Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်များ ထိတွေ့တိုက်ပွဲ လေးကြိမ်ဖြစ်၊ စစ်ကောင်စီတပ် ထိခိုက်သေဆုံးများနိုင်

“ဩဂုတ်လ ၈ ရက်မှ ၁၁ ရက်အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲ(၄)ကြိမ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ အများအပြား ထိခိုက်သေဆုံးခဲ့ပြီး မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးအပ်ပါသည်”ဟု တန့်ဆည် PDF က အသိပေးသည်။

(တန့်ဆည်ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များအား တွေ့ရစဥ်)
(တန့်ဆည်ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များအား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေး ပူးပေါင်းတိုက်များကြား ထိတွေ့တိုက်ပွဲ လေးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးများနိုင်ကြောင်း တန့်ဆည်ပြည်သူ့ကာကွယ်ရေးတပ်က ယနေ့(သြဂုတ် ၁၂) အသိပေးထုတ်ပြန်သည်။

ထိတွေ့တိုက်ပွဲများမှာ သြဂုတ် ၈ရက်မှ သြဂုတ် ၁၁ ရက်အထိ လေးရက်ဆက် ဖြစ်ပွားခဲ့ပြီး တောဂျင်းမ၊ ရွာမုံ၊ ဝိုင်းကြို စသည့်ကျေးရွာများအနီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ တန့်ဆည် PDF ရွှေဘိုခရိုင် တပ်ရင်း (၆)၊ တပ်ရင်း (၁၀)၊ Taze Tiger စသည့်ကာကွယ်ရေးတပ်ဖွဲ့များ ပုးပေါင်း တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

သြဂုတ် ၈ ရက် တောဂျင်းမအနီးတိုက်ပွဲကို ယင်းနေ့နံနက် ၈ နာရီခန့်တွင် တန့်ဆည် PDF ရွှေဘိုခရိုင်တပ်ရင်း(၆)၊ တပ်ရင်း(၁၀)နှင့် ဒေသခံကာကွယ် ရေးတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက် ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြိီး စစ်ကောင်စီတပ်သားအများအပြား ထိခိုက်သေဆုံးခဲ့သည်ဟု ဆိုသည်။

သြဂုတ် ၉ ရက်တိုက်ပွဲမှာမူ ယင်းနေ့ နေ့လယ် ၃ နာရီခန့်တွင် ရွာမုံတောင်ရွာမှ ထွက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကို တန့်ဆည် PDF တပ်ရင်း(၆)ကတိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အလားတူ သြဂုတ် ၁၀ က်နှင့် ၁၁ ရက်တွင် ဝိုင်းကြိုရွာအနီးတပ်စွဲထားသော စစ်ကောင်စီတပ်ကို တန့်ဆည် PDF တပ်ရင်း (၆)နှင့် Taze Tiger တို့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သွားရောက်တိုက် ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

“ဩဂုတ်လ ၈ ရက်မှ ၁၁ ရက်အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲ(၄)ကြိမ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ အများအပြား ထိခိုက်သေဆုံးခဲ့ပြီး မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးအပ်ပါသည်”ဟု တန့်ဆည် PDF က အသိပေးသည်။

အထက်ပါတိုက်ပွဲများတွင် အစစအရာရာ ပံ့ပိုးကူညီပေးခဲ့ကြသော မြေပြင်အဖွဲ့သားများ အားလုံးကို ကျေးဇူးတင်ရှိပြီး လူကြီးမင်းတို့၏ ပူးပေါင်းဆောင်ရွက်မှုအားလေးစားစွာ အသိအမှတ် ပြုအပ်ပါသည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။