Connect with us

Hi, what are you looking for?

သတင်း

မရမ်းကုန်းမြို့နယ် (၁)ရပ်ကွက်အုပ်ကြီးရုံးနှင့် ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရတင်အောင်မြင့်ဦး၏နေအိမ် အနီး ဖောက်ခွဲတိုက်ခိုက်

တိုက်ခိုက်မှုဖြစ်စဥ်များအရ ယမန်နေ့(သြဂုတ် ၁၆ ရက်)ည ၈နာရီ ၂၅မိနစ်ခန့်တွင် မရမ်းကုန်းမြို့နယ် အမှတ် (၁)ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံးအား ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

(ယမန်နှစ်က ဝင်ရောက်ပစ်ခတ်ခံရပြီး စစ်ကောင် စီခန့်အုပ်ချုပ်ရေး အဖွဲ့ဝင်သုံးဦးသေဆုံးခဲ့သော မရမ်းကုန်းမြို့နယ် (၁)ရပ်ကွပ် အုပ်ချုပ်ရေးမှူးရုံးအား တွေ့ရစဉ်၊ဓာတ်ပုံ - CJ)
(ယမန်နှစ်က ဝင်ရောက်ပစ်ခတ်ခံရပြီး စစ်ကောင် စီခန့်အုပ်ချုပ်ရေး အဖွဲ့ဝင်သုံးဦးသေဆုံးခဲ့သော မရမ်းကုန်းမြို့နယ် (၁)ရပ်ကွပ် အုပ်ချုပ်ရေးမှူးရုံးအား တွေ့ရစဉ်၊ဓာတ်ပုံ - CJ)

ပြန်လည်ဖွင့်လှစ်ရန်ပြင်ဆင်နေသော ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်၊အမှတ် (၁)ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံးနှင့် စစ်ကောင်စီတပ်၏ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရတင်အောင်မြင့်ဦး၏ နေအိမ်အနီးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Secret Underground Force S.U.F က ထုတ်ပြန်သည်။

တိုက်ခိုက်မှုဖြစ်စဥ်များအရ ယမန်နေ့(သြဂုတ် ၁၆ ရက်)ည ၈နာရီ ၂၅မိနစ်ခန့်တွင် မရမ်းကုန်းမြို့နယ် အမှတ် (၁)ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံးအား ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုအနက် အထိအခိုက်အပျက် အဆီးကိုမူ စုံစမ်းဆဲဖြစ်ကြောင်း အသိပေးသည်။

(ယမန်နှစ်က ဝင်ရောက်ပစ်ခတ်ခံရပြီး စစ်ကောင် စီခန့်အုပ်ချုပ်ရေး အဖွဲ့ဝင်သုံးဦးသေဆုံးခဲ့သော မရမ်းကုန်းမြို့နယ် (၁)ရပ်ကွပ် အုပ်ချုပ်ရေးမှူးရုံးအား တွေ့ရစဉ်၊ဓာတ်ပုံ - CJ)
(ယမန်နှစ်က ဝင်ရောက်ပစ်ခတ်ခံရပြီး စစ်ကောင် စီခန့်အုပ်ချုပ်ရေး အဖွဲ့ဝင်သုံးဦးသေဆုံးခဲ့သော မရမ်းကုန်းမြို့နယ် (၁)ရပ်ကွပ် အုပ်ချုပ်ရေးမှူးရုံးအား တွေ့ရစဉ်၊ဓာတ်ပုံ – CJ)

ထို့အပြင် ည ၈ နာရီ ၂၂ မိနစ်ခန့်တွင် မရမ်းကုန်း မြို့နယ် အောင်သိဒ္ဓိရိပ်သာ (၃)လမ်းရှိ စစ်ကောင် စီတပ်၏ အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရတင်အောင်မြင့်ဦး​၏ နေအိမ်အနီးတွင် သတိပေးသည့်အနေဖြင့် ဖောက်ခွဲခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ညက ပေါက်ကွဲမှုနှစ်ကြိမ်စလုံးကို အတိုင်းသား ကြားရတယ်။တစ်ခုနဲ့တစ်ခုက သိပ်မကွာဘူး။

စခ တွေဘက်ကလည်းသုံးစီးပါတဲ့ ယာဥ်တန်းနဲ့ ရောက်လာတာ တွေ့ရတယ်”ဟု မရမ်းကုန်းမြို့နယ်နေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဖောက်ခွဲတိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေး တပ်ပေါင်းစု၏အဖွဲ့ဝင်ဖြစ်သော MIU နှင့် MFF တို့နှင့်အတူ မဟာမိတ်အဖြစ် S.U.F ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ် (၁)ရပ်ကွက်က စက်ဘီးခိုးမှုကျူးလွန်သူဆိုတဲ့အမျိုးသားကိုရပ်ကွက်ရုံးကဖမ်းဆီးပြီးစစ်တပ်ထံ အပ်နှံပေးလိုက်လို့ စစ်မှုထမ်းဖို့ပါသွားတယ်လို့ ရပ်ကွက်နေသူနဲ့ ရုံးပိုင်ဆိုင် ရာနီးစပ်သူတွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် (၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ တရားမဝင်‌ရွေးကောက်ပွဲအတွက် အစည်းအဝေးပြုလုပ်နေသော အုပ်ချုပ်ရေးအဖွဲ့ကို လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြင်းအားမြင့် မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက ပြောသည်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၁၄၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား မတ်လ ၈ရက် ည ၁၀ နာရီခန့်တွင် လက်ပစ်ဗုံးသုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army(YA)အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

သတင်း

ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ချည်မျှင်နှင့်အထည်စက်ရုံ နှင့် လှိုင်သာယာမြို့မရဲစခန်းတို့ကို ဖောက်ခွဲတိုက်ခိုက်မှုလုပ်ခဲ့ကြောင်း Yangon Army(YA) မှ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။