Connect with us

Hi, what are you looking for?

News

NUG ရဲ့ ရေဒီယိုအစီအစဉ် လာမယ့်ဩဂုတ် ၂၀ ရက် စတင်စမ်းသပ်ထုတ်လွှင့်မယ်

ဆင်ဆောင်ရွက်နေရာမှာ လာမယ့် ဩဂုတ် ၂၀ ရက်က စလို့ မနက် ၈ နာရီတစ်ကြိမ်နဲ့ ည ၈ နာရီတစ်ကြိမ်တို့မှာ စမ်းသပ်ထုတ်လွှင့်မှာဖြစ်ပြီး လှိုင်းတိုမီတာ ၁၆ ၊မက်ဂါဟဇ် ၁၇ ဒသမ ၇၁ မှာ ဖမ်းယူနားဆင်နိုင်မယ် ကြေညာထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သတင်းအချက် အလက်တွေကို အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်နိုင်ဖို့အတွက် Radio NUG အစီအစဉ်ကို မကြာခင်စတင်မယ်လို့ ဒီနေ့ကြေညာပါတယ်။

ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် ပြည်သူလူထုနဲ့ အဆက် အသွယ်မပြတ်ရှိနေစေဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ လူထုကို အသိပေးနိုင်ဖို့ အထက်ပါ ရေဒီယိုအစီအစဉ်ကို လုပ်ဆောင်နေခြင်းဖြစ်တယ်လို့ NUG ရဲ့ထုတ်ပြန် ချက်မှာ ဖော်ပြပါတယ်။

Radio NUG ထုတ်လွှင့်ဖို့ ပြင်ဆင်ဆောင်ရွက်နေရာမှာ လာမယ့် ဩဂုတ် ၂၀ ရက်က စလို့ မနက် ၈ နာရီတစ်ကြိမ်နဲ့ ည ၈ နာရီတစ်ကြိမ်တို့မှာ စမ်းသပ်ထုတ်လွှင့်မှာဖြစ်ပြီး လှိုင်းတိုမီတာ ၁၆ ၊မက်ဂါဟဇ် ၁၇ ဒသမ ၇၁ မှာ ဖမ်းယူနားဆင်နိုင်မယ် ကြေညာထားပါတယ်။

နေ့စဉ် မနက် ၈ နာရီ နဲ့ ည ၈ နာရီ တိုင်းမှာ မိနစ်၃၀ စာအစီအစဉ် တစ်နေ့လျှင် နှစ်ကြိမ် ထုတ်လွင့်သွားမှာဖြစ်ပြီး 10 Band Digital Radio အမျိုးအစားများကို ဆောင်ထားကြဖို့လည်း တိုက်တွန်းပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

သမ္မတရုံး၏ မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုနှင့် ပေါင်းစပ်ညှိနှိုင်းရေး ကဏ္ဍများ၌ ပြောင်းလဲတာဝန်ယူမည်ဟု ထုတ်ပြန်

သတင်း

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်ရေးအတွက် နျူးကလီးယားနည်းပညာရရှိရန် အရှိန်မြှင့်လုပ်ဆောင်လာခြင်းသည် စိုးရိမ်ဖွယ်တွေ့ရှိရလာရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောကြားသည်။

သတင်း

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး များစွာအကျိုးသက်ရောက်စေတာကြောင့် ပြည်သူတွေရဲ့အောင်ပွဲလို့ ဖော်ပြ

သတင်း

(၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံတွင်စစ်အုပ်စု(စစ်ကောင်စီ)ကို အရေးယူရန်ဆုံးဖြတ်ချက်သည် မြန်မာပြည်သူလူထု၏ အောင်ပွဲဖြစ်​ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကယနေ့ ညတွင်ထုတ်ပြန်လိုက်သည်။