Connect with us

Hi, what are you looking for?

သတင်း

ရှေ့တန်းရောက် စစ်သားများ ထွက်ပြေးလိုပါက လက်နက်ထားခဲ့ရန် စစ်ကောင်စီအရာရှိများပြောဟု KNU ထံအလင်းဝင်လာသည့် စစ်ကောင်စီတပ်ကြပ်ပြော

တပ်ကြပ်ဇော်မင်းဦးသည် အာဏာသိမ်းစက ရခိုင်ပြည်နယ် မြောက်ဦး စစ်ဆင်ရေးဒေသ၌ တာဝန်ယူခဲ့ရပြီး နောက်တန်းပြန်ရောက်ပြီး ရက်အနည်းငယ်အကြာတွင် ကရင်ပြည်နယ် စစ်မြေပြင်သို့ လာရောက်ခဲ့ရသည်ဟု ဆိုသည်။

ရှေ့တန်းရောက် စစ်သားများ ထွက်ပြေးလိုပါက လက်နက်ထားခဲ့ရန် စစ်ကောင်စီအရာရှိများပြောဟု KNU ထံအလင်းဝင်လာသည့် စစ်ကောင်စီတပ်ကြပ်ပြော
ရှေ့တန်းရောက် စစ်သားများ ထွက်ပြေးလိုပါက လက်နက်ထားခဲ့ရန် စစ်ကောင်စီအရာရှိများပြောဟု KNU ထံအလင်းဝင်လာသည့် စစ်ကောင်စီတပ်ကြပ်ပြော

▪️တိုက်ပွဲ၌ စစ်ကောင်စီတပ်သားများသေဆုံးမှုများခြင်း၊ မျှတမှုမရှိပဲ ကျွဲ၊နွားတိရိစ္ဆာန်ကဲ့သို့ ခိုင်းစေခြင်း၊ စစ်ကောင်စီ မဖယ်ပေးမချင်း PDFက တိုက်ခိုက်နေမည်ဟု ယူဆခြင်းကြောင့် ထွက်ပြေးလာဟုဆို

ရှေ့တန်းရောက်စစ်သားများ ထွက်ပြေးလိုပါက လက်နက်ထားခဲ့ရန် အထက်အရာရှိများက ပြောဆိုခဲ့ကြောင်း စစ်ကောင်စီတပ်ထံမှ ထွက်ပြေးလာသည့် ကျိုက်ထိုအခြေစိုက် ခမရ(၂)မှ တပ်ကြပ် ဇော်မင်းဦးက ပြောကြားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)ထံသို့ ခိုလှုံလာသည့် အဆိုပါ တပ်ကြပ်၏ ပြောဆိုချက်ကို PEN 47 Media က ဖော်ပြခဲ့သည်။

စစ်ကောင်စီအရာရှိတွေက ထွက်ပြေးပါက တစ်ဖက်အဖွဲ့အစည်း၏ သတ်ဖြတ်မှုခံရမည်ဟု ခြိမ်းခြောက်သကဲ့သို့ လက်နက်ဖြင့် ထွက်ပြေးပါက လွတ်လမ်းရှိမည်မဟုတ်ကြောင်းလည်း ခြိမ်းခြောက်သည်ဟု ဆိုသည်။

“တစ်ခုတော့ရှိတယ် မလုပ်ကိုင်နိုင်ဘူး ပြေးချင် တဲ့ စိတ်ရှိတယ်ဆိုရင်တော့ လက်နက်ထားခဲ့ပြီး မင်းတို့ မနေချင်ရင်တော့ သွားလို့ရတယ်။ ဘာမှ မဖြစ်ဘူး။ သေနတ်သာမယူသွားတဲ့။ မင်းတို့ကောင်တွေပြေးလည်း ဘာမှမဖြစ်ဘူး ရှိတဲ့သူနဲ့ တိုက်မှာ ဘာညာပေါ့။ အဲဒါမျိုးတွေ ပြောသံကြားတယ်”ဟု တပ်ကြပ်ဇော်မင်းဦးက ပြောပြသည်။

Public Service Announcement

Public Service Announcement

အစားဆင်းရဲ၊ အနေအထိုင်ဆင်းရဲသည့်အပြင် အောက်ခြေစစ်သည်များအပေါ်မမျှမတ ခိုင်းစေခြင်းများအပေါ် လက်မခံလို၍ ထွက်ပြေးလာခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ကို ခိုင်းစေတာတွေမှာ မျှတမှုမရှိဘူးပေါ့။မိဘက သားသမီးကို ခိုင်းတဲ့ပုံစံမဟုတ်ဘူး။ ကျွန်တော်တို့ကို ကျွဲ၊နွားတိရစ္ဆာန်ခိုင်းတဲ့ပုံစံ မျိုးတွေခိုင်းလာတာ တစ်ချက် ။အဲဒီအချက် အဓိက ပါတယ်”ဟု တပ်ကြပ်ဇော်မင်းဦးက ပြောသည်။

ထို့ပြင် အလုပ်ခိုင်းစေရာတွင် ရှင်းရှင်းလင်းလင်း မပြောကြောင်း၊ အသက်သေစေနိုင်သည့် အလုပ်များ ခိုင်းစေသော်လည်း အောက်ခြေစစ်သားများအား ယုံကြည်မှုမရှိကြကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ရှေ့ကရောက်နေသည့် စစ်ကောင်စီတပ်ရင်းများအနေဖြင့် မြ၀တီမြို့နယ် သုံးထပ်ကွေ့အနီးဝန်းကျင် တိုက်ပွဲများ၌ အသေဆုံးအထိခိုက်များနေသည့် အခြေအနေကိုလည်း ရှေ့တန်းသို့ ဦးစွာရောက်နေသည့် မိတ်ဆွေရဲဘော်များက ပြောပြခဲ့ကြသည်ဟုဆိုသည်။တပ်ရင်းအချို့မှာ သုံးပုံ တစ်ပုံခန့်သာ ကျန်တော့သည်အထိ သေဆုံးထိခိုက်များခဲ့ကြောင်း တပ်ကြပ်ဇော်မင်းဦးက ပြောသည်။

ထို့ပြင် စစ်ကောင်စီ ဖယ်မပေးမချင်း ပြည်သူလူထုများက ပြန်တိုက်ခိုက်မည်ကို သိခဲ့ရကြောင်း ၎င်းက ဆိုသည်။

“PDF ဆိုတာ ပြည်သူဘက်ကနေ ပြန်ပြီးမှ မခံချင်လို့ ပြန်တိုက်တဲ့အဖွဲ့တွေဆိုတာ သိသွားတော့ ဒါဆို ဒီအဖွဲ့တွေက လုပ်နေမှာပေါ့။ ဒါကြီး သူ မဖယ်မပေးမချင်းတိုက်နေမှာ ။အဲဒါဆို ဒါကြီးက ပြီးနိုင်မှာ မဟုတ်တော့ဘူးဆိုပြီးမှ ကျွန်တော်ခိုင်ခိုင်မာမာ ဆုံးဖြတ်ပြီး ဒီဘက်ကို ရုန်းထွက်လိုက်တာ”ဟု တပ်ကြပ်ဇော်မင်းဦးက ပြောသည်။

တပ်ကြပ်ဇော်မင်းဦးသည် အာဏာသိမ်းစက ရခိုင်ပြည်နယ် မြောက်ဦး စစ်ဆင်ရေးဒေသ၌ တာဝန်ယူခဲ့ရပြီး နောက်တန်းပြန်ရောက်ပြီး ရက်အနည်းငယ်အကြာတွင် ကရင်ပြည်နယ် စစ်မြေပြင်သို့ လာရောက်ခဲ့ရသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့အတွင်းရှိ တပ်မတော်သားအများစုက ထွက်ပြေးလိုကြပြီး စိတ်ဓာတ်များစွာကျနေသည်ဟုလည်း တပ်ကြပ်ဇော်မင်းဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။