Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း နျူကလီးယား ဓာတ်အားပေး စက်ရုံက တပ်တွေ ရုပ်သိမ်းပေးမှာ မဟုတ်ကြောင်း ရုရှားပြော

ယူကရိန်း အစိုးရကတော့ စက်ရုံပတ်ဝန်းကျင်မှာ စစ်ရေးအရ လှုပ်ရှားမှုတွေ မရှိတာ သေချာအောင် ကြားဝင် ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂဆီ တိုက်တွန်း အဆိုပြုထားပါတယ်။ ဂူတာရက်စ်က ဇာပေါ်ရစ်ဇီရာ စက်ရုံဟာ စစ်ရေး လှုပ်ရှားမှုတွေရဲ့ အစိတ်အပိုင်းတစ်ခု လုံးဝ ဖြစ်မနေသင့်ဘူးလို့ ပြောပါတယ်။

ယူကရိန်း နျူကလီးယား ဓာတ်အားပေး စက်ရုံက တပ်တွေ ရုပ်သိမ်းပေးမှာ မဟုတ်ကြောင်း ရုရှားပြော
ယူကရိန်း နျူကလီးယား ဓာတ်အားပေး စက်ရုံက တပ်တွေ ရုပ်သိမ်းပေးမှာ မဟုတ်ကြောင်း ရုရှားပြော

ယူကရိန်းရဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံတစ်ခုကနေ တပ်တွေ ပြန်ရုပ်ပေးဖို့ တောင်းဆိုမှုတွေကို ရုရှားက ငြင်းဆိုသွားခဲ့ပါတယ်။

ယူကရိန်း တောင်ပိုင်းမှာ တည်ရှိပြီး ဥရောပ တစ်တိုက်လုံးမှာ အကြီးဆုံး နျူကလီးယား ဓာတ်အားပေး စက်ရုံအဖြစ် သတ်မှတ် ခံထားရတဲ့ ဇာပေါ်ရစ်ဇီရာ စက်ရုံကို ရုရှားတပ်တွေက ထိန်းချုပ် သိမ်းပိုက်ထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း စက်ရုံ တဝိုက်မှာ လက်နက်ကြီး ကျည်ဆန်တွေ ကျရောက် ပေါက်ကွဲခဲ့ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ ရုရှားရော၊ ယူကရိန်းကပါ အပြန်အလှန် ဝေဖန် ပြစ်တင်နေကြပါတယ်။

နျူကလီးယား ဓာတ်အားပေး စက်ရုံမှာ ပေါက်ကွဲမှုတွေ ဖြစ်လာရင် ဥရောပ တစ်တိုက်လုံးအတွက် အန္တရာယ် ရှိနိုင်တဲ့ နျူကလီးယား ကပ်ဘေးမျိုး ဖြစ်လာမှာကို စိုးရိမ်နေတဲ့ အနောက်ဥရောပ နိုင်ငံတွေက ရုရှားတပ်တွေကို ဇာပေါ်ရစ်ဇီရာ တဝိုက်ကနေ ရုပ်သိမ်းပေးဖို့ တောင်းဆိုနေကြပါတယ်။

ဒါပေမဲ့ ရုရှားစစ်တပ်ကတော့ တပ်တွေ ရုပ်သိမ်းပေးလိုက်ရင် ဓာတ်အားပေး စက်ရုံရဲ့ လုံခြုံရေးက ပိုဆိုးရွားသွားလိမ့်မယ်လို့ တုံ့ပြန်ပြီး စစ်တပ်တွေ ဆက်ပြီး ဖြန့်ကျက်ထားဦးမယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်အားပေး စက်ရုံကြီးဟာ ရုရှား ထိန်းချုပ်မှုအောက်ကို မတ်လကတည်းက ရောက်ရှိနေပေမယ့် ယူကရိန်း ဝန်ထမ်းတွေက ဆက်လက် တာဝန်ယူ လည်ပတ်နေပါတယ်။ ရုရှားဟာ ယူကရိန်းကို ဖေဖော်ဝါရီ ၂၄ ရက်မှာ စတင် ကျူးကျော်ချိန် ကတည်းက နျူကလီးယား ဓာတ်အားပေး စက်ရုံ နေရာတွေကို ထိန်းချုပ်ဖို့ အားထုတ်ခဲ့ပါတယ်။

ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်ဟာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီး၊ တူရကီ သမ္မတ ရာဂျစ် တာယစ်ပ် အာဒိုဝမ်တို့နဲ့ တွေ့ဆုံပြီးတဲ့နောက် နျူကလီးယား ဓာတ်အားပေး စက်ရုံကိစ္စနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီ ဓာတ်အားပေး စက်ရုံကြီး ထိခိုက်ပျက်စီးအောင် တစ်ခုခု လုပ်လိုက်တာဟာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာနဲ့ တူတူပဲလို့ ဂူတာရက်စ်က သတိပေးခဲ့ပါတယ်။

ယူကရိန်း အစိုးရကတော့ စက်ရုံပတ်ဝန်းကျင်မှာ စစ်ရေးအရ လှုပ်ရှားမှုတွေ မရှိတာ သေချာအောင် ကြားဝင် ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂဆီ တိုက်တွန်း အဆိုပြုထားပါတယ်။ ဂူတာရက်စ်က ဇာပေါ်ရစ်ဇီရာ စက်ရုံဟာ စစ်ရေး လှုပ်ရှားမှုတွေရဲ့ အစိတ်အပိုင်းတစ်ခု လုံးဝ ဖြစ်မနေသင့်ဘူးလို့ ပြောပါတယ်။

ယူကရိန်းနဲ့ အနောက်ဥရောပ နိုင်ငံတွေက ရုရှားဟာ နျူကလီးယား ဓာတ်အားပေး စက်ရုံကြီးကို စစ်စခန်း တစ်ခုအဖြစ် ပြောင်းလဲ အသုံးချဖို့ ကြံစည်နေကြောင်း စွပ်စွဲထားကြပါတယ်။ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြန်ကြားရေး အရာရှိ အီဗန် နက်ချာယက်ဗ်ကတော့ အနောက်ဥရောပ နိုင်ငံတွေ တောင်းဆိုသလို ရုရှားက ဇာပေါ်ရစ်ဇီရာမှာ ရှိနေတဲ့ စစ်တပ်တွေ ရုပ်သိမ်းပေးလိုက်မယ်ဆိုရင် အဲဒီနေရာဟာ အခုထက်တောင် အကာအကွယ် မဲ့သွားလိမ့်မယ်လို့ တုံ့ပြန်ထားပါတယ်။

လက်နက်ကြီး ကျည်ဆန်တွေ ကျရောက်မှုကြောင့် စိုးရိမ်စရာ ဖြစ်နေပေမယ့် စက်ရုံမှာရှိတဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုတွေဟာ သံမဏိအားဖြည့် ကွန်ကရစ် အဆောက်အအုံတွေဖြစ်ပြီး အတော်ကြီး ခံနိုင်ရည် ကောင်းမွန်တယ်လို့တော့ ကျွမ်းကျင်သူတွေက အစောပိုင်းမှာ မှတ်ချက် ပေးထားဖူးကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။