်​ခံလိုက်ပါတယ်။