Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မရမ်းကုန်းမြို့နယ် (၁)ရပ်ကွက်အုပ်ကြီးရုံးနှင့် ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရတင်အောင်မြင့်ဦး၏နေအိမ် အနီး ဖောက်ခွဲတိုက်ခိုက်

တိုက်ခိုက်မှုဖြစ်စဥ်များအရ ယမန်နေ့(သြဂုတ် ၁၆ ရက်)ည ၈နာရီ ၂၅မိနစ်ခန့်တွင် မရမ်းကုန်းမြို့နယ် အမှတ် (၁)ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံးအား ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

(ယမန်နှစ်က ဝင်ရောက်ပစ်ခတ်ခံရပြီး စစ်ကောင် စီခန့်အုပ်ချုပ်ရေး အဖွဲ့ဝင်သုံးဦးသေဆုံးခဲ့သော မရမ်းကုန်းမြို့နယ် (၁)ရပ်ကွပ် အုပ်ချုပ်ရေးမှူးရုံးအား တွေ့ရစဉ်၊ဓာတ်ပုံ - CJ)
(ယမန်နှစ်က ဝင်ရောက်ပစ်ခတ်ခံရပြီး စစ်ကောင် စီခန့်အုပ်ချုပ်ရေး အဖွဲ့ဝင်သုံးဦးသေဆုံးခဲ့သော မရမ်းကုန်းမြို့နယ် (၁)ရပ်ကွပ် အုပ်ချုပ်ရေးမှူးရုံးအား တွေ့ရစဉ်၊ဓာတ်ပုံ - CJ)

ပြန်လည်ဖွင့်လှစ်ရန်ပြင်ဆင်နေသော ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်၊အမှတ် (၁)ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံးနှင့် စစ်ကောင်စီတပ်၏ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရတင်အောင်မြင့်ဦး၏ နေအိမ်အနီးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Secret Underground Force S.U.F က ထုတ်ပြန်သည်။

တိုက်ခိုက်မှုဖြစ်စဥ်များအရ ယမန်နေ့(သြဂုတ် ၁၆ ရက်)ည ၈နာရီ ၂၅မိနစ်ခန့်တွင် မရမ်းကုန်းမြို့နယ် အမှတ် (၁)ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံးအား ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုအနက် အထိအခိုက်အပျက် အဆီးကိုမူ စုံစမ်းဆဲဖြစ်ကြောင်း အသိပေးသည်။

(ယမန်နှစ်က ဝင်ရောက်ပစ်ခတ်ခံရပြီး စစ်ကောင် စီခန့်အုပ်ချုပ်ရေး အဖွဲ့ဝင်သုံးဦးသေဆုံးခဲ့သော မရမ်းကုန်းမြို့နယ် (၁)ရပ်ကွပ် အုပ်ချုပ်ရေးမှူးရုံးအား တွေ့ရစဉ်၊ဓာတ်ပုံ - CJ)
(ယမန်နှစ်က ဝင်ရောက်ပစ်ခတ်ခံရပြီး စစ်ကောင် စီခန့်အုပ်ချုပ်ရေး အဖွဲ့ဝင်သုံးဦးသေဆုံးခဲ့သော မရမ်းကုန်းမြို့နယ် (၁)ရပ်ကွပ် အုပ်ချုပ်ရေးမှူးရုံးအား တွေ့ရစဉ်၊ဓာတ်ပုံ – CJ)

ထို့အပြင် ည ၈ နာရီ ၂၂ မိနစ်ခန့်တွင် မရမ်းကုန်း မြို့နယ် အောင်သိဒ္ဓိရိပ်သာ (၃)လမ်းရှိ စစ်ကောင် စီတပ်၏ အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရတင်အောင်မြင့်ဦး​၏ နေအိမ်အနီးတွင် သတိပေးသည့်အနေဖြင့် ဖောက်ခွဲခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ညက ပေါက်ကွဲမှုနှစ်ကြိမ်စလုံးကို အတိုင်းသား ကြားရတယ်။တစ်ခုနဲ့တစ်ခုက သိပ်မကွာဘူး။

စခ တွေဘက်ကလည်းသုံးစီးပါတဲ့ ယာဥ်တန်းနဲ့ ရောက်လာတာ တွေ့ရတယ်”ဟု မရမ်းကုန်းမြို့နယ်နေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဖောက်ခွဲတိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေး တပ်ပေါင်းစု၏အဖွဲ့ဝင်ဖြစ်သော MIU နှင့် MFF တို့နှင့်အတူ မဟာမိတ်အဖြစ် S.U.F ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိ လူထုကြား ​သောကများ​နေကြသည့် စစ်မှုထမ်းကိစ္စကို အထူးအ​လေး​ပေးပြုလုပ်​နေကြသည့် စစ်ကောင်စီအလိုတော်ရိ ဝန်ထမ်းများ၊ ​ထွေအုပ်၊ ရပ်ကွက်အုပ်ကြီးများနှင့် လက်​​ဝေခံ ထောက်တိုင်များလည်း သတိထား​နေကြရန် ရန်ကုန်ပကဖက ပြင်းထန်စွာ သတိ​ပေးသည်။

သတင်း

အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်များဖြစ်ခဲ့သည်မှာ မှန်ကန်ပြီး လူထိခိုက်မှုမရှိကြောင်း လှိုင်သာယာကင်းထောက်ချန်နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ယင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဝေဘာဂီရပ်ကွက်၊ ၆ ကွေ့နှင့် အောင်မင်္ဂလာကားဝင်းအနီးတို့တွင် စစ်ကားများဖြင့် ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံပြည်သူအချို့က ပြောသည်။

သတင်း

စစ်ကောင်စီ၏ ပစ်မှတ်များကိုလည်း ဆက်တိုက်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်သည့် နေရာများကို ဝေးဝေးမှရှောင်ကြရန်လည်း မေတ္တာရပ်ခံထားသည်။