Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်အားမိုင်းဆွဲတိုက်ခိုက်ခဲ့သည့်နေရာမှကျည်များ၊ ဗုံးသီးနှင့်စစ်အသုံးအဆောင်များကို မြိုင်ပကဖ ရရှိ

မြိုင်မြို့နယ်တဲကြီးရွာနှင့် နယ်သတ်ရွာကြားတွင် ဩဂုတ် ၁၅ရက်နှင့် ၁၆ရက်က စစ်ကောင်စီတပ်များကို မြိုင် ပကဖ က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(မြိုင်မြို့နယ်ပြည်သူ့ကာကွယ်​ရေးအဖွဲ ကသိမ်းဆည်းရရှိခဲ့​သော ခဲယမ်းမီး​ကျောက်နှင့်စစ်အသုံးအ​ဆောင်ပစ္စည်းများ။ ဓါတ်ပုံ-မြိုင်ပကဖ)
(မြိုင်မြို့နယ်ပြည်သူ့ကာကွယ်​ရေးအဖွဲ ကသိမ်းဆည်းရရှိခဲ့​သော ခဲယမ်းမီး​ကျောက်နှင့်စစ်အသုံးအ​ဆောင်ပစ္စည်းများ။ ဓါတ်ပုံ-မြိုင်ပကဖ)

■နှစ်ရက်ဆက် တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်မှ ၈ ဦးသေ

မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ကစစ်ကောင်စီတပ်များကို နှစ်ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ၈ ဦးသေဆုံးခဲ့ပြီး ယင်းနေရာမှာ ကျည်ဆံ၊ ဗုံးသီးနှင့် စစ်အသုံးအဆောင် ပစ္စည်းများရရှိခဲ့ကြောင်း မြိုင်ပကဖက ယနေ့ သတင်းထုတ်ပြန်သည်။

မြိုင်မြို့နယ်တဲကြီးရွာနှင့် နယ်သတ်ရွာကြားတွင် ဩဂုတ် ၁၅ရက်နှင့် ၁၆ရက်က စစ်ကောင်စီတပ်များကို မြိုင် ပကဖ က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဩဂုတ် ၁၅ရက်က ရိက္ခာပို့လာသည့် စစ်ကောင်စီကား ၂စီးကို မိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁ဦး သေ ၃ဦး ဒဏ်ရာရခဲ့ကြောင်း ၊ ထို့ပြင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သား ၄ဦးကကြောက်လန့်ပြီးသစ်ပင်အောက်ဝင်ပုန်းခဲ့ရာ မိုင်းဖြင့် ထပ်မံ တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဦး သေဆုံးပြီး ၁ဦး ဒဏ်ရာရခဲ့ကြောင်း မြိုင်ပကဖ က ထုတ်ပြန်ထားသည်။

Public Service Announcement
Public Service Announcement

ဩဂုတ် ၁၆ရက်တွင်လည်း ဩဂုတ် ၁၅ရက်က တိုက်ခိုက်သည့် နေရာသို့ ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ်များကို မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် မြိုင် ပကဖ ၏ နှစ်ရက်ဆက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ အနည်းဆုံး ၇ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့သည်။

သို့ရာတွင် ယနေ့ မြိုင်ပကဖ ၏ ထုတ်ပြန်ချက်တွင် တိုက်ခိုက်မှုများကြောင့် သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ဦး ၏ အလောင်းနှင့် ဒဏ်ရာရသူ ၂ဦးအား စစ်ကောင်စီတပ်က ကားဖြင့် လာရောက်သယ်ဆောင်သွားသည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသမှာ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့မှုအတွင်း ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။