Connect with us

Hi, what are you looking for?

သတင်း

အင်းစိန်လမ်းမပေါ်ချထားသည့် မင်းအောင်လှိုင်ပုံတူအရုပ်မှ ဗုံးပေါက်

စစ်ကောင်စီဝင်များက အရုပ်တွင် ဗုံးတွေ့ရှိ၍ ဖောက်ခွဲမှု ပြုလုပ်ခဲ့ကြောင်းနှင့် လူထိခိုက်မှု မရှိခဲ့​ကြောင်း အင်းစိန်မြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

ဓာတ်ပုံ - Yangon Drone
ဓာတ်ပုံ - Yangon Drone

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ အင်းစိန်လမ်းမ အောင်သိဒ္ဓိလမ်းမီးပွိုင့်တွင် ချထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပုံစံတူအရုပ်မှ ယနေ့ (သြဂုတ် ၁၉) နေ့လည်ပိုင်း၌ ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။

ယနေ့ နံနက် ၁၁ နာရီခွဲကျော်တွင် အင်းစိန်လမ်းနှင့် အောင်သိဒ္ဓိလမ်းထောင့် မီးပွိုင့်အလယ်တွင် မင်းအောင်လှိုင် ပုံတူ အရုပ်အား စစ်ဝတ်စုံဖြင့် ချထားပြီး တာယာကွင်းများ မီးရှို့၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ပြုလုပ်ခဲ့သည့်အတွက် စစ်ကောင်စီက လမ်းများပိတ်ဆို့ခဲ့သည်။

ထို့နောက်က စစ်ကောင်စီဝင်များက အရုပ်တွင် ဗုံးတွေ့ရှိ၍ ဖောက်ခွဲမှု ပြုလုပ်ခဲ့ကြောင်းနှင့် လူထိခိုက်မှု မရှိခဲ့​ကြောင်း အင်းစိန်မြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

“မနက်က လာချထားတဲ့ မအလ အရုပ်မှာ ဗုံးတွေ့လို့ ဆိုပြီး စစ်သားတွေက ဗုံးကိုဖောက်လိုက်တာပါ။ အသံအကျယ်ကြီးတော့ ကြားလိုက်ရတယ်။ သူတို့တွေ မထိဘူးလို့တော့ သိရတယ်။ သူများနိုင်ငံက ဗုံးတွေ့ရင် ရှင်းလင်းတာ၊ အခု စစ်တပ်က ဗုံးမရှင်းတတ်တော့ ဗုံးကို ဖောက်လိုက်ကြတယ် “ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆပလ (ACPLF) အဖွဲ့သည် Fear No Evil အဖွဲ့နှင့်ပူးပေါင်း၍ ၂၀၂၂ သြဂုတ် ၁၉ ရက်နံနက် ၁၁နာရီခွဲအချိန်တွင် ရန်ကုန်-အင်းစိန်လမ်းမကြီး၊ ခဝဲခြံမှတ်တိုင်နှင့် ကုလားကျောင်းမှတ်တိုင်ကြား အောင်သိဒ္ဓိလမ်း မီးပွိုင့်တွင် အကြမ်းဖက်စစ်တပ်ခေါင်းဆောင်မင်းအောင်လှိုင်ပုံစံတူ ယူနီဖောင်းဝတ်တုတ်ထိုးရုပ်ကို လာရောက် ရှင်းလင်းသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဗုံးနှစ်လုံးဖောက်ခွဲတိုက်ခိုက်ခဲ့ပါသည်ဟု ACPLF-အဆပလက အသိပေးထားသည်။

ထို့အပြင် ပစ်မှတ်ကိုသေချာစီစဥ်ထားသော်လည်း နည်းပညာအခက်အခဲဖြစ်ပေါ်လာ၍ ဆင်ထားသောဗုံးများမှာ အချိန်မီမကွဲပဲ လွဲချော်သွားမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအထိအခိုက်မရှိခဲ့ကြောင်းပြည်သူအားအသိပေးတင်ပြအပ်ပါသည်ဟု ထပ်မံဖော်ပြထားသည်။

လက်တလောတွင် အကြမ်းဖက် စစ်ကောင်စီဝင်များက အင်းစိန်လမ်းမ တစ်လျောက်နှင့် ရပ်ကွက်များအတွင်း လှည့်လည်ကာ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ယနေ့ ညနေပိုင်းတွင် စစ်ကောင်စီက အင်းစိန်လမ်းမကြီးကို ပြန်လည် ဖွင့်ပေးခဲ့သော်လည်း ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်နှင့် ဝေးရာတွင် နေပေးကြရန်လည်း Mayangone Defence & Rescue Force က ထုတ်ပြန်ထားသည်။

“ဖြစ်နိုင်ရင် မအလအရုပ်ဗုံးပေါက်တဲ့အနားမှာ နေထိုင်ကြသူများ အိမ်မှာ ခဏလောက်အေးဆေးနေပေးကြပါ။ စခတွေ ခြေရှုပ်နေလို့ပါ “ဟု Mayangone Defence & Rescue Forceက ဆိုသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

မင်းအောင်လှိုင်ရဲ့ နိုင်ငံခြားခရီးစဉ်တွေဟာ သံတမန်ရေးထိုးစစ်လို ပုံဖော်နေပေမဲ့ လက်တွေ့မှာတော့ ဘာတရားဝင်မှုမှ မရဘဲ အိမ်နီးချင်းတွေရဲ့ ကိုယ်ပိုင်အကျိုးစီးပွားနဲ့ နိုင်ငံရေးအရ ရှောင်လွှဲလိုတဲ့ လှည့်ကွက်တွေကြားက အဖော်မဲ့ခရီးတစ်ခုသာ ဖြစ်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်အရှိန်မြှင့်တင်အကောင်အထည်ဖော်နေတဲ့ ရတနာပုံနည်းပညာမြို့သစ်စီမံကိန်း ဧရိယာထဲပါနေတဲ့ဘာသာရေးဆိုင်ရာအဆောက်အဦးတွေကို အခုလ စက်တင်ဘာလ ၁၈ ရက်နောက်ဆုံးထားပြီးဖယ်ရှားပေးဖို့ ပြင်ဦးလွင်ခရိုင် မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက စာထုတ်ထားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ် မပြုဖို့၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဆီးပေးဖို့ တောင်းဆိုလာရင် သူ့ရဲ့ ခရီးစဉ် အတောအတွင်း မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ ကမ္ဘောဒီးယား အစိုးရကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှုအဖွဲ့ Fortify Rightsက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ဆောင်းပါး

ဟွန်ဆန်နှင့် မင်းအောင်လှိုင် - အတိတ်ရဲ့ အရိပ်နဲ့ အနာဂတ်ရဲ့ ရွေးချယ်မှု