Connect with us

Hi, what are you looking for?

News

NUG ရဲ့ ရေဒီယိုအစီအစဉ် လာမယ့်ဩဂုတ် ၂၀ ရက် စတင်စမ်းသပ်ထုတ်လွှင့်မယ်

ဆင်ဆောင်ရွက်နေရာမှာ လာမယ့် ဩဂုတ် ၂၀ ရက်က စလို့ မနက် ၈ နာရီတစ်ကြိမ်နဲ့ ည ၈ နာရီတစ်ကြိမ်တို့မှာ စမ်းသပ်ထုတ်လွှင့်မှာဖြစ်ပြီး လှိုင်းတိုမီတာ ၁၆ ၊မက်ဂါဟဇ် ၁၇ ဒသမ ၇၁ မှာ ဖမ်းယူနားဆင်နိုင်မယ် ကြေညာထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သတင်းအချက် အလက်တွေကို အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်နိုင်ဖို့အတွက် Radio NUG အစီအစဉ်ကို မကြာခင်စတင်မယ်လို့ ဒီနေ့ကြေညာပါတယ်။

ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် ပြည်သူလူထုနဲ့ အဆက် အသွယ်မပြတ်ရှိနေစေဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ လူထုကို အသိပေးနိုင်ဖို့ အထက်ပါ ရေဒီယိုအစီအစဉ်ကို လုပ်ဆောင်နေခြင်းဖြစ်တယ်လို့ NUG ရဲ့ထုတ်ပြန် ချက်မှာ ဖော်ပြပါတယ်။

Radio NUG ထုတ်လွှင့်ဖို့ ပြင်ဆင်ဆောင်ရွက်နေရာမှာ လာမယ့် ဩဂုတ် ၂၀ ရက်က စလို့ မနက် ၈ နာရီတစ်ကြိမ်နဲ့ ည ၈ နာရီတစ်ကြိမ်တို့မှာ စမ်းသပ်ထုတ်လွှင့်မှာဖြစ်ပြီး လှိုင်းတိုမီတာ ၁၆ ၊မက်ဂါဟဇ် ၁၇ ဒသမ ၇၁ မှာ ဖမ်းယူနားဆင်နိုင်မယ် ကြေညာထားပါတယ်။

နေ့စဉ် မနက် ၈ နာရီ နဲ့ ည ၈ နာရီ တိုင်းမှာ မိနစ်၃၀ စာအစီအစဉ် တစ်နေ့လျှင် နှစ်ကြိမ် ထုတ်လွင့်သွားမှာဖြစ်ပြီး 10 Band Digital Radio အမျိုးအစားများကို ဆောင်ထားကြဖို့လည်း တိုက်တွန်းပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။