Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို လေးစားလိုက်နာရန် ပြင်သစ်တိုက်တွန်း

ပြင်သစ်သည် ၂၀၂၂ တွင် အရေးပေါ် စားနပ်ရိက္ခာဝေငှမှုနှင့် ရွှေ့ပြောင်းနေထိုင်သူများအတွက် သောက်သုံးရေရရှိရေးအတွက် ယူရို ၄သန်းကို သုံးစွဲရန် ကတိပြုခဲ့သည်။

ဓာတ်ပုံ - AEC
ဓာတ်ပုံ - AEC

နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကို လေးစားလိုက်နာရန် မဖြစ်မနေလိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ယနေ့ထုတ်ပြန်သည်။

ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနေ့ထုတ်ပြန်ချက်၌ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကိုလုပ်ကိုင်သည့် လုပ်သားများနှင့် အကူအညီလိုအပ်သည့်အရပ်သားများကို အကာအကွယ်ပေးရန် ဖြစ်သည့်အတွက် အထက်ပါဥအဒေကို လိုက်နာရန်လိုအပ်ကြောင်း ဖော်ပြသည်။

ပြင်သစ်သည် ၂၀၂၂ တွင် အရေးပေါ် စားနပ်ရိက္ခာဝေငှမှုနှင့် ရွှေ့ပြောင်းနေထိုင်သူများအတွက် သောက်သုံးရေရရှိရေးအတွက် ယူရို ၄သန်းကို သုံးစွဲရန် ကတိပြုခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်း တိုင်း၊ ပြည်နယ် ၆ ခုကျော်တွင် လူပေါင်း ၄၀၀,၀၀၀ ကျော်အတွက် ဆေးဝါးကုသမှု နှင့် စိတ်ပိုင်းဆိုင်ရာ ကူညီစောင့်ရှောက်မှုကိုလည်း ပေးဆောင်နိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ပဋိပက္ခကြောင့် အကူအညီလိုအပ်နေသည့်လူများထံသို့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများပေးအပ်နိုင်ရန် လွတ်လပ်စွာ အတားအဆီးမရှိ ဝင်ရောက်ကူညီခွင့်ပြုရန် အရေးကြီးကြောင်းလည်း ထုတ်ပြန်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် အကူအညီလိုအပ် နေသည့် လူပေါင်း ၁၃ သန်းကျော်ရှိနေပြီး ရွှေ့ပြောင်းဒုက္ခသည် ၁ သန်းကျော်နှင့် လူဦးရေ၏ (၄၀) ရာခိုင်နှုန်းနီးပါးသည် ဆင်းရဲနွမ်းပါးမှုမျဉ်း အောက်၌ရှိနေကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြင်သစ်နိုင်ငံမှာ ရထားတစ်စီး သံလမ်းချော်မှု ဖြစ်ပွားပြီး လူ ၄၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဆွီဒင်နဲ့ ပြင်သစ်တို့ဟာ စစ်သင်္ဘော ဝယ်ယူရေး စာချုပ်တစ်ခုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

သတင်း

ပြင်သစ်နိုင်ငံမှာ လူအုပ်ထဲ ကားနဲ့ဝင်တိုက်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် ၁ ဦးသေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရသွားပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။